"Memories of a Poet" by Nyein Wai

"Memories of a Poet" by Nyein Wai

By BurmaPodcastNetworkArts
Download on the App Store

"Memories of a Poet" by Nyein Wai episodes

  • လရောင်ကို မျက်ရည်နဲ့ ဝယ်ရတဲ့ "အဝယ်တော်ဘဝတွေ"

    ကရင်တိုင်းရင်းသားတွေ ကြက်ငှက်တွေလို ပုန်းနေကြရတဲ့ ဘဝတွေကြား ကိုငြိမ်းဝေရဲ့ အမှတ်တရတစ်ခု။ ဒုံသမိချောင်း‌ဘေး တောင်ရိုးထိပ်က လမင်းကြီးနဲ့ ကဗျာဆရာလှိုင်းထက်ရဲ့ အဝယ်တော်ကဗျာကို ဆက်စပ်ထားပါတယ်။ ဝင်စားနားဆင်နိုင်ကြပါစေ။

    (စာကြွင်း)

    အခုက ၂၀၂၆ ခုနှစ်နှောင်းပိုင်းဖြစ်နေပြီဆိုတော့ ၂၀၂၁ ကနေ စတွက်ရင် စစ်အာဏာသိမ်းမှု တစ်ဝက်ကျိုးကာလ ၂၀၂၃ မှာ ကဗျာဆရာငြိမ်းဝေ ဘာပြောခဲ့လဲ? အခု ၃ နှစ်ကြာကာလမှာ ဘာတွေကွာခြားသွားပြီလဲဆိုတာ အတွေးပွားနိုင်ကြဖို့ ကဗျာဆရာ (ဦး) "ငြိမ်းဝေ" ရဲ့ ပေါ့ဒ်ကတ်စ်ကို နားဆင်ကြည့်ပါ။

    6 min
  • ဇောချွေး

    ရေးသူပြောသူ မျှဝေယူကြတဲ့ ကဗျာလောကသဘောကို "ဇောချွေး" ဆိုတဲ့ ကဗျာနဲ့ ရှာဖွေတင်ပြထားတာမို့ သောတရှင်များ နားဆင်မှတ်သားနိုင်ပါတယ်။

    5 min
  • ခိုင်မာကျော်ဇော်ရဲ့ "ခြေရာပျောက်"

    ကဗျာဆရာတွေဟာ ကဗျာ့နည်းပရိယာယ်၊ ကဗျာ့အတတ်ပညာနဲ့ အဖိနှိပ်ခံဘဝတွေကို သက်သေခံပြီး မှတ်တမ်းတင်ကြပါတယ်။ ကဗျာဆရာငြိမ်းဝေ(ကဗျာ့အိုးဝေ)ဟာလည်း သက်ရှိသက်သေတစ်ဦးဖြစ်တယ်ဆိုတာ ဒီအပိုင်းမှာ အထင်းသားတွေ့ရမှာပါ။

    5 min
  • Chelian Pablo Neruda

    Noble ဆုရခဲ့သူ မြန်မာပြည်နဲ့ အလွန်နီးစပ်သူ၊ ကမ္ဘာငြိမ်းချမ်းရေး အကျိုးရှေးရှုတစ်ဦးရဲ့ ဘဝနဲ့ကဗျာများကို ကဗျာဆရာ၏ မှတ်ဉာဏ်များမှ တင်ဆက်လိုက်ရပါတယ်။ 

    5 min
  • အမည်မဲ့ကဗျာ

    ရုရှားပြည်သူတွေကို ဖိနှိပ်တဲ့ ရုရှားအာဏာရှင်ကြီးကို လက်နက်မဲ့ ကဗျာဆရာတစ်ယောက်က လက်နက်မဲ့ကဗျာတစ်ပုဒ်နဲ့ အသေခံတိုက်ခိုက်ခဲ့တဲ့ ကဗျာဆရာ အိုစစ် မင်ဒယ်လ်စတန်းရဲ့ ကဗျာတစ်ပုဒ်ကို ရွတ်ဖတ်လိုက်ပါတယ်။ ကဗျာချပ်ဝပ်နဲ့အသေခံ ကာကွယ်သွားရအောင် ဒါကဘယ်လိုကဗျာမျိုးပါလဲ။

    7 min
  • သူငိုရင်တကမ္ဘာလုံးလှုပ်တယ်

    ကစဥ့်ကလျားအခြေအနေကြားက မိသားစုကဗျာတစ်ပုဒ်ကို နားဆင်ကြရမှာပါ။ ကဗျာဆရာယောဟန်အောင်ဟာ "သူငိုရင်တကမ္ဘာလုံးလှုပ်တယ်" ဆိုတဲ့ကဗျာနဲ့ ငြိမ်းဝေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒီအပိုင်းဟာ ဒီကဗျာကို ဂုဏ်တင်တဲ့ အပိုင်းပါပဲ။

    7 min
  • ဆံပင်ရှည်ရှည် စွန့်စားခန်းများ

    ငြိမ်းဝေရှာဖွေထားတဲ့ ကဗျာဆရာမိုဃ်းဇော်ရဲ့ နောက်ထပ်ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။ ကြပ်တည်းလှတဲ့ ဘဝအခြေအနေတွေကို ကဗျာအပေါ်မှာ အရှင်းလင်းဆုံး မြင်တွေ့ခံစားရမှာပါ။

    5 min
  • ဟိုက္ကူမယ်မိုရီ

    ကဗျာဒဿနဆိုတာ သဘာဝကို အခြေခံတယ်လို့ ဆိုရမှာပါ။ သစ်ရွက်တစ်ရွက်ကြွေတာကို လူတစ်ယောက်က မရေမတွက်နိုင်တဲ့ ခံစားချက်တွေနဲ့ ကွဲပြားတွေ့ရှိနိုင်တာကို နားဆင်ကြရမှာပါ။

    6 min
  • လိပ်ပြာမသန့်တဲ့စိတ်

    ဆိုးမွေဟာ မျိုးဆက်များစွာတိုင်ခဲ့ပါပြီ။ မပြတ်သေးသမျှ အဖြစ်အပျက်တွေ တူနေဦးမှာပဲ။ ရှေ့မျိုးဆက်ကငြိမ်းဝေဟာ ခေတ်အဖြစ်အပျက်ချင်းတူနေတဲ့ အကြောင်းအရာတွေကို လူငယ်ကဗျာဆရာတစ်ယောက်ရဲ့ကဗျာနဲ့ ကိုးကားတင်ဆက်လိုက်ပါတယ်။

    7 min

About "Memories of a Poet" by Nyein Wai

From the publisher's feed

နှစ်‌ပေါင်းများစွာ မြန်မာနိုင်ငံ၏ အတက်အကျ အစုန်အဆန် ခရီးရှည်ကြီးမှာ ပါဝင် ဖြတ်သန်းခဲ့သူတွေများစွာထဲမှာ တော်လှန်သော မြန်မာနိုင်ငံဖွား ကဗျာဆရာ တစ်ဦးဖြစ်တဲ့ ဦးငြိမ်းဝေ ဟာလည်းတစ်ဦး အပါဝင်ဖြစ်ပါတယ်။…