ဦးငြိမ်းဝေရဲ့ အတွေ့ကြုံများထဲက တစ်ခုဖြစ်တဲ့ တောတောင် အတွင်း ဖြတ်သန်းမှုများက စိတ်ထိခိုက်စရာ ၊ မှင်သက်အံ့သြစရာ ကောင်းလှပါတယ်။ ၅ နှစ်အရွယ် ကရင်ကလေးငယ်နှင့်အတူ စစ်ပြေးကြရင် အဖေနဲ့ဝေးရတဲ့ ကရင်ကလေးငယ် ၊ တစ်ဦးတည်းသော သားငယ်ကို ထားခဲ့ရတဲ့ ကဗျာဆရာငြိမ်းဝေတို့ရဲ့ အဖြစ်အပျက် မှတ်ဥာဏ် တစ်ပိုင်းတစ်စ ကို မွန်ဂိုလီယား ကဗျာဆရာ ရဲ့ " စစ်ပွဲ" ဆိုတဲ့ ကဗျာနဲ့ ခံစား ဝေမျှထားပါတယ်။ နားဆင်ကြပါအုံးဗျာ။