Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • အောက်တိုဘာလ ၁၁ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဉ်

    - ကလေးမြို့မြောက်ပိုင်းက ဘုန်းကြီး ၄ ပါးကို ပကဖ ခေါ်ယူစစ်ဆေးတဲ့သတင်း


    - ပါတီဝင်များနှင့်တပ်ဖွဲ့ဝင်များ အမေရိကန်နှင့်အနောက်နိုင်ငံများကို မပတ်သက်ရန် MNDAAက ကန့်သတ်တားမြစ်တဲ့အကြောင်း


    - ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ သုံ့ပန်း ၁၀၀ ကျော် ဖမ်းမိကြောင်း NUG ထုတ်ပြန်လိုက်တဲ့သတင်းနဲ့


    - မြန်မာကိုကူညီတဲ့ ထိုင်းကို အမေရိကန်ကြိုဆိုလိုက်တဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါရှင်။

    12 min
  • အောက်တိုဘာလ ၁၁ ရက်နေ့ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ -လားရှိုးမြို့ လေကြောင်းတိုက်ခိုက်ခံရခြင်းများအတွက် သတင်းပေး ၂၀ ကျော်ကို MNDAA ဖမ်းဆီးလိုက်တဲ့သတင်း နဲ့အတူ -မြန်မာအကျပ်အတည်းကို အရေးပေါ်ဖြေရှင်းဖို့ ကုလအထူးကိုယ်စားလှယ် တိုက်တွန်းလိုက်တဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့ နယ်စပ်ဧရိယာ ရေလွှမ်းမိုးမှုပြဿနာ ထိုင်းနဲ့ မြန်မာ ဆွေးနွေးနေတဲ့သတင်း ကိုနားဆင်ရမှာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အပတ်စဉ်ကဏ္ဏအစီအစဉ်ဖြစ်တဲ့ လေးဝတီFM ကပေးပို့တဲ့ ရခိုင်သတင်းအစီအစဉ်ကိုလည်းနားဆင်ရဖို့ရှိပါတယ်’။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ မှူးနဲ့ အတူတင်ဆက်ပေးပါမယ်ရှင်။

    34 min
  • အောက်တိုဘာလ ၁၀ ရက် ၊  ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    -ရန်ကုန်အင်အားစု သပိတ်ခေါင်းဆောင် နဲ့ တက်ကြွလှုပ်ရှားသူတို့ဖမ်းဆီးခံရတဲ့သတင်း


    -ဆိုင်းတောင်ရွာကို ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီးရဲ့ ရုပ်အလောင်းကို KIA ရရှိထားတဲ့အကြောင်း


    -လားရှိုးမြို့ လေကြောင်းတိုက်ခိုက်ခံရခြင်းတွေအတွက် သံသယရှိတဲ့ စစ်ကောင်စီသတင်းပေး ၂၀ ကျော်ကို MNDAA ဖမ်းဆီးထားတဲ့သတင်း


    -ပုဂ္ဂလိကဘဏ် ၁၅ ဘဏ်မှ MSME ချေးငွေ လျှောက်ထားနိုင်ပြီကြောင်း စစ်ကောင်စီ ကြေညာတဲ့သတင်း


    -တရားမဝင် ကုန်သွယ်မှု အကြောင်းပြချက်ဖြင့် သိုလှောင်ရုံများအထိ ဝင်စစ်ရန် စစ်ကောင်စီ စဉ်းစားနေတဲ့အကြောင်း


    -လေကြောင်းရန်ကြောင့် ရခိုင်ဒေသအတွင်း ဝါကျွတ်ကာလ လူစုလူဝေးမပြုလုပ်ဖို့ AA တားမြစ်တဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။​

    31 min
  • အောက်တိုဘာလ ၁၀ ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ -ရန်ကုန်အင်အားစု သပိတ်ခေါင်းဆောင် ဖမ်းဆီးခံရတဲ့သတင်း နဲ့အတူ -ဆိုင်းတောင်ရွာကို ဖျက်ဆီးခဲ့သည့် စစ်ကောင်စီစစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီး၏ ရုပ်အလောင်း KIA ရရှိခဲ့တဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့ ဝန်ထမ်းတွေ အကျင့်ပျက်ချစားတာကြောင့် တရားမဝင် ကုန်သွယ်မှု ကြီးထွားနေကြောင်းဒုစစ်ခေါင်းဆောင် ပြောလိုက်တဲ့သတင်း ကို နားဆင်ရမှာပါ။ နောက်ထပ် အပတ်စဉ်ကဏ္ဏအနေနဲ့ လေးဝတီFM ကပေးပို့တဲ့ ရခိုင်သတင်း အစီအစဉ်ကိုနားဆင်ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

    1 hr 7 min
  • အောက်တိုဘာလ ၁၀ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (မီဇိုး) ဘာသာ

    -တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီဖွဲ့စည်းမှုကို လက်မခံကြောင်း ZFU/တီးတန် ပအဖ တုန့်ပြန်


