
Sign up to save your podcasts
Or


အောက်တိုဘာလ ၉ ရက်၊ ဗုဒ္ဓဟူးနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================================
ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း ဖျက်အားပြင်းဗုံး ၃,၀၀၀ကျော် စစ်ကောင်စီကြဲချတိုက်ခိုက်ခဲ့ကြောင်းနဲ့ မြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းပကဖထုတ်ပြန်တဲ့သတင်းနဲ့အတူ မြန်မာပြည်တွင်းစစ်အရေး အာဆီယံ ထိပ်သီးညီလာခံမှာ ဆွေးနွေးမယ့်သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့ ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ ဒါ့အပြင် အပတ်စဉ်အစီအစဉ်ဘက်မှာတော့ "ဆက်သွယ်မေးမြန်းချက်" အစီအစဉ်တို့ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
#Mizzimaradio
#Eveningradio
-----------------------------------------
Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm
- ပြည်သူ့အုပ်ချုပ်ရေးကောင်စီဖွဲ့စည်းမှုကို လက်မခံကြောင်း ZFU/တီးတိန် ပအဖတုန့်ပြန်။
- ဂန့်ဂေါ ခလရ ၅၀ တပ်ရင်းမှ ပင်လည်ဘူးသို့ စစ်ကူသွားသော ဗိုလ်မှူး ဖြိုးကိုကိုဦး အပါအဝင်စစ်သား ၁၀ ဦး တိုက်ပွဲတွင် ထပ်မံသေဆုံးမှု စစ်တပ်က သတင်းမပေါက်ကြားရန် လျှို့ဝှက်ထား။
- ထန်တလန်မြို့သိမ်းဖို့ ဘာလို့ကြန့်ကြာရလဲဆိုတာကို CNF ဘာပြောလဲ။
- ဖားကန့်၊ ဆိုင်းတောင် Lucky Men ဟိုတယ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီး စစ်သား ၂၀ ကျော်အရှင်ဖမ်းဆီးရရှိကာ စစ်တပ်ဘက်မှ ၂၀ဝန်းကျင်သေဆုံး ။
- တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၁၃ ဦးသေဆုံး။
- ထန်တလန်မြို့က အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားတဲ့ CB ဘဏ်ကိုချင်းပြည်အစိုးရတပ်ဖွဲ့သိမ်းပိုက်
- လောင်တလိုင်မြို့ရှိ ချင်းစစ်ဘေးရှောင်စခန်းမှာ မြေပြိုလို့နေအိမ်တစ်လုံးပါသွား
- ချင်းပြည်နယ်မှာ ဆက်သွယ်ရေးဖုန်းလိုင်းဖြတ်တောက်ထားလို့ စစ်ဘေးရှောင်တွေအကူအညီတောင်းဖို့အတွက်ကို အခက်အခဲများစွာ ကြုံနေရ
- တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း၊ စစ်ရေးအရ ချင်းလဲန်ကောင်စီနဲ့ဆက်ပြီး လက်တွဲသွားမယ်လို့ဆို
- ဟားခါးမြို့ ရုန်းတောင်ဗျူဟာကုန်းကို စစ်တပ်က လေထီးဖြင့် ပစ္စည်းများချပေး
- လျှပ်စစ်မီးပုံမမှန်သည့် ကလေးမြို့တွင် မီးသွေးဈေး မြင့်တက်နေ
- တမူးမြို့နယ်အတွင်းက Non-CDM များ အချိန်မှီ CDM ပြုလုပ်ရန် မြို့နယ်ပြည်သူ့ အုပ်ချူပ်ရေးအဖွဲ့ အသိပေး
- တီးတိန်မြို့ပြည်သူ့အုပ်ချုပ်ရေးအတွက် တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီကို PDA – Tedimဖွဲ့စည်း
- စလင်းမြို့နယ်တွင် ကပစ ၂၅ နှင့် ကပစ ၂၁ ကို ဆက်သွယ်ထားသော လျှပ်စစ် မီးတိုင်များအနီး စစ်တပ်က ထောင်ထားသော မြေမြုပ်မိုင်း အလုံး ၁၀၀ ကျော်ကို PDF တပ်ဖွဲ့က ရှင်းလင်း
- မြန်မာ့အရေး အာဆီယံက အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ ထိုင်းဝန်ကြီးချုပ်တိုက်တွန်း
-မြန်မာ့အရေး ထိုင်း၊ အာဆီယံတို့နဲ့ ကန်ပူးပေါင်းဆောင်ရွက်မည်ဆိုတဲ့သတင်း
-ရွှေဘိုထောင်က နိုင်ငံရေးအကျဉ်းသားတွေ မိသားစုနဲ့တွေ့ခွင့် ပိတ်ခံထားရတဲ့အကြောင်း
-ရေဦးမြို့နယ် တင်းတိမ်ရံရွာ ဗုံးကြဲခံရ၍ ၆ လသားအရွယ် ကလေးငယ် အပါဝင် ၃ ဦး သေဆုံးခဲ့တဲ့သတင်းနဲ့
-ကုလအဖွဲ့အစည်းတွေ ဘက်မလိုက်ဖို့ စစ်ကောင်စီ ပြောလိုက်တဲ့သတင်း တွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါရှင်။
အောက်တိုဘာလ ၉ ရက်၊ ဗုဒ္ဓဟူးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================================
ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... ရထားနယ်နိမိတ်တွင် သွားလာနေထိုင်မှုများ သတ်မှတ်ချက်အတိုင်း ဖြစ်ရန်လိုကြောင်း စစ်ခေါင်းဆောင်ပြော၊ ကျူးကျော်သတ်မှတ်ဖယ်ရှားမှုများ ထပ်ရှိလာနိုင်တဲ့ သတင်း နဲ့အတူထိုင်းနိုင်ငံမှာ အဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားလေးရာကျော် ပြန်ပို့ ခံ ရတဲ့ သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ဆက်လက်ပြီး ပြည်တွင်းသတင်းလွှာအနေနဲ့ ရေနံနှင့် ရေနံထွက်ပစ္စည်းဆ်ုင်ရာသိုလှောင်ခွင့် လိုင်စင်သက်တမ်းတိုးရန် စစ်ကောင်စီအသိပေးလိုက်တဲ့သတင်း ကိုနားဆင်ရမှာဖြစ်ပြီး အပတ်စဉ်ကဏ္ဏအနေနဲ့ key to Health အစီအစဉ် ကိုလည်း နားဆင်ရမှာပါ။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ဂျူချန်းနှင့် အတူ တင်ဆက်ပေးပါမယ်ရှင်။
#Mizzimaradio
#Eveningradio
-----------------------------------------
Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm
အောက်တိုဘာလ ၈ ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
=================
-မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏နာရေးအပြန် ဆိုင်ကယ်တွေကို စစ်ကောင်စီ စောင်ဆိုင်းဖမ်းဆီးစစ်ဆေးခဲ့တဲ့သတင်း
-ပင်လည်ဘူးမြို့ကို စစ်ကောင်စီ ထပ်မံလက်လွှတ်လိုက်ရတဲ့သတင်း
-ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမား ၄၀၀ ကျော် ပြန်ပို့ခံရတဲ့သတင်း
-ဘုတလင်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံသောင်းနှင့်ချီ ထွက်ပြေးနေရတဲ့သတင်း
-တောင်ကုတ်ကို စစ်ကောင်စီက ၄ရက်အတွင်း ၃ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ပြီး အရပ်သား ၂၀ ခန့် သေဆုံးခဲ့တဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။
#mizzimatv
#7pmnews
#mizzimaprimetime
-----------------------------------------
Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm
အောက်တိုဘာလ ၈ ရက်၊ အင်္ဂါနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================================
ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... တကျော့ပြန် ထိုးစစ်အတွင်း ပင်လည်ဘူးမြို့ကို စစ်ကောင်စီ လက်လွှတ်လိုက်ရတဲ့သတင်းနဲ့အတူ ဒေါက်တာဇော်မြင့်မောင်၏ ပံ့ပိုးကူညီမှုသည် စံနမူနာဖြစ်ဟု အိန္ဒိယသံရုံးထုတ်ပြန်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ ဒါ့အပြင် အပတ်စဉ်အစီအစဉ်ဘက်မှာတော့ “Key to Health” ကျန်းမာရေးအစီအစဉ်နဲ့အတူ "မရွှေမိုးရဲ့ လေးညှို့သံဆောင်းပါး" အစီအစဉ်တို့ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
#Mizzimaradio
#Eveningradio
-----------------------------------------
Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm
- ထီးလင်းမြို့နယ်တွင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံး
-တီးတိန်မြို့က စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ခံမှုတွင် တက်ကြွစွာပါဝင်သူတစ်ဦးကို PDF-Zoland က ဖမ်းဆီး
- CDF-Mara ကို ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်တွင်အမြန်ဆုံးပူပေါင်းဆောင်ရွက်ရန် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ-MTC က ဖိတ်ခေါ်
-ပလက်ဝမြို့နယ်က စစ်ဘေးရှောင် တစ်သောင်းကျော် အကူညီတွေ လိုအပ်နေသေး
-မလေးရှားမှာ အထောက်ထားမဲ့ မြန်မာနိုင်ငံသားများဖမ်းဆီးခံရစဉ်ချင်းအမျိုးသမီးရထားကြိတ်ခံရကာသေဆုံး
၁။ မလေးရှားမှာ အထောက်ထားမဲ့ မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရစဉ်ချင်းအမျိုးသမီးရထားကြိက်ခံရကာ သေဆုံး
၂။ တီးတိန်မြို့က စစ်ကောင်စီ၏သန်းခေါင်စာရင်းကောက်ခံမှုတွင် တက်ကြွစွာပါဝင်သူတစ်ဦးကို PDF-Zoland က ဖမ်းဆီး
၃။ အာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်း အရပ်သားသေဆုံးသူ ၁၂၀၀၀ ကျော် ရှိလာ
၄။ CDF-Matupi တပ်မဟာ ၁ ရဲ့ ပိတ်ဆို့မှုကြောင့် မတူပီမြို့နယ်တွင် လသားအရွယ်ကလေးငယ်တစ်ဦး အချိန်မှီဆေးကုသခွင့် မရဘဲ သေဆုံး
၅။ ကလေးမြို့အဝင်လမ်းပိုင်း ၁ နေရာကို စစ်ကောင်စီတပ်က မြောင်းတူးဖျက်ဆီး
From the publisher's feed