
Sign up to save your podcasts
Or


၁။တီးတိန်မြို့က စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ခံမှုတွင် တက်ကြွစွာပါဝင်သူတစ်ဦးကို PDF-Zoland က ဖမ်းဆီး။
၂။ပလက်ဝမြို့က သားအဖ ၃ ဦး သတ်ဖြတ်ခံရသည့်အပေါ် အမှုမှန်ပေါ်ပေါက်ရေးနှင့်တရားမျှတရေးအတွက် ကြိုးစားသွားမည်ဟု IKACC ထုတ်ပြန်။
၃။ကလေးမြို့အဝင်လမ်းပိုင်း ၁ နေရာကို စစ်ကောင်စီတပ်က မြောင်းတူးဖျက်ဆီး။
၄။ဖားကန့်မြို့နယ် ဆိုင်းတောင်တွင် တိုက်ပွဲ အပြင်းအထန် ပြန်ဖြစ်၊ စစ်တပ်က ပစ်ခတ်သည့်လက်နက်ကြီးကျည် ထိမှန်၍ ပြည်သူ ၁ ဦး ပွဲချင်းပြီး သေဆုံး။
၅။ထန်တလန်မြို့တွင် လက်နက်ကြီးဖြင့်တိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်မှ ၄ ဦးကျဆုံး။
− ပင်လည်ဘူးမြို့ကို ကေအိုင်အေနဲ့ တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်လိုက်တဲ့သတင်း
− အမ်းမြို့ နပခ အနီး စစ်ကောင်စီ ဗျူဟာစခန်းကို AA သိမ်းပိုက်လိုက်တဲ့သတင်း
− မြေရှားသတ္ထု လုပ်ကွက်တွေအပြင် သယံဇာတတူးဖော်မှုလုပ်ကွက်တွေ ပိတ်သိမ်းထားဖို့ NDA - K သတင်းထုတ်ပြန်လိုက်တဲ့သတင်းနဲ့
− စစ်ကောင်စီလက်ထဲ ဆုံးသွားတဲ့ မန္တလေးဝန်ကြီးချုပ်၏ ဈာပနကို သမ္မတဦးဝင်းမြင့်ကတော် တက်ရောက်တဲ့သတင်းအပါအဝင် အခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
အောက်တိုဘာလ ၈ ရက်၊ အင်္ဂါနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... ကမ်းခြေစောင့်တပ်အင်အားများစွာ တိုးချဲ့မယ်လို့ စစ်ခေါင်းဆောင်ပြောတဲ့သတင်းနဲ့အတူ ဒေါက်တာဇော်မြင့်မောင် သေဆုံးမှုအပေါ် စစ်ကောင်စီ တာဝန်ခံရမယ်လို့ဆိုတဲ့သတင်းလွှာအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့အတူ အပတ်စဉ်အစီအစဉ်ဘက်မှာတော့ “Mizzima Editorail Talk” အစီအစဉ် ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
#Mizzimaradio
#Morningradio
-----------------------------------------
Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm
အောက်တိုဘာလ ၇ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
============
- မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ဈာပန တောင်အင်း မြောက်အင်း သုသာန်မှာ ပြုလုပ်မယ်ဆိုတဲ့အကြောင်း
- မောင်တောမှာ အရပ်သားကားတစ်စီး ပစ်ခတ်ခံရပြီး အမျိုးသမီး ၁ ဦးသေဆုံးတဲ့သတင်း
- လားရှိုးမှာ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်း ပြတ်တောက်တဲ့သတင်း
-အရှေ့အလယ်ပိုင်းဒေသ အပစ်အခတ်ရပ်စဲရေးအတွက် ကမ္ဘာတဝန်း လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြတဲ့ သတင်း
- ညနေ ၅ နာရီအထိ ရရှိထားတဲ့ ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
#mizzimatv
#7pmnews
#mizzimaprimetime
-----------------------------------------
Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm
အောက်တိုဘာလ ၇ ရက်၊ တနင်္လာနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================================
ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... မန္တလေးတိုင်း ဝန်ကြီးချုပ်၊ NLD ပါတီ ဒုတိယဥက္ကဌ ဒေါက်တာ ဇော်မြင့်မောင် မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်သွားတဲ့သတင်းနဲ့အတူ စက်တင်ဘာလအတွင်းထိုင်းမှာ ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမား ၄၀၀ ကျော်ကို စစ်ကောင်စီထံ ပြန်အပ်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့ ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းလွှာတို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ ဒါ့အပြင် အပတ်စဉ်အစီအစဉ်ဘက်မှာတော့ “Mizzima Editorail Talk” အစီအစဉ် ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
