Mizzima 108FM ၏ နိုဝင်ဘာလ ၂၃ ရက် ညနေ ၆ နာရီခွဲထိ နောက်ဆုံးရသတင်းများ
Update News on Mizzima 108FM November 23 at 6:30 PM
108 FM ရဲ့ နိုဝင်ဘာ ၂၃ ရက် အင်္ဂါနေ့ညသတင်းတွေကို စတင်ပါတော့မယ်။
ကျောက်ပြုတ်ရွာ တိုက်ပွဲတွင် PDF ကလေး တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး
ဒီးမော့ဆိုမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး
အရာတော်မြို့နယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွား
ပဲခူးမြို့တွင် ကင်းလှည့်နေသည့် စစ်ကောင်စီကား မိုင်းဆွဲ တိုက်ခိုက်ခံရ
တနင်္သာရီမြို့နယ်ရှိ တကူးရွာ ရဲစခန်း ဗုံးခွဲခံရ
လှိုင်သာယာမှာ မနေ့က ဗုံးများပေါက်ကွဲ
စစ်ကောင်စီတပ်၏ ဆီသယ် ကားကို ကျောက်ထု PDF မီးရှို့ဖျက်ဆီး
စစ်ကောင်စီလက်နက်များ သိမ်းဆည်းရမိဟု ကိုးကန့် အဖွဲ့ ထုတ်ပြန်
လောင်းကစားရုံများ နှင့် မူးယစ်ဆေးဝါး ရောင်းချခြင်းကို KIA တားမြစ်စာထုတ်
စတဲ့သတင်းတွေကို နားဆင်ရမှာပါ။
ပြည်တွင်းသတင်းတွေတင်ဆက်အပြီးမှာ ဆက်သွယ်မေးမြန်းချက်၊ စီးပွားရေးသတင်းတွေ ၊ နားဆင်ခံစား ဆောင်းပါးများအစီအစဉ်နဲ့ နိုင်ငံတကာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ အစီအစဉ်တွေကြားထဲမှာ တော်လှန်ရေးသီချင်းတွေကိုလဲ နားဆင်ခံစားကြရမှာပါရှင်။