Mizzima 108FM ၏ ဒီဇင်ဘာလ ၂ ရက် ည ၆ နာရီခွဲထိ နောက်ဆုံးရသတင်းများ
Update News on Mizzima 108FM December 2 at 6:30 PM
Mizzima Radio ရဲ့ ဒီဇင်ဘာ ၂ ရက်နေ့ ကြာသာပတေးနေ့ ည သတင်းတွေတွေကို ကျွန်မ မှူးကတင်ဆက်ပေးပါတော့မယ်။
-စက်လှေသမားက တောင်းပန်၍ ဖမ်းမိ စစ်တပ်ထုတ်ကုန်များ ချင်းတွင်းမြစ်ထဲ ပစ်မချဘဲ ပြန်လွှတ်ပေးခဲ့
- မွန်ပြည်နယ်မှာ လအတော်ကြာရပ်နားထားတဲ့ မြို့ဝင်ကြေးတွေ ပြန်လည် ကောက်ခံ
- သေနတ် ၂ လက် ပျောက်သည်ဟုဆိုကာ စစ်ကောင်စီက တစ်ရွာလုံးနီးပါးကို ဖမ်းဆီးစစ်ဆေး
- ISP-Myanmar အဖွဲ့၏ သုတေသန အယ်ဒီတာ ကိုအောင်မျိုးထက် ထောင် ၂ နှစ်ချခံရ
- မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်ရိုးတွင် စစ်ကောင်စီရေယာဉ် ၂ စီးကို PDF များတိုက်ခိုက်
- မန္တလေးမြို့ပေါ်တွင် စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့စစ်ဆေးနေ
- စက်ရုံမီးလောင်မှုကြောင့် ကြီးမားသော ဆုံးရှုံးမှုများဖြစ်ခဲ့ဟု ယံယံမြန်မာ ထုတ်ပြန်
စတဲ့ သတင်းတွေကို တင်ဆက်ပေးမှာပါ။
ပြည်တွင်းသတင်းတွေတင်ဆက်လို့အပြီးမှာတော့ ဆက်သွယ်မေးမြန်းချက်၊စီးပွားရေးသတင်းတွေ၊ နားဆင်ခံစား ဆောင်းပါးများအစီအစဉ်နဲ့ နိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးမှာပါ။