
Sign up to save your podcasts
Or


Under-display ထဲမှာ selfie ကင်မရာထည့်သွင်းထားတဲ့ ကမ္ဘာ့ပထမဆုံး စီးပွားဖြစ်ဖုန်း ZTE Axon 20 5G ဆိုတဲ့အကြောင်း၊ CB Bank မှ ထုတ်ဝေထားသော prepaid, debit နဲ့ credit ကတ်ကိုင်ဆောင်ထားသူတွေကိုယ်တိုင် မိမိကတ်နဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီ သိရှိနိုင်စေဖို့ စာတိုပေးပို့ မေးမြန်းနိုင်တဲ့ Viber Application ဆိုင်ရာ အဆင့်မြင့်ဝန်ဆောင်မှု CB Bank Viber BOT ကို မိတ်ဆက်ဆိုတဲ့အကြောင်း၊ ကပ်ရောဂါကာလအတွင်း အလုပ်အကိုင် သုံးသိန်းဖန်တီးပေးခဲ့တဲ့ iOS app စီးပွားရေးအကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
လူထုစိန်ဝင်း ပညာသင်ဆု (၂၀၂၀-၂၀၂၁ ) ခုနှစ် ပညာသင်နှစ်အတွက် စတင်လျှောက်ထားနိုင်တဲ့အကြောင်း၊ Microsoft ဟာ deepfake နည်းပညာကို တိုက်ဖျက်မယ့် ကွန်ပျူတာ ပရိုဂရမ် ၂ ခုကို ပြသခဲ့ဆိုတဲ့အကြောင်း၊ Twitter အနေနဲ့ ဝန်ဆောင်မှုပေါ်က ရေပန်းစား ခေါင်းစဉ်တွေမှာ နောက်ခံ ဆက်စပ်သတင်းတွေ ထည့်သွင်းမယ့်အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
ဩစတြေးလျဈေးကွက် ပြိုင်ဆိုင်မှုနဲ့ စားသုံးသူကော်မရှင် (ACCC) ဟာ ဩစတြေးလျ သတင်းထုတ်ဝေရေးတွေက ဂျာနယ်လစ်တွေအတွက် သင့်တော်တဲ့ ငွေပေးချေမှု ညှိနှိုင်းနိုင်တဲ့ ဥပဒေကြမ်းတစ်ရပ်ကို တင်သွင်းဖို့ရှိပါတယ်။ အဲဒီ ဥပဒေကြမ်းကြောင့် Facebook နဲ့ ဩစတြေးလျ စည်းမျဉ်းထိန်းသိမ်းသူ အကြား သဘောထားကွဲလွဲမှု ရှိလာတဲ့အကြောင်း၊ ပညာရေးဝန်ကြီးဌာနနဲ့ အိန္ဒိယသံရုံးတို့အကြား စာကြည့်တိုက်ပစ္စည်းတွေနဲ့ ဆော့ဖ်ဝဲများထောက်ပံ့ရေးဆိုင်ရာ သဘောတူညီချက်လက်မှတ်ရေးထိုးပွဲကို သြဂုတ် ၃၁ ရက်က ကျင်းပပြုလုပ်ဆိုတဲ့အကြောင်း၊ Netflix ရဲ့ content တွေကို account မလိုဘဲ ကြည့်နိုင်မှာဖြစ်ပြီး အရင်တုန်းကဆိုရင် Netflix မှာ ရုပ်ရှင်တွေ ကြည့်ဖို့ အခမဲ့ အသုံးပြုခွင့် တစ်လရရှိဖို့ sign up လုပ်ရတယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Apple အတွက် Cross-platform ထောက်ပံ့မှာ မဟုတ်တဲ့ Fortnite အကြောင်း၊ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ရဲ့ ဂျပန်ဘာသာစကားဆိုင်ရာ ဗီဒီယိုတွေကို YouTube မှာကြည့်ရှုနိုင်ဆိုတဲ့အကြောင်း၊ 𝗧𝗲𝗹𝗲𝗻𝗼𝗿 𝗠𝘆𝗮𝗻𝗺𝗮𝗿 နဲ့ 