
Sign up to save your podcasts
Or


ဒီလနှောင်းပိုင်းအတွင်း Nokia 7.3 ဖုန်းထွက်ရှိမယ်လို့ သတင်းအချက်အလက်ဖော်ထုတ်သူ တစ်ဦးက ပြောကြားသွားပါတယ်။ ဒီလအတွင်း ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Nokia 9.3 flagship ကတော့ မထွက်သေးဘူးဆိုတဲ့အကြောင်း၊ Myanmar Private Equity & Venture Capital Association ကနေ အွန်လိုင်းငွေပေးချေမှုနဲ့ eCommerce အကြောင်းတွေ ဆွေးနွေးမယ့် အွန်လိုင်းဆွေးနွေးပွဲတစ်ခုကို စက်တင်ဘာ ၁၇ ရက်၊ နံနက် ၁၀ နာရီမှ ၁၁ နာရီအထိ via Zoom ကနေတစ်ဆင့် ပြုလုပ်သွားမယ်အကြောင်း၊ အိအုချိပညာတော်သင်ထောက်ပံ့ကြေးအတွက် လျှောက်လွှာတွေကို စက်တင်ဘာ ၁၉ ရက် မှ စက်တင်ဘာ ၃၀ ရက်အထိ လျှောက်ထားနိုင်မယ့်အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Google ဟာ Android ဖုန်းတွေအတွက် လုပ်ဆောင်ချက် အသစ်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ feature က လုပ်ငန်းတွေက ဈေးဝယ်သူဆီ ဆက်သွယ်တဲ့အခါမှာ အမှတ်တံဆိပ်နာမည်နဲ့ ဖုန်းခေါ်ဆိုတဲ့ အကြောင်းပြချက်ကိုလည်း ပြသပေးမယ်ဆိုတဲ့အကြောင်း၊ ဗြိတိသျှကောင်စီရဲ့ Middleton Hall အင်္ဂလိပ်စာသင်ကြားရေး ရေဒီယိုအစီအစဉ်ကို စက်တင်ဘာ ၁၃ ရက် မှစတင်ကာ Mandalay FM မှာနားဆင်နိုင်ဆိုတဲ့အကြောင်း၊ LG ရဲ့ ဒီဇိုင်းသစ် Wing ဖုန်းဟာ အောက်တိုဘာ ၅ ရက်မှာ ထွက်ရှိမယ်ဆိုတဲ့ အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Xiaomi ရဲ့ Mi Health app ဗားရှင်း 2.7.4 ဟာ ဖုန်းကင်မရာကို အသုံးပြုပြီး နှလုံးခုန်နှုန်း တိုင်းတာပေးမယ်လို့ XDA-Developers က ဖော်ပြခဲ့တဲ့အကြောင်း၊ ဗြိတိသျှကောင်စီမှ Teaching Young Learners Online ခေါင်းစဉ်နဲ့ အခမဲ့ အွန်လိုင်းသင်တန်းကို တက်ရောက်နိုင်မယ်ဆိုတဲ့အကြောင်း၊ Motorola က အသစ်ထပ်မံမိတ်ဆက်လိုက်တဲ့ ဒုတိယမျိုးဆက် Razr အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
ကြိုတင်မှတ်ပုံတင်ထားတဲ့ ဆင်းမ်ကတ်တွေဟာ ပိတ်သိမ်းခံရမယ့် ဆင်းမ်ကတ်တွေ ဖြစ်တယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ကြေညာဆိုတဲ့အကြောင်း၊ တောင်သူလယ်သမားတွေအနေနဲ့ စိုက်ပျိုးစရိတ် ချေးငွေတွေကို ဒီဂျစ်တယ်စနစ်နဲ့ ချေးငွေရယူနိုင်ရေးတွင် ထောက်ပံ့ကူညီပေးနိုင်ရန် ရည်ရွယ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB) နဲ့ MPT Money လက်တွဲကာ ဆောင်ရွက်ဆိုတဲ့အကြောင်း၊ Apple ဝန်ဆောင်မှုအားလုံးကို အသုံးပြုနိုင်မယ့် Apple One အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
၂၁ ကြိမ်မြောက်ကျင်းပမယ့် ဂျပန်စကားပြောပြိုင်ပွဲကို အွန်လိုင်းကနေ ကျင်းပသွားမယ့်အကြောင်း၊ အွန်လိုင်းပေါ်ကနေ အလုပ်လုပ်လို့ရတဲ့ အလွတ်တမ်းပညာရှင်တွေနဲ့ ချိတ်ဆက်ပေးတဲ့ ချိတ်ဆက်ကနေ ဝန်ဆောင်မှုအသစ် ဖြစ်တဲ့ ချိတ်ဆက် bot ကို မိတ်ဆက်ဆိုတဲ့အကြောင်း၊ Huawei အတွက် ချစ်ပ်ရောင်းချပေးမှာ မဟုတ်တဲ့ Samsung အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Microsoft ဟာ Chromebook နဲ့ iPad တွေကို ယှဉ်ပြိုင်နိုင်ဖို့ ဈေးသက်သာတဲ့ Surface laptop ကို ဖန်တီးနေတဲ့အကြောင်း၊ စားသုံးသူရေးရာ ဦးစီးဌာနအနေနဲ့ Digital Online စနစ်နဲ့ ငွေကြေးဝန်ဆောင်မှု ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး စားသုံးသူပြည်သူများ နစ်နာမှုမရှိစေရေးအတွက် Digital Online စနစ်နဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ကိုင်သူများ လိုက်နာရမယ့် လုပ်ငန်းစဉ်တွေကို အသိပေးထုတ်ပြန်လိုက်တယ်ဆိုတဲ့အကြောင်း၊ JOOX မှ စိတ်ဝင်စားဖွယ် ဆုလက်ဆောင်တွေ ကံစမ်းရရှိနိုင်မယ့် အစီအစဉ်ကို စတင်ပြုလုပ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
