ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းနှင့် NUG နိုင်ငံခြားရေး ဒုဝန်ကြီးတို့ အွန်လိုင်းမှတွေ့ဆုံဆွေးနွေးခဲ့တဲ့ သတင်း နဲ့အတူ
ကလေးမြို့နယ်အတွင်းက လုပ်ငန်းရှင်တွေ အခွန်ဆောင်ကြဖို့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က အသိပေးထုတ်ပြန်ထားတဲ့သတင်းတွေအပါအဝင်
နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ ရုရှားကအဓမ္မခေါ်ဆောင်သွားတဲ့ကလေးတွေအတွက် ရှီကျင့်ဖျင်ကိုအကူအညီတောင်းခဲ့ကြောင်း ဇယ်လန်စကီးပြောလိုက်တဲ့အကြောင်းတွေပါဝင်တဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ ဒီနေ့အတွက် စီးပွားရေးသတင်းတွေနဲ့ ငွေဈေးနှုးန်းတွေကို နားဆင်ကြရမှာပါ။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Editorial’s Talk အစီအစဉ်ကိုလည်း တင်ဆက်သွားဖို့ရှိပါတယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
...................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။
အစီအစဉ်များကို Internet Podcast များတွင်လည်း နားဆင်နိုင်ပါသည်။
https://tinyurl.com/chdm5d3e
https://anchor.fm/mizzima108fm
https://radiopublic.com/mizzima-108fm-693aa1
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
https://podcasts.apple.com/.../mizzima-108fm/id1581394789