    - ပလက်ဝမြို့နယ်က နေရပ်စွန့်ခွါ စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာ၊ ဆေးဝါး နှင့် အနွေးထည်များအကူအညီ လိုအပ်နေ


    - တောင်ကုတ်မြို့နယ် ရွာမရွာ လေကြောင်း တိုက်ခိုက်မှု အရပ်သား ၁၆ ဦးသေဆုံးပြီး အများပြားဏ်ရာရ

    9 min
  • အောက်တိုဘာလ ၁၀ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (ဟားခါး) ဘာသာ

    -တီးတိန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးကောင်စီကို PDA-Tedim ဖွဲ့စည်းတဲ့အပေါ် ZFU/PDF-Zoland က ကန့်ကွက်


    - NUG အစိုးရ PSHEA ဗဟိုကော်မတီ ဆုံးဖြတ်ချက်ကို လက်မခံကြောင်းဆလိုင်းအိုက်ဇက်ခင် ထုတ်ပြန်


    -ပလက်ဝစစ်ဘေးရှောင် လူပေါင်း ၂၀၀၀၀ ခန့် အကူအညီလိုအပ်နေ

    8 min
  • အောက်တိုဘာလ ၁၀ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (တီးတိန်) ဘာသာ

    -လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုမြောက်တဲ့ ကိစ္စမျိုးမကျူးလွန်ခဲ့ဘူးလို့ ဆလိုင်းအိုက်ဇက်ခင်ကြေညာချက်ထုတ်ပြန်


    -NUG ပညာရေးဝန်ကြီးဌာနနှင့် ချင်းပညာရေးဝန်ကြီးဌာနတို့ ပညာရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်မည်


    -မင်းတပ်တွင် စစ်ကောင်စီတပ် မီးရှိုမှုကြောင့် လူနေအိမ် ၇၀ ကျော် ပျက်စီးဆုံးရှုံး

    7 min
  • အောက်တိုဘာလ ၁၀ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဉ်

    - နယ်စပ်က အကျင့်ပျက် ဝန်ထမ်းတွေကြောင့် တရားမဝင်ကုန်သွယ်တာတွေ ဖြစ်နေတယ်လို့ ဒုစစ်ခေါင်းဆောင်ပြောတဲ့သတင်း


    - Red Ruby စီးကရက်ထုတ်တဲ့ ကုမ္ပဏီ ဖျက်သိမ်းတော့မယ့်သတင်း


    - မိုင်းရယ်က တရုတ်နိုင်ငံသားတွေရှိတဲ့ သကြားစက်ရုံကိုစစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်တဲ့အကြောင်း


    - ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုပိုလုပ်လာတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို ဂျူချန်းက စုစည်းတင်ဆက်ပေးထားပါတယ်။

    10 min
  • အောက်တိုဘာလ ၁၀ ရက်၊ ကြာသပတေးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    အောက်တိုဘာလ ၁၀ ရက်၊ ကြာသပတေးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်


    ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... စစ်ရှောင်ဘုန်းကြီးကျောင်းအထိ ဝင်စီးပြီး လူ ၁၀၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီးသွားတဲ့သတင်းနဲ့အတူ ငါးရစ်တက်ချိန် ငါးဖမ်းခွင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တားမြစ်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ ဒါ့အပြင် အပတ်စဉ်အစီအစဉ်ဘက်မှာတော့ "ဆက်သွယ်မေးမြန်းချက်" အစီအစဉ်တို့ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


    #Mizzimaradio

    #Morningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

    40 min
  • အောက်တိုဘာလ ၉ ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    အောက်တိုဘာလ ၉ ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    =================

    -ဆေးကုသမှုမလုံလောက်၍ ထောင်တွင်း‌သေဆုံးမှုထပ်မဖြစ်ရေး လှုပ်ရှားမှုပြုလုပ်ကြမယ့်သတင်း


    -လူသားချင်းစာနာမှု အကူအညီပေးမှုများ ပိတ်ဆို့တားဆီးခြင်းမရှိဟု စစ်ကောင်စီပြောလိုက်တဲ့သတင်း


    -ပလက်ဝဒေသ စစ်ဘေးရှောင်၂၀,၀၀၀ခန့် အရေးပေါ်အကူအညီလိုနေတဲ့သတင်း


    -ရခိုင်အမျိုးသမီးအဆို‌တော်ကို စစ်ကောင်စီဖမ်းဆီးလိုက်တဲ့သတင်းနဲ့


    -တရားမဝင်နဲ့ တရားဝင် အခြေချနေထိုင်မှုများက ဗြိတိန်လူဦးရေကို ၁ ရာခိုင်နှုန်း စံချိန်တင် တိုးစေတဲ့သတင်း တွေအပါအဝင် တခြားအရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။


    #mizzimatv

    #7pmnews

    #mizzimaprimetime

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

    30 min

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.