ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
လက်နက်ကုန်သွယ်မှု ပပျောက်ဖို့ စစ်ခေါင်းဆောင်နဲ့ ထိုင်း ဒုဝန်ကြီးချုပ်တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြတဲ့သတင်း နဲ့အတူ
မစ္စတာဘန်ကီမွန်းရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြည်သူလူထုရဲ့ သဘောထားကို မဖြစ်မနေထည့်သွင်း စဉ်းစားသင့်တယ်လို့ NUG ပြောလိုက်တဲ့ နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့
ဖိလစ်ပိုင်ကတရုတ်နဲ့တွေ့ဆုံဆွေးနွေးမှုအတွင်း ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောကြားခဲ့တဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေနဲ့ကုန်ဈေးနှုန်းတွေကို နားဆင်ကြရမှာပါ။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် “Mizzima Editorial Talk” အစီအစဉ်ကို တင်ဆက်သွားဖို့ရှိပါတယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။
https://tinyurl.com/chdm5d3e
https://anchor.fm/mizzima108fm
https://radiopublic.com/mizzima-108fm-693aa1
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
https://podcasts.apple.com/.../mizzima-108fm/id1581394789