
Sign up to save your podcasts
Or


ရန်ကုန်တိုင်းဒေသကြီး Stay At Home ကာလအတွင်း ခွင့်ပြုလုပ်ငန်းများအနေနဲ့ လုပ်ငန်းလည်ပတ်မည်ဆိုပါက အွန်လိုင်းမှ မှတ်ပုံတင်ဖို့ လိုအပ်ဆိုတဲ့အကြောင်း၊ Facebook ဟာ အမေရိကန်သမ္မတလောင်း ရွေးကောက်ပွဲ အပါအဝင် လက်ရှိဖြစ်ရပ်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေတင်ပြီး တရုတ်နဲ့ ပတ်သက်နေတဲ့ account အတု၊ group တွေနဲ့ page ၁၈၁ ခုကို ဖြုတ်ချလိုက်တဲ့အကြောင်း၊ အထက်မြန်မာပြည်ရှိ သူနာပြုသင်တန်းကျောင်းတွေနဲ့ ပူးပေါင်းပြီး MPT အနေနဲ့ နိုင်ငံတော်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အထောက်အပံ့ပြုစေနိုင်ဖို့အတွက် ဆန်းသစ်ဆောင်ရွက်ထားတဲ့ သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး) (Off-Campus) အစီအစဉ်ကို တိုးချဲ့ ဆောင်ရွက်လိုက်တဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Google ဟာ Chrome Web Store ပေါ်က အခပေး Chrome extension တွေကို ဖျက်သိမ်းတော့မယ်လို့ ကြေညာလိုက်တဲ့အကြောင်း၊ YouTube က ဗီဒီယိုအတွက် အသက်အရွယ်ကန့်သတ်မှု ပိုမိုပြုလုပ်ဖို့ artificial intelligence နည်းပညာတစ်မျိုးကို ဖြန့်ချိလိုက်တယ်ဆိုတဲ့အကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ နေအိမ်တွင် နေထိုင်ရန် သတ်မှတ်ထားသော ကာလဖြစ်တဲ့အတွက် စက်တင်ဘာ ၂၈ ရက်တွင် ထွက်ရှိမယ့် ဂျာနယ်မှစတင်ကာ အင်တာနက်ဂျာနယ် ထုတ်ဝေခြင်းကို ခေတ္တရပ်နားထားမယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Microsoft ဟာ Android Xbox app အသစ်တစ်မျိုးကို ထုတ်လုပ်လိုက်ပါတယ်။ အဲဒီ app ကို Xbox One (Series X/S) ပိုင်ဆိုင်သူတွေက ဖုန်း ဒါမှမဟုတ် tablet နဲ့ ဂိမ်းစက်က ဂိမ်းတွေကို ကစားနိုင်မယ့်အကြောင်း၊ Prudential Myanmar ရဲ့ လူသားမှတ်ဉာဏ်တု AI နည်းပညာသုံး Pulse မိုဘိုင်းအက်ပလီကေးရှင်းကို အသုံးပြုပြီး ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို လူတိုင်း အချိန်မရွေး၊ နေရာမရွေး၊ ကလစ်တစ်ချက် နှိပ်ရုံနဲ့ ရယူနိုင်မယ့်အကြောင်း၊ အမေရိကန်အစိုးရက တရုတ် messaging နဲ့ ငွေပေးချေမှု app ဖြစ်တဲ့ WeChat ကို ပိတ်ပင်ဖို့ ကြိုးစားမှုကို တရားသူကြီးက တားဆီးလိုက်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
နှစ်စဉ်ကျင်းပတဲ့ Huawei Seeds for the Future အစီအစဉ်ကို ယခုနှစ်မှာ “Sky Seeds for the Future” အမည်နဲ့ စတုတ္ထအကြိမ်မြောက်အဖြစ် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ ကွန်ပျူတာနဲ့ နည်းပညာတက္ကသိုလ်များမှ ထူးချွန်သူ မြန်မာကျောင်းသား ၃၈ ဦးကို ရွေးချယ်ခဲ့တဲ့အကြောင်း၊ Twitter ကတော့ neural ကွန်ရက်ပေါ်က ဓာတ်ပုံ preview တွေမှာ လူမည်းမျက်နှာတွေထက် လူဖြူမျက်နှာတွေ ပိုမိုရွေးချယ်တဲ့ ပြဿနာအကြောင်း၊ သူနာပြုသားဖွားသင်တန်းကျောင်းများတွင် သင်တန်းသားများကို ယခင်နှစ်ထက် တိုးမြှင့် ခေါ်ယူသွားမယ့် အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Mastercard အနေနဲ့ ဗဟိုဘဏ်များအတွက် ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေး (CBDCs) အသုံးပြုမှုတွေကို လုပ်ဆောင်နိုင်ဖို့ တရားဝင် အွန်လိုင်းစနစ် စိစစ်ရေး ပလက်ဖောင်းကို ထုတ်လုပ်ပေးလိုက်တဲ့အကြောင်း၊ ဂျပန်ဘာသာစကားကို အွန်လိုင်းမှ တစ်ဆင့် ZOOM App အသုံးပြုကာ စက်တင်ဘာလ ၂၆ ရက်မှ စတင်ကာ သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းမှာ Basic Class နဲ့ Advance Class ဆိုပြီး နှစ်မျိုးခွဲကာ သင်ကြားပေးမယ့်အကြောင်း၊ TECNO CAMON 16 Premier သည် ကမ္ဘာ့အကြီးဆုံးနှင့် လွှမ်းမိုးမှုအကြီးမားဆုံးသော အိမ်သုံးကုန်ပစ္စည်းနှင့် အီလက်ထရောနစ် ကုန်ပစ္စည်းဆိုင်ရာ ညီလာခံတွင် “ကင်မရာနည်းပညာ တီထွင်ဆန်းသစ်မှု ရွှေတံဆိပ်ဆု” ရရှိခဲ့ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
