Mizzima 108FM ၏ ဒီဇင်ဘာလ ၁ ရက် ည ၆ နာရီခွဲထိ နောက်ဆုံးရသတင်းများ
Update News on Mizzima 108FM December 1 at 6:30 PM
Mizzima Radio ရဲ့ ဒီဇင်ဘာ ၁ ရက်နေ့ ဗုဒ္ဓဟူးနေ့ ည သတင်းတွေတွေကို တင်ဆက်ပေးပါတော့ မယ်။
ကျိုက်ထို အမှတ် (၂) ခြေလျှင်တပ် အဝေးပစ် ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
သာကေတတွင် လဖက်ရည်ဆိုင် ထိုင်နေသည့် ရာအိမ်မှူး ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံး
မြစ်ကြီးနားမြို့တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွား
ထန်တလန်မြို့နယ်တွင် ၅ ရက်အတွင်း မီးလောင်မှုကြောင့် အိမ်ခြေ ၂၂၀ ပျက်စီးဆုံးရှုံး
ရခိုင်ဝန်ကြီးချုပ် ဦးညီပုကို အဂတိအမှု ၃ မှုဖြင့် စွဲချက်တင်
NUG ၏ “အောင်လံလွှင့်ချီ နွေဦးထီ” ကံထူးသူ ၇၈ ဦးရှိသည့်အနက် ၅၅ ဦးက ဆုကြေးငွေများကို ပြန်လည်လှူဒါန်း
မသန်စွမ်းသူများ အွန်လိုင်းမှ ကိုဗစ်-၁၉ အတွေ့အကြုံ ဖလှယ်မည်
လာမည့်နှစ်တွင် မြန်မာပြည်သူထက်ဝက်ခန့် ဆင်းရဲနွမ်းပါးမှုဖြင့် နေထိုင်ရလိမ့်မည်ဟု UNDP ပြော
စတဲ့ သတင်းတွေကို တင်ဆက်ပေးမှာပါ။
ပြည်တွင်းသတင်းတွေတင်ဆက်လို့အပြီးမှာတော့ ဆက်သွယ်မေးမြန်းချက်၊စီးပွားရေးသတင်းတွေ၊ နားဆင်ခံစား ဆောင်းပါးများအစီအစဉ်နဲ့ နိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးမှာပါ။