ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ဘန်ကီမွန်းက စစ်ခေါင်းဆောင်ကိုလာ ရောက် တွေ့ဆုံမှုဟာ နိုင်ငံတကာ ဇာတ်ခုံမှာ လူမိုက်ပွဲထုတ်တာလို့သာထင်မြင်ကြောင်း NUG ယာယီသမ္မတပြောကြားလိုက်တဲ့သတင်းနဲ့အတူ စစ်ကောင်စီတပ်က ဒုတိယဗိုလ်မှူကြီး ပစ်သတ်ခံရတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့က KTV ရှေ့မှာ ပစ်ခတ်သတ်ဖြတ်ထားတဲ့ အလောင်းနှစ်လောင်းကို စစ်ကောင်စီတပ်က လာချသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ အတူ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေနဲ့ကုန်ဈေးနှုန်းတွေကို နားဆင်ကြရမှာပါ။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် မရွှေမိုးရဲ့လေးညှို့သံ အစီအစဉ်နဲ့ သဘာဝရဲ့လက်ဆောင်အစီအစဉ်တွေကိုလည်း တင်ဆက်သွားဖို့ရှိပါတယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။
https://tinyurl.com/chdm5d3e
https://anchor.fm/mizzima108fm
https://radiopublic.com/mizzima-108fm-693aa1
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
https://podcasts.apple.com/.../mizzima-108fm/id1581394789