"Memories of a Poet" by Nyein Wai

"Memories of a Poet" by Nyein Wai

By BurmaPodcastNetworkArts
Download on the App Store

"Memories of a Poet" by Nyein Wai episodes

  • ကဗျာဆရာကြီးတင်မိုး၏ "ခွပ်ဒေါင်းခင်းတဲ့လမ်း"

    အမယ်ဘုတ်သူ့ချည်ခင်လူ့အဖွဲ့အစည်းနဲ့ အင်တာနက်ခေတ်ရဲ့ ရှုပ်ထွေးမှုတွေကြား ပန်းတိုင်မပျောက်လျှောက်လှမ်းဖို့ ကဗျာဆရာကြီးတင်မိုးရဲ့ကဗျာက မီးမောင်းထိုးပြ သံဝေဂရစေမှာ ဖြစ်ပါတယ်။

    5 min
  • ကဗျာဆရာ ကွန်စစ်ကောင်း၏ "ကမ္ဘာကြီးဟာပျက်နေတာကြာပေါ့"

    ချစ်ခင်လေးစားရပါသော ပရိတ်သတ်များခင်ဗျာ လို့ အစချီတဲ့ ဆရာငြိမ်းဝေရဲ့ အသံတင်ဆက်မှုများဟာ အခုဆို အပိုင်း ၁၁ ကိုရောက်လာခဲ့ပါပြီ။ နားဆင်ကြပါဦးခင်ဗျာ။


    7 min
  • "မိုးပြိုည" ကဗျာ

    လေတိုးခံရတဲ့ ကြိုးတစ်ချောင်းနဲ့တူတဲ့ သောင်ရင်းမြစ်ဟာ ခေတ်အဆက်ဆက် မြန်မာပြည်က တော်လှန်လူငယ်တွေရဲ့ မှတ်စုစာအုပ်ငယ်လေးတွေထဲ ကဗျာဘယ်နပုဒ်များ ပေါ်ပေါက်စေခဲ့ပြီလဲ။

    6 min
  • သူပုန်ဖြူ "လာမယ့်နွေဦးဟာငါတို့အောင်ပွဲ"

    ရက္ခိုင့်တပ်မတော် ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်ဟာ "သူပုန်ဖြူ"ပါပဲ။ ကဗျာဆိုတာ ရင်ခုန်သံပါပဲလို့ ဆရာကြီး ဒဂုန်တာရာက ပြောခဲ့သလို သူပုန်ဖြူရဲ့ တော်လှန်သော ရင်ခုန်သံဟာ ငြိမ်းဝေကို လာငြိတယ်၊ မြန်မာပြည်သူတွေကို သွားငြိတယ်၊ ခင်ဗျားတို့ ကျွန်တော်တို့လူငယ်တွေကိုလည်း လာငြိခဲ့ပါတယ်။

    နားဆင်ကြပါဦးဗျာ။

    5 min
  • မွန်ဂိုကဗျာဆရာ ချိုအီဇင်စူရီ "စစ်ပွဲ"

    ဦးငြိမ်းဝေရဲ့ အတွေ့ကြုံများထဲက တစ်ခုဖြစ်တဲ့ တောတောင်အတွင်း ဖြတ်သန်းမှုများက စိတ်ထိခိုက်စရာ၊ မှင်သက်အံ့သြစရာ ကောင်းလှပါတယ်။ ၅ နှစ်အရွယ် ကရင်ကလေးငယ်နှင့်အတူ စစ်ပြေးကြရင်း အဖေနဲ့ဝေးရတဲ့ ကရင်ကလေးငယ်၊ တစ်ဦးတည်းသော သားငယ်ကို ထားခဲ့ရတဲ့ ကဗျာဆရာငြိမ်းဝေတို့ရဲ့ အဖြစ်အပျက် မှတ်ဉာဏ် တစ်ပိုင်းတစ်စကို မွန်ဂိုလီယား ကဗျာဆရာ ရဲ့ "စစ်ပွဲ" ဆိုတဲ့ ကဗျာနဲ့ ခံစား ဝေမျှထားပါတယ်။ နားဆင်ကြပါဦးဗျာ။

