
Sign up to save your podcasts
Or


Facebook ဟာ ပလက်ဖောင်းပေါ်ရှိ public group တွေက ဆွေးနွေးမှုတွေကို News Feed မှာ ဖော်ပြပေးသွားမယ်လို့ ထုတ်ပြန်ခဲ့ဆိုတဲ့အကြောင်း၊ ဂျပန်နိုင်ငံရှိ တက္ကသိုလ်မှာ ဘွဲ့ကြိုတန်း ပညာသင်သူလိုသူတွေအတွက် Study in Japan Online Seminar ကို အောက်တိုဘာ ၈ ရက် နေ့လယ် ၁ နာရီ မှ ၂ နာရီခွဲအထိ Zoom Application မှတစ်ဆင့် ကျင်းပမယ်ဆိုတဲ့အကြောင်း၊ Microsoft ဟာ ကွန်ပျူတာအသစ် ၂ မျိုး မိတ်ဆက်လိုက်ပါတယ်။Surface Laptop Go ကတော့ ဈေးသက်သာပြီး ဒုတိယမျိုးဆက် Surface Pro X ကတော့ တန်ဖိုးကြီးထုတ်ကုန် ဖြစ်တယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနအနေနဲ့ မြန်မာနိုင်ငံရဲ့ e-Government လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး နိုင်ငံတစ်ဝှမ်းရှိ အစိုးရအဖွဲ့အစည်းများ အသီးသီးမှ Website၊ Application၊ Online Service အစရှိတဲ့ လုပ်ငန်းစဉ်များ အတွက် သက်သာသော ဝန်ဆောင်ခ နှုန်းထားတွေနဲ့ အစိုးရအဖွဲ့အစည်းတွေကို ဝန်ဆောင်မှုပေးသွားမယ့်အကြောင်း၊ Go Digital ASEAN စီမံကိန်းရဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုသင်တန်းကို အခမဲ့သင်ကြားနိုင်မယ်လို့သိရပါတယ်။ သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ် တို့မှ အလုပ်အကိုင်ရှာဖွေနေတဲ့ အသက် ၁၈ နှစ် မှ ၂၅ နှစ်အတွင်းရှိပြီး သင်တန်း (၃) ရက်ကို ပြီးဆုံးသည်အထိ တက်ရောက်နိုင်သူတွေ လျှောက်ထားနိုင်ဆိုတဲ့အကြောင်း၊ iPhone 12 ကတော့ မော်ဒယ် ၄ မျိုးနဲ့ ထွက်လာမယ်လို့ သိရပါတယ်။ အဲဒီသတင်းကိုတော့ Twitter က @a_rumors1111 ကဖော်ပြခဲ့ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
မတ်လနောက်ပိုင်းမှာ အမေရိကန်အတွင်းက ရှေ့တန်း ဝန်ထမ်း ၁၉,၈၁၆ ဦး COVID-19 ကူးစက်ခံထားရတယ်လို့ Amazon က ထုတ်ပြန်လိုက်တဲ့အကြောင်း၊ Pre-University 3 Days Workshop အတန်းသစ်ကို American University of Yangon ကနေ အောက်တိုဘာ ၅ ရက်မှာ ထပ်မံ ဖွင့်လှစ်သွားမယ့်အကြောင်း၊ Google ဟာ Google News Showcase ကို ထုတ်ဖော်ပြသခဲ့ပြီး ဒေါ်လာ ၁ ဘီလျံ ရင်းနှီးမြှုပ်နှံသွားမယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Google ဟာ ဒီနှစ်အတွင်း Pixel 5 စမတ်ဖုန်းအလုံးရေ တစ်သန်းအောက်ပဲ ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ သတင်းရင်းမြစ်တွေက Nikkei Asia ကိုပြောခဲ့ဆိုတဲ့အကြောင်း၊ Sky Seeds for The Future အစီအစဉ်မှာပါဝင်တဲ့ ထူးချွန်ကျောင်းသားများထဲမှ အမှတ်အများဆုံး ၁၀ ဦးကို ဆုချီးမြှင့်ခဲ့တဲ့အကြောင်း၊ ၁၀၀၀ ကျပ်နဲ့ အထက် ဖုန်းငွေဖြည့်လိုက်ရုံနဲ့ အူရီဒူးအချင်းချင်း ည ၁၁ နာရီမှ နံနက် ၇ နာရီအတွင်း ၇ ညဆက်တိုက် အခမဲ့ ဖုန်းပြောနိုင်မယ့်အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
အနာဂတ်မှာ လေကြောင်း ဆေးဘက်အကူဝန်ထမ်းတွေက ကျေးလက်လည်ပတ်သူတွေ ဒဏ်ရာရသူနဲ့ လူသူကင်းဝေးတဲ့ တောင်တန်းတွေကြားထဲ ရောက်ရှိသူတွေကို ရှာဖွေကုသဖို့ ရော့ကတ်ကို အသုံးပြုလာနိုင်ဆိုတဲ့အကြောင်း၊ မိမိတို့ မဲဆန္ဒနယ်အလိုက် ကိုယ်စားလှယ်လောင်းများကို VoteMM ဝက်ဘ်ဆိုက်မှတစ်ဆင့် ရှာဖွေနိုင်တဲ့အကြောင်း၊ Facebook ဟာ ဖိလစ်ပိုင်စစ်တပ်နဲ့ ဆက်စပ်နေတဲ့ account ကွန်ရက်ကို ဖြုတ်ချခဲ့ပါတယ်။ အဲဒီ ဖြစ်ရပ်ကြောင့် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက Facebook ကိုဝေဖန်ပြီး နိုင်ငံတွင်းမှာ ပိတ်သိမ်းပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
"ASEAN Business Awards 2020" သို့ အောက်တိုဘာ ၅ ရက် မတိုင်မီ တိုက်ရိုက် လျှောက်ထားနိုင်ဆိုတဲ့အကြောင်း၊ Google Meet မှာ အနှောင့်အယှက် ဆူညံသံတွေကို ဖယ်ထုတ်ပေးမယ့် နည်းပညာကို ဇွန်လမှာ desktop အတွက် ဖြန့်ပြီးနောက် Android နဲ့ iOS အတွက်လည်း ဖြန့်ချိလိုက်တဲ့အကြောင်း၊ ပညာကုသိုလ်အစီအစဉ်အဖြစ် Stay at home ကာလမှာ အိမ်မှာနေရင်း Fundamental of Digital Photography 1 Online Class (FDP-1) Online Class ကို အခမဲ့ လေ့လာသင်ကြားနိုင်မယ့်အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Google ဟာ PlayStore ကနေ Joker malware ကူးစက်ခံထားရတဲ့ app ၁၇ ခုကို ဖယ်ရှားလိုက်တဲ့အကြောင်း၊ တယ်လီနောမြန်မာမှ (၆) နှစ်ပြည့်အထိမ်းအမှတ် အဖြစ် မြန်မာဘာသာဖြင့် ဖန်တီးထားတဲ့ ဘေးကင်းတဲ့ အွန်လိုင်းအသုံးပြုရေးအစီအစဉ် “ဒစ်ဂျစ်တယ်ကမ္ဘာ” ကို ပလန်အင်တာနေရှင်နယ်မြန်မာနဲ့ ပူးပေါင်း မိတ်ဆက်ဆိုတဲ့အကြောင်း၊ ပြီးခဲ့တဲ့အပတ်က Samsung ဟာ Galaxy F စီးရီးဖုန်းတွေကို အမြည်းပြသခဲ့ပြီး Galaxy F41 ဖုန်းတွေကို အောက်တိုဘာ ၈ ရက်မှာ ထုတ်ဖော်မိတ်ဆက်မယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး Stay at Home ကာလ ခွင့်ပြုလုပ်ငန်းများ လည်ပတ်မည်ဆိုပါက အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်ရန် ထပ်မံ အသိပေးကြေညာဆိုတဲ့အကြောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းတွင် COVID 19 ကူးစက်ရောဂါပြန့်ပွားလျက်ရှိနေတဲ့အတွက် Myanmar Institute of Information Technology (MIIT) အနေနဲ့ ဝင်ခွင့်လျှောက်လွှာထုတ်ပေးမယ့်နေ့၊ ဝင်ခွင့်စာမေးပွဲနေ့တွေကို အတိအကျ ထုတ်ပြန်ခြင်းမရှိသေးဆိုတဲ့အကြောင်း၊ LG ဟာ တီထွင်ဆန်းသစ်မှုရှိတဲ့ ကုမ္ပဏီဖြစ်ပြီး အခြားကုမ္ပဏီတွေ ခေါက်စမတ်ဖုန်းတွေ ထုတ်လုပ်နေပေမယ့် LG Wing ကတော့ ဆုံလည်ဒီဇိုင်း အသုံးပြုထားတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း Samsung နဲ့ Huawei တို့ကိုကျော်ပြီး ကမ္ဘာ့ပထမဆုံး ခေါက်စမတ်ဖုန်း ထုတ်လုပ်ခဲ့တဲ့ တရုတ်စမတ်ဖုန်းကုမ္ပဏီ Royole က Flexpai 2 အမည်ရ မျိုးဆက်သစ်ဖုန်းကို မိတ်ဆက်ဆိုတဲ့အကြောင်း၊ အသက် ၈ နှစ်မှ ၁၈ အရွယ် ကလေးများအတွက် S.T.E.M Program with Robotics & Computer Science အွန်လိုင်းသင်တန်းကို အောက်တိုဘာ ၅ ရက်မှာ စတင်ဖွင့်လှစ်သွားမယ့်အကြောင်း၊ Samsung ဟာ ကမ္ဘာတစ်ဝန်း ကပ်ရောဂါဖြစ်ပွားနေတာကြောင့် ဈေးနှုန်းသက်သာပြီး S20 ရဲ့အဆင့်မြင့် feature တွေပါဝင်တဲ့ Galaxy S20 FE ကိုမိတ်ဆက်ခဲ့တဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Strategy First University Extension-SFUx မှ မြန်မာနိုင်ငံရှိ အမြင်အာရုံ ချို့ယွင်းနေသူတွေကို စီးပွားရေးနှင့် စီမံခန့်ခွဲမှုပညာရပ်များ သင်ကြားနိုင်ရန်ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံမျက်မမြင်များအသင်းနဲ့ ပူးပေါင်းပြီး SFUx အွန်လိုင်းသင်တန်းများကို အခမဲ့ စီစဉ်ပေးဆိုတဲ့အကြောင်း၊ App ဖန်တီးသူတွက Google နဲ့ Apple ရဲ့ App Store နဲ့ PlayStore ထိန်းချုပ်မှုတို့ကို တန်ပြန်မယ့် အဖွဲ့တစ်ခု တည်ထောင်လိုလိုက်တဲ့အကြောင်း၊ iPEACE သင်တန်းအပတ်စဉ် (၄/၂၀၂၀) အတွက် သင်တန်းလျှောက်လွှာများ လျှောက်ထားနိုင်ပြီး သင်တန်းငါးခုကို အိုင်ပေ့စ်ရန်ကုန်နဲ့ အိုင်ပေ့စ်မန္တလေးတို့မှ အွန်းလိုင်းမှတစ်ဆင့် ပူးတွဲသင်ကြားပို့ချပေးသွားမယ့်အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
From the publisher's feed