#Mizzimaradio
#Eveningradio
-----------------------------------------
Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm
- မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကွယ်လွန်တဲ့သတင်း
- ကလေးမြို့အဝင်လမ်းကို စစ်ကောင်စီတပ် ဖျက်ဆီးတဲ့သတင်း
- ထန်တလန်မြို့အတွင်း အနီးကပ်တိုက်ပွဲ ပြင်းထန်တဲ့အကြောင်း
- ငါန်းဇွန်မြို့နယ် မင်းနေကုန်းကျေးရွာရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သတင်းတွေ အပါအဝင်တခြား စိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
ဒီကနေ့မနက်မှာတော့ -မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကျန်းမာရေး အခြေအနေဆိုးရွားနေတဲ့သတင်း နဲ့အတူ -ကလေးမြို့အဝင်လမ်းကို စစ်ကောင်စီတပ်က ဖျက်ဆီးလိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ဆက်လက်ပြီး ပြည်တွင်းသတင်းလွှာအနေနဲ့ မြန်မာစစ်တပ်ထံ လေယာဉ်လောင်စာဆီ၊လက်နက်နဲ့ဆက်စပ်သုံးပစ္စည်းများ လွှဲပြောင်းမှု မပြုကြရန် မြန်မာသံအမတ်ကြီး ထပ်မံတိုက်တွန်းလိုက်တဲ့သတင်း ကိုနားဆင်ရမှာဖြစ်ပြီး အပတ်စဉ်ကဏ္ဏအနေနဲ့ Key To Health အစီအစဉ် ကိုလည်း နားဆင်ရမှာပါ။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။
ဒီကနေ့ညမှာတော့ -ထန်တလန်မြို့အတွင်း အနီးကပ်တိုက်ပွဲ ပြင်းထန် နေတဲ့သတင်း နဲ့အတူ -ကလေးမြို့အဝင်လမ်းကို စစ်ကောင်စီဖျက်ဆီးလိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ ကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ ဖိတ်ခေါ်ချက်အငြင်းခံရတဲ့သတင်း ကို နားဆင်ရမှာပါ။အပတ်စဉ်ကဏ္ဍအနေနဲ့ Cele City အစီအစဉ်ကို နားဆင်ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးမှာပါ။
ဒီကနေ့မနက်မှာတော့ - တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တော်လှန်ရေးတပ်များက ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်လိုက်တဲ့သတင်း နဲ့အတူ - ရေကြီးနေတဲ့ ကရင်နီနဲ့ ရှမ်းတောင်မှာ သတိပြုရမယ့် မြွေအန္တရာယ် အကြောင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့ အာဆီယံအစည်းအဝေး ၅၀၀ ကျော်ကို စစ်ကောင်စီတက်ရောက်ခဲ့တာကြောင့် မြန်မာကိုယ်စားပြုခွင့် ပြန်သုံးသပ်ရန် အာဆီယံကို အရပ်ဘက်အဖွဲ့တွေတောင်းဆိုလိုက်တဲ့သတင်းကို နားဆင်ရမှာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အပတ်စဉ်ကဏ္ဍအစီအစဉ်ဖြစ်တဲ့ သံစဉ့်အိမ် အစီအစဉ်ကိုလည်းနားဆင်ရဖို့ရှိပါတယ်’။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်ရှင်။ ဂျူချန်းနဲ့အတူတင်ဆက်ပေးပါမယ်ရှင်။
ဒီကနေ့ညမှာတော့ -တပ်ကုန်းတွင် ရေဘေး ပြန်လည်ထူထောင်ရေးမလုပ်ဘဲ စစ်သားစုဆောင်းမှုကို ဖိအားပေးလုပ်ဆောင်နေတဲ့သတင်း နဲ့အတူ -ထိုင်းထီ ဘတ် ၆,၀၀၀,၀၀၀ သန်းဆုကို ၄ ကြိမ်ဆက်တိုက် မြန်မာလုပ်သားများ ဆွတ်ခူးသွားတဲ့ သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို တင်ဆက်ပေးသွားမှာပါ။ ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့ စစ်ကောင်စီ သန်းခေါင်စာရင်း စတင်ကောက်ယူနေတဲ့သတင်း ကို နားဆင်ရမှာပါ။ အပတ်စဉ်ကဏ္ဏအနေနဲ့ သံစဉ့်အိမ် အစီအစဉ်ကိုနားဆင်ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးမှာပါ။ ဂျူချန်းနဲ့အတူတင်ဆက်ပေးပါမယ်ရှင်။
From the publisher's feed