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗠𝗲𝘁𝗿𝗼𝗽𝗼𝗹𝗶𝘁𝗮𝗻 𝗖𝗼𝗹𝗹𝗲𝗴𝗲 (𝗠𝗠𝗖) တို့ပူးပေါင်းစီစဉ်တဲ့ 𝗙𝘂𝗹𝗹 𝗠𝗕𝗔 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 အတွက် လျှောက်လွှာလက်ခံမယ့် ရက်ကို စက်တင်ဘာ ၁၄ ရက်အထိ တိုးမြှင့်သတ်မှတ်လိုက်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Facebook ဟာ အင်္ဂါနေ့က ဝစ်ကွန်ဆင်ပြည်နယ်၊ ကီနိုရှာမြို့အတွင်းက ဆန္ဒပြသူ ၂ ဦး ကို ပစ်ခတ်ခဲ့ရာမှာ တာဝန်ရှိတဲ့ သေနတ်သမား “Kyle Rittenhouse” အမည်ရှာဖွေမှုကို ပိတ်ပင်ထားတဲ့အကြောင်း၊ ကျောက်မျက်ရတနာ သင်တန်းကျောင်းအတွက် ပညာရေးဝန်ကြီးဌာန၊ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီ (National Curriculum Committee) အသိအမှတ်ပြု Competency Based Curriculum သင်ရိုးညွှန်းတမ်း ရေးဆွဲလိုတဲ့အတွက် Consulting Service Firm/Company များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များအားလုံးကို အဆိုပြုလွှာတင်သွင်းရန် ဖိတ်ခေါ်ထားတဲ့အကြောင်း၊ ရေသန့်ကို Mobile App မှ လွယ်ကူစွာ မှာယူနိုင်မယ့် EzyYay (အီးဇီးရေ) Mobile Application ကို မိတ်ဆက်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Facebook ဟာ feature အသစ်က တစ်ဆင့် in-app purchase အခွန် ၃၀ ရာခိုင်နှုန်း ကောက်ခံမယ့်အကြောင်း သုံးစွဲသူတွေဆီ သတင်းပေးမယ့် ကိစ္စအပေါ် Apple က တားမြစ်ထားတဲ့အကြောင်း၊ အမေရိကန်လက်လီစတိုးကုမ္ပဏီကြီး Walmart ဟာ Tiktok အမေရိကန်လုပ်ငန်းကို ဝယ်ယူဖို့ Microsoft နဲ့ပူးပေါင်းလိုက်တဲ့အကြောင်း၊ Samsung ဟာ ဩဂုတ်လ ၅ ရက်က Galaxy Unpacked ပွဲကို ပြုလုပ်ထားပေမယ့် အားရပုံ မရသေးပါဘူး။ အခုဆိုရင် Galaxy Unpacked Part 2 ကို စက်တင်ဘာလ ၁ ရက်မှာ ထပ်မံ ပြုလုပ်သွားမယ်လို့ ကြေညာလိုက်တဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Mastercard အနေနဲ့ သီးခြားရုံးခွဲ ဖွင့်လှစ်ဖို့ စတင်လုပ်ဆောင်လျက်ရှိပြီး မြန်မာနိုင်ငံအတွက် country business development manager တစ်ဦးကို ခန့်အပ်သွားမယ့်အကြောင်း၊ Amazon ဟာ ကျန်းမာရေးနဲ့ ကြံ့ခိုင်ရေး ခြေရာခံစမတ်လက်ပတ်အသစ် Halo ကို မိတ်ဆက်လိုက်တဲ့အကြောင်း၊ James Cook University Singapore ရဲ့ ၁၀၀ ရာခိုင်နှုန်း ပညာသင်ဆုတွေကို ယခင်ကဲ့သို့ ပညာသင်ဆုစာမေးပွဲတွေနဲ့ စစ်ဆေးခြင်း မပြုလုပ်တော့ဘဲ မြန်မာဆယ်တန်း/iGCSE ကျောင်းသား၊ ကျောင်းသူတွေရဲ့ အမှတ်စာရင်းကို ကြည့်ကာ ပေးအပ်သွားမယ့်အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