TikTok နဲ့ Oracle ကတော့ သဘောတူညီမှုရရှိဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်။ TikTok ဟာ လစ်လပ်သွားတဲ့ စီအီးအိုရာထူးအတွက် ခန့်အပ်ဖို့လည်း စီစဉ်နေဆိုတဲ့အကြောင်း၊ အွန်လိုင်းငွေပေးချေမှု ပြုလုပ်ရာမှာ အသုံးပြုဖို့ eCommerce မှတ်ပုံတင်ထားတဲ့ Myanmar Payment Union (MPU) ကတ်ကိုင်ဆောင်သူတွေဟာ KBZPay မိုဘိုင်းပိုက်ဆံအိတ် အတွင်းကို ချက်ချင်း ငွေဖြည့်သွင်းနိုင်မယ့်အကြောင်း၊ Facebook Connect ကွန်ဖရင့်အတွင်း သီးသန့် VR ထုတ်ကုန် Oculus Quest 2 ကိုမိတ်ဆက်ခဲ့တဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Samsung Electronic ဟာ Samsung Galaxy ဖုန်းတွေနဲ့ ရိုက်ကူးပြီး 8K ရုပ်ထွက်အရည်အသွေးရှိတဲ့ ရုပ်ရှင်ကို ထုတ်လုပ်မယ်လို့ ကြေညာခဲ့တဲ့အကြောင်း၊ အရည်အသွေးရှိသောပညာရေးအတွက် အခြေခံပညာသည် အခမဲ့ဖြစ်သင့်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့် အဆင့်မြင့်ညီလာခံမှာ ပြောကြားခဲ့တဲ့အကြောင်း၊ Oracle ကုမ္ပဏီဟာ TikTok ကိုဝယ်ယူဖို့ ပိုင်ရှင် ByteDance နဲ့သဘောတူညီမှု ရရှိထားတယ်ဆိုတာကို အတည်ပြုခဲ့တဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
အူရီဒူးမြန်မာမှ ဒီဂျစ်တယ်ဒီဇိုင်းတီထွင်ဆန်းသစ်မှုပြိုင်ပွဲ APPathon ကို အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်သွားမယ့်အကြောင်း၊ Apple ရဲ့ iOS 14 နဲ့ iPadOS 14 ထွက်ရှိမယ့်ရက်နဲ့ ပတ်သက်ပြီး developer တွေ မကျေမနပ်ဖြစ်ကြဆိုတဲ့အကြောင်း၊ စက်တင်ဘာ ၂၃ ရက်မှာ Samsung ဟာ ထုတ်ကုန်သစ်တွေ ထပ်မံမိတ်ဆက်ဖို့ နောက်ထပ် Unpacked ပွဲတစ်ခုကို ပြုလုပ်မယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်များရှိ အိတ်ချိန်းတွေကို ခေတ်မီအိတ်ချိန်းစက်တွေနဲ့ ပြောင်းလဲတပ်ဆင်ဆိုတဲ့အကြောင်း၊ ရုပ်ရှင်အနုပညာ ဖန်တီးမှုတွေကို စိတ်ဝင်စားသူတွေအတွက် Filmpark Pictures ရဲ့ The Art of Storytelling, Basic Class PART-1 ကို အွန်လိုင်းကနေ ဖွင့်လှစ်မယ့်အကြောင်း၊ eCommerce ပလက်ဖောင်းဖြစ်တဲ့ SUNNY eSTORE နဲ့ Unilever တို့ ပူးပေါင်းလိုက်တယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Apple ဟာ စက်တင်ဘာ ၁၅ ရက်မှာ ပြုလုပ်ခဲ့တဲ့ virtual ပွဲမှာ ထုတ်ကုန်သစ်တွေများစွာ မိတ်ဆက်ခဲ့တဲ့အကြောင်း၊ Financial Literacy Online Learning Festival ငွေကြေးဆိုင်ရာပညာရပ်တွေအကြောင်း အွန်လိုင်းကနေ အခမဲ့သင်ယူနိုင်မယ့် သင်တန်းကို Yoma Bank နဲ့ Prudential Myanmar တို့ ပူးပေါင်းပံ့ပိုးကူညီမှုနဲ့အတူ Phandeeyar Institute ကနေ ပြုလုပ်သွားမယ့်အကြောင်း၊ ဒီနှစ်အတွင်း Facebook ဟာ ကိုယ်ပိုင်လုပ်ငန်းတွမှာ ပြန်လည်သန့်စင်နိုင်တဲ့ စွမ်းအင်ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှင့်မှု သုညဖြစ်ဖို့ အားထုတ်နေပြီး သိပ္ပံအခြေခံ သတင်းအချက်အလက်နဲ့ လူတွေကို ဆက်သွယ်ပေးဖို့ Climate Science Information Centre ကဏ္ဍကို မိတ်ဆက်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
From the publisher's feed