    6 min
  • မောင်ချောနွယ်၏ "ပင်မှည့်တေး"

    ကဗျာဆရာ ငြိမ်းဝေဟာ မြန်မာပြည်ဖွား ခေတ်ပေါ် ကဗျာ လမ်းသစ်ဖောက်ခဲ့သူ ကဗျာစွန့်ဦးဆရာတစ်ဦးဖြစ်တဲ့ မောင်ချောနွယ်ရဲ့ ကဗျာ " ပင်မှည့်တေး" ကို ခံစားတင်ဆက်ထားပါတယ်။ ခေတ်တစ်ခုကို အတူဖြတ်သန်းခဲ့ကြတဲ့ ကဗျာဆရာတစ်ဦးက တစ်ဦးအပေါ် ဂုဏ်ပြုခံစားတင်ဆက်ထားခြင်းဟာ ချစ်စဖွယ်ပါပဲ။ နားဆင်သူတွေအတွက် ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ်ကို ခွဲခြားနိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။

    သောတဆင်ကြပါဦးခင်ဗျာ။


    5 min
  • ဝင်းလတ် "မျက်လှည့်ဆရာကြီးရဲ့မယား"

    ဗိုလ်နေဝင်း စစ်အစိုးရ လက်ထက်မှာ ကဗျာဆရာတွေဟာ ဘယ်အခန်းကဏ္ဍကနေပြီး ပြည်သူ့ဖက်က ရပ်နေကြသလဲ။ အာဏာရှင်ရဲ့ စိစစ်ရေးအမှောင်ခန်းကို ပရိယာယ်ဝင်္ကဝုတ်နဲ့ ဘယ်လိုကျော်ဖြတ်ခဲ့လည်း ဆိုတာ သက်သေပြခဲ့တဲ့ ပထမဆုံးကဗျာတစ်ပုဒ်အကြောင်းကို တင်ဆက်ထားပါတယ်။

    7 min
  • မင်ချူးရာ "နယ်စပ်ကိုဖြတ်ကျော်၍"

    ကဗျာဆရာ ငြိမ်းဝေဟာ လွန်ခဲ့သော နှစ် ၃၀ က သူကြုံဆုံခဲ့ရသော စစ်ဒဏ်သင့် ကရင်ပြည်နယ် ကြုံစိန်ရွာမှ ငယ်ရွယ်စွာ အသက်ဆုံးပါးခဲ့ရသော ကရင် သူနာပြုဆရာမလေး နော်ဖောကေ နဲ့ ဘဝနောက်ခံတူ နိုဘယ်ဆုရ စစ်ပြေးကဗျာဆရာမ မင်ချူးရာရဲ့ " နယ်စပ်ကိုဖြတ်ကျော်၍" ဆိုတဲ့ ကဗျာကို ရွတ်ဆိုဝေမျှ ဖြစ်ခဲ့ပါတယ်။ နားဆင်ခံစားကြပါအုံးခင်ဗျာ။


    5 min

About "Memories of a Poet" by Nyein Wai

From the publisher's feed

နှစ်‌ပေါင်းများစွာ မြန်မာနိုင်ငံ၏ အတက်အကျ အစုန်အဆန် ခရီးရှည်ကြီးမှာ ပါဝင် ဖြတ်သန်းခဲ့သူတွေများစွာထဲမှာ တော်လှန်သော မြန်မာနိုင်ငံဖွား ကဗျာဆရာ တစ်ဦးဖြစ်တဲ့ ဦးငြိမ်းဝေ ဟာလည်းတစ်ဦး အပါဝင်ဖြစ်ပါတယ်။…