KMD Institute ရဲ့ အခမဲ့ တစ်ပတ်ဖြစ်သော Self-Development Program for Youth CSR Certificate သင်တန်း (Batch -2) ကို ဖွင့်လှစ်သင်ကြားပေးသွားမယ့်အကြောင်း၊ Facebook ဟာ လာမယ့်လအတွင်း iOS 14 ထွက်ရှိလာတာနဲ့ iPhone သုံးစွဲသူဆီက စွမ်းဆောင်ရည်နည်းပါးတဲ့ ကြော်ငြာတွေ ပေါ်လာနိုင်တယ်လို့ ကြော်ငြာရှင်တွေကို သတိပေးလိုက်တဲ့အကြောင်း၊ Microsoft ဟာ ဝက်ဘ်ဆိုက်အတွက် Word ထဲမှာ အသံနဲ့ transcribe လုပ်ဆောင်ချက်ကို ထည့်သွင်းလိုက်တဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Amazon ဟာ အခန်းတွင်း ဘယ်လို ပရိဘောဂတွေ ထည့်သွင်းမလဲဆိုတာ သိရှိနိုင်ဖို့ augmented reality ဈေးဝယ် tool တွေကို ဖြန့်ချိခဲ့တဲ့အကြောင်း၊ Facebook ဟာ e-commerce လုပ်ငန်းအပေါ် ရင်းနှီးထားပြီး အဓိက app အတွင်း ဈေးဝယ်နိုင်မယ့် Shop tab ကိုထည့်သွင်းမယ့်အကြောင်း၊ MPT ကနေ မိတ်ဖက်လုပ်ငန်း PUBG Mobile နဲ့ ပူးပေါင်းပြီး MPT Club အဖွဲ့ဝင်တွေနဲ့ PUBG ဂိမ်းချစ်သူတွေအတွက် ရင်ခုန် စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ “PUBG Gang” ပရိုမိုးရှင်း အစီအစဉ်ကို မိတ်ဆက်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
အစ္စရေးဟာ တယ်အဗစ်မြို့မှာ နိုင်ငံရဲ့ ပထမဆုံး ရေပေါ် ရုပ်ရှင်ရုံ စမ်းသပ်ပြသမှုကို ဩဂုတ် ၂၀ ရက်မှာ စတင်လုပ်ကိုင်ခဲ့တဲ့အကြောင်း၊ ဗြိတိသျှကောင်စီနဲ့ ဘီဘီစီတို့ ပူးတွဲပြုစုပြီး ရိုက်ကူးထုတ်လုပ်ထားတဲ့ Word on the Street လို့အမည်ပေးထားတဲ့ အင်္ဂလိပ်ဘာသာစကားသင်ကြားရေး ရုပ်မြင်သံကြားအစီအစဉ်တစ်ခုကို မြန်မာ့ပညာရေးရုပ်သံလိုင်း (Myanmar Education channel) တွင် သြဂုတ် ၂၄ ရက် မှစတင်ကာ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာ နံနက် ၁၀ နာရီခွဲမှာ ထုတ်လွှင့်ပြသမယ့်အကြောင်း၊ Google ဟာ ထုတ်ကုန်သစ် ၂ မျိုးကို FCC မှာလျှောက်ထားခဲ့ပြီး အဲဒီထဲက ထုတ်ကုန်တစ်ခုကတော့ Android TV နဲ့ဆက်စပ်တဲ့ ထုတ်ကုန်ဆိုတဲ့အကြောင်းစတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
From the publisher's feed