Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • စက်တင်ဘာလ ၂၇ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    - လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြဖို့ PDF နဲ့ EAO တွေကို စစ်ကောင်စီ ပြောတဲ့သတင်း


    - သန်းခေါင်စာရင်းကောက်ယူမှု ပြည်သူတွေအတွက် အန္တရာယ် ဟု သတိပေးတဲ့သတင်း


    - ရေစကြိုမြို့ပေါ်မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားကို လက်နက်နှင့်အတူ ကာကွယ်ရေးတပ် ဖမ်းဆီးတဲ့သတင်း


    - ရေဦးနယ် မုတ်ဆီကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်မီးရှို့တဲ့သတင်း အပါအ၀င် စိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    16 min
  • စက်တင်ဘာလ ၂၇ ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...

    သန်းခေါင်းစာရင်းကောက်ယူမှု ပြည်သူတဦးချင်းစီအတွက် အန္တရာယ်လို့ ရန်ကုန်အခြေစိုက် လူထုသပိတ်အစုအဖွဲ့တွေ သတိပေးတဲ့ သတင်းနဲ့အတူ ရေစကြိုမြို့ပေါ်မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားကို လက်နက်နဲ့ အတူ ကာကွယ်ရေးတပ် ဖမ်းဆီးတဲ့ အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။

    သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် ကျန်းမာသုတလူမှုဘဝ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။

    31 min
  • စက်တင်ဘာလ ၂၆ ရက် ၊  ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    - လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သံတွဲမှာ စစ်ရှောင် ၁၄ ဦး သေဆုံးတယ်လို့ AA အတည်ပြုတဲ့သတင်း


    - စစ်ကောင်စီလက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်မှ အတိုးနှုန်းများ ပြင်ဆင်သတ်မှတ်တဲ့သတင်း


    - ပဲခူးမြစ် စိုးရိမ်ရေအမှတ်ကျော်နေပြီး နောက် ၁ ရက်အတွင်းဆက်လက်မြင့်တက်နိုင်တဲ့အကြောင်း


    - ဂမုန်းရေလှောင်တမံမကျိုးပေါက်စေဖို့ အချိန့်ပြည့် စောင့်ကြည့်နေတယ်လို့ PDF အသိပေးတဲ့သတင်း


    - ထိုင်းနိုင်ငံမှာ ၃ လကျော်ကာလအတွင်း အထောက်ထားမဲ့ အလုပ်သမားဖမ်းဆီးမှုမှာ မြန်မာနိုင်ငံသား ၂ သိန်းနီးပါးပါဝင်တဲ့အကြောင်း


    - မိုးဗြဲဆည်ကနေ ရေ ဖောက်ချနေဆဲဖြစ်တာကြောင့် လွိုင်ကော် နဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ ရေကြီးရေလျှံမှု ဆက်လက်မြင့်တက်နေတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။​

    29 min
  • စက်တင်ဘာလ ၂၆ ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...

    လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သံတွဲမှာစစ်ရှောင် ၁၄ ဦး သေဆုံးကြောင်း AA အတည်ပြုတဲ့ သတင်းနဲ့အတူ မူဆယ်မှာ ကျားဖြန့် ၅၀၀ ကျော် ဖမ်းမိပေမယ့် အဓိက ကြိုးကိုင်သူတွေ ကျန်ရှိနေဆဲဖြစ်ကြောင်း ဒေသခံတွေ ပြောတဲ့အကြောင်းတွေကိုကြားကြရမှာပါ။

    နိုင်ငံတကာဖက်မှာတော့ IMF နဲ့ ဆွေးနွေးမှုတွေ ချက်ချင်းပြန်စသွားမယ်လို့ သီရိလင်္ကာသမ္မတပြောတဲ့ သတင်းအပါအဝင် လက်ဘနွန်ကို ဝင်ရောက်တိုက်ခိုက်နိုင်ဖို့ အစ္စရေးကတပ်ဖွဲ့ဝင်တွေကို သတိပေးထားတဲ့ သတင်းတွေကို နားဆင်ကြရပါမယ်။

    အဲဒီ့နောက်မှာတော့ လေးဝတီFM ကပေးပို့တဲ့ ရခိုင်သတင်းအစီအစဉ်နဲ့ အပတ်စဉ်ကဏ္ဍဖြစ်တဲ့ ကျန်းမာသုတလူမှုဘဝ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။

    1 hr 7 min
  • စက်တင်ဘာလ ၂၆ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဉ်

    - MNDAA၊ TNLA တို့က NUG နဲ့ပေါင်းပြီး အမေရိကန်ထောက်ပံ့မှုယူနေတယ်လို့ စစ်ကောင်စီစွပ်စွဲလိုက်တဲ့သတင်း


    - စစ်ကောင်စီစစ်ကြောင်းတွေကြောင့် ဖယ်ခုံက ရေဘေးသင့်သူတွေကို ကူညီဖို့ ခက်ခဲနေတဲ့အကြောင်း


    - ထိုင်းမှာဖမ်းမိတဲ့ မြန်မာလုပ်သားထောင်ချီကို စစ်ကောင်စီထံ ပြန်လွှဲပေးနေတဲ့သတင်း


    - မူဆယ်မြို့အထွက်ကို ၃ ရက်ကြာတဲ့အထိ ပိတ်ထားတဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို ဂျူချန်းက စုစည်းတင်ဆက်ပေးထားပါတယ်။