၂၀၁၈-၂၀၁၉ ပညာသင်နှစ်နဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တို့မှာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့တဲ့ အကျဉ်းသား ကျောင်းသား၊ ကျောင်းသူများအနက်မှ ၅၅ ဦးဟာ လွတ်ငြိမ်းသက်သာခွင့်နဲ့ စက်တင်ဘာ ၅ ရက်နံနက်ပိုင်းက ပြန်လည် လွတ်မြောက်ခဲ့တဲ့အကြောင်း၊ Omdia ရဲ့ သုတေသနတစ်ခုအရ ၂၀၂၀ နှစ်ဝက်အတွင်း တင်ပို့ရောင်းချမှု အများဆုံးစမတ်ဖုန်းက iPhone 11 ဖြစ်တယ်ဆိုတဲ့အကြောင်း၊ Samsung ဟာ Life Unstoppable အမည်ရ အွန်လိုင်းပွဲမှာ Galaxy A42 5G ဆိုတဲ့ ဈေးသက်သာတဲ့ 5G ဖုန်းအပြင် ထုတ်ကုန်များစွာ အားသွင်းနိုင်တဲ့ ကြိုးမဲ့ charger စနစ်အပြင် Galaxy Tab A7 အမည်ရ Android tablet ကို ပြသခဲ့တဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများအတွက် စီးပွားရေးပညာ Business Management ဘာသာရပ်ကို တက်ရောက်လိုပါက ဂုဏ်ထူးပေါ်မူတည်ကာ ပညာသင်ဆုချီးမြှင့် မယ့် Gusto University အကြောင်း၊ Microsoft က အသစ်ဖြန့်ချိမယ့် Xbox Series S ဂိမ်းစက် ဓာတ်ပုံကို Thurrott ဝက်ဘ်ဆိုက်မှာ YouTuber နဲ့ သတင်းထောက်ဖြစ်သူ ဘရတ်ဆမ်က ထုတ်ဖော်လိုက်တဲ့အကြောင်း၊ Apple ဟာ အခုတစ်ပတ်အတွင်း iPhone 12 မိတ်ဆက်ပွဲ ပြုလုပ်မယ့်ရက်ကို ကြေညာမယ်လို့ Bloomberg ရဲ့ မာ့ခ်ကာမန်က ထုတ်ဖော်ပြောဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Acer ဟာ မကြာသေးခင်က မိတ်ဆက်ထားတဲ့ Qualcomm Snapdragon 8cx Gen 2 ပရိုဆက်ဆာအသုံးပြုထားတဲ့ Spin 7 laptop ကိုထုတ်ပြသလိုက်ဆိုတဲ့အကြောင်း၊ Huawei ဟာ Enjoy 20 Plus 5G နဲ့ Enjoy 20 အမည်ရ အလယ်အလတ်တန်းစားဖုန်းတွေကို မိတ်ဆက်လိုက်တဲ့အကြောင်း၊ တောင်သူလယ်သမားများအတွက် မိုဘိုင်းနည်းပညာကို အသုံးပြုပြီး အသိပညာဖြန့်ဝေပေးနိုင်ရန် လိုအပ်သည့် အိုင်တီပစ္စည်းများကို ပံ့ပိုးပေးအပ်ခဲ့တဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Innovative Robot Project Competition ပြိုင်ပွဲကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးကာ နိုဝင်ဘာ ၁၄ ရက်၊ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ MICT Park ရှိ conference hall မှာ ကျင်းပသွားမယ်ဆိုတဲ့အကြောင်း၊ IFA 2020 ပွဲမှာ TCL က tablet အသစ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် စမတ်နာရီတစ်မျိုးကို မိတ်ဆက်ဆိုတဲ့အကြောင်း၊ Postpaid Service နဲ့ FTTH သုံးစွဲသူများ အားလုံး ပိုမိုအဆင်ပြေ လွယ်ကူစွာနဲ့ ငွေပေးချေမှုများကို အချိန်မီ ပေးသွင်းနိုင်ဖို့အတွက် ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှု အသစ်တစ်ခုကို MPT မိတ်ဆက်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
From the publisher's feed