ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
လေးလအတွင်း စစ်ကောင်စီ တပ်စခန်း ၇၀ ကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ NUG က ထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ
မြန်မာ့အရေး အဓိကကျတဲ့ အစုအဖွဲ့တွေကြားက အမြင်ကွာဟချက်တွေကို ဆက်စပ်ပေးဖို့ကြိုးပမ်းနေတယ်လို့အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကပြောဆိုလိုက်တဲ့ သတင်းအပါအဝင်
နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရပါမယ်။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။
သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။
ဒါ့အပြင် စစ်ကောင်စီကျူးလွန်ခဲ့တဲ့ပဇီကြီးစစ်ရာဇဝတ်မှုအကြောင်း သတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာဦးစိန်ဝင်းနဲ့ ကိုနောင်နောင်တို့ ဆွေးနွေးတင်ဆက်ထားတဲ့အစီအစဉ်ကို နားဆင်ရမှာပါ။ ....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။
အစီအစဉ်များကို Internet Podcast များတွင်လည်း နားဆင်နိုင်ပါသည်။
https://tinyurl.com/chdm5d3e
https://anchor.fm/mizzima108fm
https://radiopublic.com/mizzima-108fm-693aa1
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
https://podcasts.apple.com/.../mizzima-108fm/id1581394789