Mizzima 108FM ၏ နိုဝင်ဘာလ ၂၅ ရက် ည ၆ နာရီခွဲထိ နောက်ဆုံးရသတင်းများ
Update News on Mizzima 108FM November 25 at 6:30 PM
108 FM ရဲ့ နိုဝင်ဘာ ၂၅ ရက် ကြာသာပတေးနေ့ည သတင်းတွေတွေကို တင်ဆက်ပေးပါတော့မယ်။
ဒီးမော့ဆိုမြို့နယ်တွင် KNDF နှင့် စစ်ကောင်စီတပ်အကြား ထိတွေ့တိုက်ပွဲဖြစ်၊ နှစ်ဖက်ကျဆုံးမှုရှိဟုဆို
မူဆယ်မြို့နယ် မန့်ဟန်ရွာခံ ၁ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်
လှိုင်မြို့နယ်တွင် ဧည့်စာရင်းဝင်စစ်ရာ အသက်မပြည့်သေးသူများ အပါအဝင် လူ ၁၁ ဦးခန့် အဖမ်းခံရ
ထားဝယ်ဒေသတွင် လူသိများသည့် လူငယ်ခေါင်းဆောင်အိမ်ကို ချိပ်ပိတ်
လွိုင်ကော် ကရုဏာ ဆေးခန်း ဖြစ်ရပ် မြဝတီသတင်းမှားယွင်း၊ဖမ်းဆီးခံရသူများ ပြန်လွတ်လာ
လောပိတမှ မြို့ကြီး ၃ မြို့သို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားပေး တာဝါတိုင် ၂ ခု ဖျက်ဆီးခံရ
မန္တလေးမြို့က မီးပွိုင့်များရှိ CCTVများကို ထိန်းချုပ်ထားသည့် CCTV Cable Box ဗုံးဖြင့် ဖောက်ခွဲခံရ
အိန္ဒိယနိုင်ငံတွင် ပြုလုပ်သည့် လူ့အခွင့်အရေး မှတ်တမ်းကောက်ယူခြင်း သင်တန်း CDM ဝန်ထမ်းများတက်ရောက်ပြီးစီး
စတဲ့သတင်းတွေကို နားဆင်ကြရမှာပါ။
ပြည်တွင်းသတင်းတွေတင်ဆက်လို့အပြီးမှာတော့ ဆက်သွယ်မေးမြန်းချက်၊ စီးပွားရေးသတင်းတွေ၊ နားဆင်ခံစားဆောင်းပါးများအစီအစဉ်နဲ့ နိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးမှာပါ။
အစီအစဉ်တွေပြီးသွားရင်တော့ တော်လှန်ရေးသီချင်းတွေကိုလဲ နားဆင်ခံစားကြရမှာပါရှင်။