
Sign up to save your podcasts
Or


OnePlus စမတ်ဖုန်းကုမ္ပဏီ တည်ထောင်သူတစ်ဦးဖြစ်တဲ့ ကားပေဟာ ကုမ္ပဏီကနေ နုတ်ထွက်သွားတဲ့အကြောင်း၊ Myanmar Information Security Association (MiSA) မှ ဦးစီး၍ SECURING MYANMAR CYBERSPACE ခေါင်းစဉ်ဖြင့် စကားဝိုင်းကို အောက်တိုဘာ ၁၈ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်မှ နေ့လယ် ၁၂ နာရီအထိ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သွားမယ့်အကြောင်း၊ Facebook ဟာ တုပ်ကွေးကာကွယ်ဆေးဖြန့်ချိဖို့ ကျန်းမာရေးဆိုင်ရာ လှုံ့ဆော်မှုကို ပြုလုပ်မယ့်အတွက် ကာကွယ်ဆေးထိုးခြင်းကို အားမပေးတဲ့ ကြော်ငြာတွေကို ပယ်ဖျက်မယ်လို့ ထုတ်ပြန်လိုက်တဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Huawei Technologies ကုမ္ပဏီဟာ Honor စမတ်ဖုန်းလုပ်ငန်း အစိတ်အပိုင်းကို ရောင်းချဖို့ Digital China Group အပါအဝင် အခြားကုမ္ပဏီတွေနဲ့ ဆွေးနွေးနေတဲ့အကြောင်း၊ Rakuten Viber မှ အသုံးပြုသူတွေရဲ့ အရေးကြီး လုပ်ဆောင်မှုတွေနဲ့ လုပ်ဆောင်ချက် သတိပေးချက်တွေကို အဆက်မပြတ် ခြေရာခံနိုင်ဖို့ “My Notes” လုပ်ဆောင်ချက်အသစ်ကို မိတ်ဆက်လိုက်တဲ့အကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးကာ People, Process and Technology alignment for Logistics Management ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို အောက်တိုဘာ ၁၇ ရက်၊ နေ့လယ် ၁:၃၀ မှ ၃:၃၀ အထိ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သွားမယ့်အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Apple ဟာ ခေါက်စမတ်ဖုန်း မျက်နှာပြင်မှာ အသုံးပြုမယ့် အလိုအလျောက် ပြင်ဆင်တဲ့ နည်းပညာအတွက် မူပိုင်ခွင့်တင်ထားတဲ့အကြောင်း၊ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှ ငါးမွေးမြူရေး လုပ်ကိုင်သူများအတွက် အသစ်ရေးဆွဲထားသော ရွှေငါး မိုဘိုင်းဖုန်း အက်ပလီကေးရှင်းကို အွန်လိုင်းဆွေးနွေးပွဲမှတစ်ဆင့် မိတ်ဆက်လိုက်တဲ့အကြောင်း၊ မြန်မာနိုင်ငံမှ နာမည်ကျော် ဓာတ်ပုံဆရာများ ပါဝင်တဲ့ "ပညာလည်းယူ မေတ္တာဖေးကူ" ခေါင်းစဉ်နဲ့ ဓာတ်ပုံပညာသင်တန်းကို အွန်လိုင်းမှ သင်ကြားပေးသွားမယ့်အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Microsoft ဟာ Windows ပေါ်က app store အနာဂတ်အတွက် ပေါ်လစီကို ပြောင်းလဲခဲ့ပါတယ်။ Microsoft ဟာ app developer တွေအတွက် စည်းမျဉ်း ၁၀ ခုကို ဖြန့်ချိခဲ့တဲ့အကြောင်း၊ UMFCCI Training Institute မှ သင်တန်းတွေကို Zoom Application အသုံးပြုပြီး Online စနစ်နဲ့ အောက်တိုဘာ ၂၄ ရက်မှ စတင် ဖွင့်လှစ်သွားမယ့်အကြောင်း၊ Huawei လူသုံးကုန်ထုတ်ကုန်လုပ်ငန်း စီအီးအိုနဲ့ Huawei အမှုဆောင်ဒါရိုက်တာ ရစ်ချတ်ယူကတော့ Mate 40 ဖုန်းတွေကိုတော့ အောက်တိုဘာ ၂၂ ရက်၊ အလယ်ဥရောပ နေ့အချိန် ၁၄ နာရီ တိတိမှာ မိတ်ဆက်မယ်လို့ Weibo မှာတင်ခဲ့တဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
COVID-19 ကြောင့် ဖြစ်ပေါ်တဲ့ ဗိုင်းရပ်စ်ဟာ မိုဘိုင်းဖုန်း၊ စတီး၊ ဗိုင်နယ်နဲ့ ငွေစက္ကူစတဲ့ မျက်နှာပြင်တွေပေါ်မှာ ၂၈ ရက်အထိ ရှင်သန်နိုင်မယ်လို့ ဩစတြေးလျသိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့တဲ့အကြောင်း၊ Samsung မိုဘိုင်းဖုန်းနဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို KBZPay Shopper Loan မှတစ်ဆင့် အတိုးမဲ့ အရစ်ကျဖြင့် ဝယ်ယူနိုင်မယ့်အကြောင်း၊ Poco ဟာနောက်ဆုံးပေါ် စမတ်ဖုန်း Poco C3 ကိုမိတ်ဆက်လိုက်တယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ COVID-19 က ရာသီတုပ်ကွေးထက် အားပျော့ဆိုတဲ့ ပို့စ်ကို Facebook ကဖျက်လိုက်တယ်ဆိုတဲ့အကြောင်း၊ KMD နဲ့ Next LvL တို့ပူးပေါင်းကာ E-Sports Academy ဖွင့်လှစ်သွားမယ့်အကြောင်း၊ ပညာရေးအတွက် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ အရည်အသွေး မြှင့်တင်ရေးအစီအစဉ်အတွက် ဖင်လန်နိုင်ငံ အစိုးရနဲ့ ယူနက်စကိုတို့က နည်းပညာအကူအညီ၊ ဘဏ္ဍာရေး အကူအညီတို့ ပံ့ပိုးပေးခဲ့ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကတော့ ကမ္ဘာတစ်ဝန်း စိတ်ကျန်းမာရေးပြဿနာတွေကို ပိုမိုဆိုးဝါးအောင် တွန်းပို့နေတဲ့အတွက် Facebook ဟာ ကျွမ်းကျင်သူလမ်းညွှန်နဲ့ သတင်းအချက်အလက်နဲ့ စိတ်ကျန်းမာရေးရင်းမြစ်စင်တာအသစ်တစ်ခု လွှင့်တင်လိုက်ဆိုတဲ့အကြောင်း၊ အရင်းအနှီးစျေးကွက်နှင့် Stock Exchange ပိုင်းကို စိတ်ဝင်စားသူတွေအနေနဲ့ SFUx-YSX Certifcate in Understanding Capital markets သင်တန်းကို SFUx တွင် အခမဲ့ လေ့လာသင်ယူနိုင်မယ့်အကြောင်း၊ အောက်တိုဘာ ၁၂ ရက်တွင် အင်တာနက်ဂျာနယ် အတွဲ (၂၁)၊ အမှတ်(၃၂) ပြန်လည် ထွက်ရှိမယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
အောက်တိုဘာ ၁၃ ရက်မှာ ကျရောက်မယ့် နှစ် (၁၀၀) ပြည့် မြန်မာ့ရုပ်ရှင်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အွန်လိုင်းရုပ်ရှင်ပွဲတော်ကို အောက်တိုဘာ ၈ ရက် မှ ၃၁ ရက် အထိ ကျင်းပသွားမယ့်အကြောင်း၊ Facebook ဟာ အမေရိကန်ရွေးကောက်ပွဲအတွင်း မဲပေးသူတွေကို လှည့်စားမယ့် post တွေကို ဖြုတ်ချမယ်လို့ ပြောခဲ့ဆိုတဲ့အကြောင်း၊ တတိယအကြိမ်မြောက် အွန်လိုင်းသုတေသန စာတမ်းရေးနည်းသင်တန်း၊ တန်းခွဲသစ်အနေနဲ့ အောက်တိုဘာ ၁၀ ရက်မှာ ဖွင့်လှစ်မယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Apple ဟာ စက်တင်ဘာလ “Time Flies” ပွဲမှာ Apple Watch နဲ့ iPad မော်ဒယ်တွေကို မိတ်ဆက်သွားပါတယ်။ အခုအခါမှာတော့ Apple က “Hi, Speed” အမည်ရ iPhone သစ်မိတ်ဆက်မယ့်ပွဲ ထပ်မံပြုလုပ်မယ့်အကြောင်း၊ Amazon ရဲ့ဆိုလာစနစ်က နှစ်စဉ် မီဂါဝပ်နာရီပေါင်း ၂,၇၀၀ ဝန်းကျင် ဒါမှဟုတ် ၄.၈၃ မီဂါဝပ်ပမာဏ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ပေးပါတယ်။ အဲဒီပမာဏက တစ်နှစ်တိတိ အိမ်ပေါင်း ၇၀၀ ကို စွမ်းအင်ပေးဖို့ လုံလောက်ဆိုတဲ့အကြောင်း၊ ၂၀၂၁-၂၂ ပညာသင်နှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ ပညာသင်ယူနိုင်မယ့် Community Solutions Program ပညာတော်သင် အစီအစဉ်ကို လျှောက်ထားနိုင်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
သမ္မဒေါ်နယ်ထရမ့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါ လူတချို့ကတော့ twitter ပေါ်မှာ ကျိန်ဆဲခဲ့ကြပါတယ်။ Twitter အနေနဲ့ ပလက်ဖောင်းပေါ်မှာ သမ္မတဒေါ်နယ်ထရမ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေပါစေလို့ ကျိန်ဆဲတဲ့ tweet တွေကို ဖယ်ရှားမယ်ဆိုတဲ့အကြောင်း၊ အမေရိကန်အင်္ဂလိပ်စာသင်ခန်းစာ Teacher Development Series 9 အစီအစဉ်ကို ဆရာ၊ ဆရာမများ တက်ရောက်ဖို့ အမေရိကန်သံရုံးက ဖိတ်ခေါ်ထားတဲ့အကြောင်း၊ Zeiss ဟာ လွန်ခဲ့တဲ့၂ နှစ်က မိတ်ဆက်ခဲ့တဲ့ ZX1 ကင်မရာကို မကြာခင် ရောင်းချပါတော့မယ်။ အဲဒီ ကင်မရာကို ဒေါ်လာ ၆,၀၀၀ နဲ့ ကြိုတင်မှာယူနိုင်မယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
From the publisher's feed