    11 min
  • စက်တင်ဘာလ ၂၆ ရက်၊ ကြာသပတေးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    စက်တင်ဘာလ ၂၆ ရက်၊ ကြာသပတေးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်


    ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... ရာဂီမုန်တိုင်းကြောင့် သေဆုံး၊ပျောက်ဆုံးသူ ၁,၀၀၀ ကျော်ရှိလာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်တဲ့သတင်းနဲ့အတူ အိန္ဒိယက ဖိတ်ခေါ်တဲ့နှီးနှောဖလှယ်ပွဲကို ကိုယ်စားလှယ်လွှတ်ရေး အဖွဲ့အတွင်းဆွေးနွေးဖို့ရှိတယ်လို့ CNF ပြောတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့ ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ ဒါ့အပြင် အပတ်စဉ်အစီအစဉ်ဘက်မှာတော့ " သတင်းမှားများကို တိုက်ဖျက်ခြင်း Misinformation Buster” အစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


    #Mizzimaradio

    #Morningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

    31 min
  • စက်တင်ဘာလ ၂၅ ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    စက်တင်ဘာလ ၂၅ ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    =================

    -လေကြောင်းပစ်ကူဖြင့် စုန်ဆင်းလာသည့် စစ်ကောင်စီရေယာဉ်အုပ်စုအန္တရာယ် PDF များ သတိပေးလိုက်တဲ့သတင်း


    -ထိုင်းမှာ မြန်မာတွေ ကွန်ဒိုဝယ်ယူမှု စံချိန်သစ် တင်သွားတဲ့သတင်း


    -ဘုတလင်တွင် စစ်ကောင်စီစစ်ကြောင်းက စစ်ဘေးရှောင် အရပ်သားများကို ဖမ်းဆီးသွားတဲ့သတင်း


    -သန်းခေါင်စာရင်းကောက်မည့် Non CDM များကို တိုက်ခိုက်မည်ဟု CDF-Hakha သတိပေးလိုက်တဲ့သတင်းနဲ့


    -ဂျိုးဘိုင်ဒင်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ နှုတ်ဆက်မိန့်ခွန်းပြောလိုက်တဲ့သတင်း တွေအပါအဝင် တခြားအရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။


    #mizzimatv

    #7pmnews

    #mizzimaprimetime

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

    31 min
  • စက်တင်ဘာလ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    စက်တင်ဘာလ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================

    ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... အိန္ဒိယအစိုးရဟာ နယူးဒေလီမှာ ကျင်းပမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်နှင့် ဖက်ဒရယ်စနစ်အကြောင်း ဆွေးနွေးမယ့်ဆွေးနွေးပွဲတက်ရောက်ဖို့ NUG နဲ့ စစ်အာဏာရှင်ကို တော်လှန်နေကြတဲ့ EROs တွေကို ဖိတ်ကြားလိုက်တဲ့သတင်းနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ပုပ်ရဟန်းမင်းကြီးတောင်းဆိုလိုက်ပြီး ဗာတီကန်မှာ လာရောက်ခိုလှုံဖို့ ပြောတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့ ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ ဒါ့အပြင် "နွေဦးတော်လှန်အောင်ပွဲခံ ဆောင်းပါးကဏ္ဏနဲ့အတူ" အပတ်စဉ်အစီအစဉ်ဘက်မှာတော့ " သတင်းမှားများကို တိုက်ဖျက်ခြင်း Misinformation Buster” အစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


    #Mizzimaradio

    #Eveningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

    1 hr
  • စက်တင်ဘာလ ၂၅ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (မီဇိုး) ဘာသာ

    - တမူးမြို့နယ်မှာ အရပ်သားနှစ်ဦးမိုင်းနင်းမိပြီး ထိခိုက်ဒါဏ်ရာရရှိ


    - ချင်းဒေသတချို့တွင် မြစ်ချောင်းနှင့် သစ်တောထွက်ပစ္စည်းများ ထိန်းသိမ်းရေးကို လိုက်နာရန် သတိပေး


    - မင်းတပ်မှာ အိမ်မွေးကြက်၊ ဘဲများ ရောဂါလက္ခဏာ မပြဘဲ ကူးစက်ရောဂါကြောင့် ရုတ်တရက် သေဆုံးမှု အဖြစ်များနေ


    - အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအားကောင်းရေး EROs နှင့် ပြည်နယ်/ လူမျိုးကိုယ်စားပြုကောင်စီ ၉ ဖွဲ့တို့ ပူးပေါင်းဖော်ဆောင်မည်


    - မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၂၀၀ ကျော်ထပ်မံဝင်ရောက်

    12 min
  • စက်တင်ဘာလ ၂၅ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (ဟားခါး) ဘာသာ

    ၁။ ဒေါက်တာ ဆလိုင်းအိုက်ဇက်ခင်၏ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်းအမှုအတွက် အယူခံခွင့် ပြန်လည်စိစစ်ပေးရန် IKACC တောင်းဆို


    ၂။ စစ်ကောင်စီက တမူး-ကလေး ကားလမ်း ကန့်သတ်ပိတ်ပင်ထားမှုကြောင့် ပြည်သူများအခက်ကြုံ


    ၃။ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၂၀၀ ကျော် ထပ်မံဝင်ရောက် 0


    ၄။ စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်မှုတွင် ပါဝင်သော Non-CDM များကို စစ်ကောင်စီလိုသဘောထား၍ ပစ်ခတ်မည်ဟု CDF-Hakha သတိပေး

    10 min

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.