Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • စက်တင်ဘာလ ၂၅ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    အခုတင်ဆက်ပေမယ့်သတင်းတွေကတော့ …


    - AA မှကုန်စည်အခွန်ကောက်ခံခြင်းကို ဖြေလျှော့ပေးသင့်ကြောင်း ကုန်သည်နှင့်ဒေသခံများ ဆိုလိုက်တဲ့သတင်း


    - မီဇိုရမ်ပြည်နယ်အတွင်းသို့ မြန်မာစစ်ဘေးရှောင် ၂၀၀ ကျော် ထပ်မံရောက်ရှိလာတဲ့အကြောင်း


    - ရေဘေးကြောင့် သေဆုံးသူ ၄၁၉ ဦး ရှိလာကြောင်း စစ်ကောင်စီပြောလိုက်တဲ့သတင်းနဲ့


    - ရိုဟင်ဂျာအရေး ဒေါ်လာ ၁၁၉ သန်း အမေရိကန် ထပ်မံကူညီမည်ဆိုတဲ့သတင်း တွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါရှင်။

    12 min
  • စက်တင်ဘာလ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    စက်တင်ဘာလ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်


    ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... မိုင်းနင်းမိသူ စစ်ရှောင်အရပ်သား ဆေးကုသခွင့် ပိတ်ပင်ခံရတာကြောင့် သေဆုံးတဲ့သတင်းနဲ့ အတူ AA က ကုန်စည်အခွန်ကောက်ခံတာကို ဖြေလျှော့ပေးသင့်ကြောင်း ကုန်သည်နဲ့ ဒေသခံတွေပြောတဲ့ အကြောင်းအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။ သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် မရွှေမိုးရဲ့လေးညှို့သံ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။


    #Mizzimaradio

    #Morningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

    34 min
  • စက်တင်ဘာလ ၂၄ ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    စက်တင်ဘာလ ၂၄ ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    =================

    − အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကို ဒေလီမှာ ဆွေးနွေးပွဲတက်ရောက်ဖို့ အိန္ဒိယဖိတ်ကြားတဲ့သတင်း


    − ကချင်နဲ့ ရခိုင်အပါအဝင် ဒေသ ၆ခုမိုးကြီးမယ်လို့ မိုးဇလ သတိပေးချက် ထုတ်ပြန်တဲ့သတင်း


    − ပြည်ပရောက်မြန်မာတွေ အိမ်ရှင်တိုင်းပြည်ရဲ့ ဥပဒေနဲ့ယဥ်ကျေးမှုကို လေးစားလိုက်နာဖို့ NUCC တိုက်တွန်းတဲ့သတင်း


    − မင်းတပ်မြို့နယ်အတွင်း ရောဂါလက္ခဏာမပြဘဲ ကြက် ၊ ဘဲတွေ သေဆုံးနေပြီး လူကို ကူးစက်နိုင်တယ်လို့ ဆိုတဲ့သတင်း


    − မြန်မာစစ်တပ်ထံ လက်နက်နဲ့ လေယာဉ်ဆီ တင်ပို့မှုမလုပ်ဖို့ နိုင်ငံတကာကို QUAD အဖွဲ့ တိုက်တွန်းလိုက်တဲ့သတင်နဲ့


    − ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုနဲ့အတူ ပြည်တွင်းရွှေဈေးဆက်တိုက် မြင့်တက်လာတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို တင်ဆက်ပေးပါမယ်။


    #mizzimatv

    #7pmnews

    #mizzimaprimetime

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

    30 min
  • စက်တင်ဘာလ ၂၄ ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    စက်တင်ဘာလ ၂၄ ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================

    ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...လားရှိုးမြို့ကို စစ်ကောင်စီ လေကြောင်းထပ်မံတိုက်ခိုက်တာကြောင့် အရပ်သား ၁ဦး သေဆုံးတဲ့ သတင်းနဲ့အတူ ပွင့်လင်းမြင်သာမှုမရှိတဲ့ သေဒဏ်ပေးခြင်းက ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုဖြစ်တယ်လို့ IIMM ပြောတဲ့ အကြောင်းတွေကို ကြားကြရမှာပါ။ နိုင်ငံတကာဖက်မှာတော့ အင်္ဂလိပ်ရေလက်ကြားကနေ ဗြိတိန်ကို ရွေ့ပြောင်းဝင်ရောက်သူ ၂၅,၀၀၀ အထိရှိလာတဲ့ သတင်းအပါအဝင် နိုင်ငံခြားသံအမတ်တွေရဲ့ ယာဉ်တန်းကို တိုက်ခိုက်တယ်ဆိုတာကို ပါကစ္စတန် တာလီဘန်တွေ ငြင်းဆန်တဲ့ သတင်းတွေကို နားဆင်ကြရပါမယ်။ အဲဒီ့နောက်မှာတော့ ပြည်တွင်းသတင်းလွှာ၊ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ Key to Health အစီအစဉ်နဲ့ မရွှေမိုးရဲ့လေးညှို့သံဆောင်းပါး အစီအစဉ်တွေကို နားဆင်ရဖို့ရှိပါတယ်။


    #Mizzimaradio

    #Eveningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

    1 hr 4 min
  • စက်တင်ဘာလ ၂၄ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (ဟားခါး) ဘာသာ

    ၁။ ချင်းပြည်အစိုးရ/CNF နှင့် ICNCC/CB တွေ့ဆုံမှု အချက် ၅ ချက်ကို ကနဦး သဘောတူညီမှုရရှိ


    ၂။ အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးခတ်ခြင်းလုပ်ငန်း ကီလိုမီတာ ၃၀ ပြီးစီးပြီဟုဆို


    ၃။ ချင်းဒေသတချို့တွင် မြစ်ချောင်းနှင့် သစ်တောထွက်ပစ္စည်းများ ထိန်းသိမ်းရေးကိုလိုက်နာရန် သတိပေး


    ၄။ မင်းတပ်မှာ အိမ်မွေးကြက်၊ ဘဲများ ရောဂါလက္ခဏာ မပြဘဲ ကူးစက်ရောဂါကြောင့်ရုတ်တရက်သေဆုံးမှု အဖြစ်များနေ

    11 min
  • စက်တင်ဘာလ ၂၄ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (မီဇိုး) ဘာသာ

    -မင်းပြားမြို့နယ်က ချင်းလူမျိုးများ၏ စပါးစိုက်ခင်းဧကပေါင်းများစွာ ရေကြီးရေလျှံမှုကြောင့် ပျက်စီး၊ အကူအညီများအရေးတကြီးလိုအပ်နေ


    -အာဏာသိမ်းပြီးနောက်ပိုင်း ချင်းကလေးငယ် ၇၀ ကျော်ကို စစ်ကောင်စီ သတ်ဖြတ်ခဲ့ဟု CHRO ထုတ်ပြန်


    -တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်နဲ့အတူ PDF-Zolandထံအလင်းဝင်


    - တီးတိန်မှာ ၅လကြာ ထုတ်ယူလို့မရတဲ့ ပင်စင်လစာတွေ ပြန်ထုတ်ပေးတော့မယ်


    - ချင်းပြည်အစိုးရ/CNF နှင့် ICNCC/CB တွေ့ဆုံမှု အချက် ၅ ချက်ကို ကနဦးသဘောတူညီမှုရရှိ

    11 min
  • စက်တင်ဘာလ ၂၄ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    - လားရှိုးမြို့မှာ တလအတွင်း ငါးကြိမ်မြောက်အဖြစ် ထပ်မံ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ တဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရတဲ့သတင်း


    - ရွှေ့ပြောင်းအလုပ်သမားတွေ အလုံးအရင်းနဲ့ဝင်ရောက်လာတာတွေကို ကိုင်တွယ်ဖြေရှင်းပေးဖို့ ထိုင်းနိုင်ငံသားတွေက ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြကြတဲ့သတင်း


    - မြန်မာနိုင်ငံမှာ အများရှေ့မှောက်မဟုတ်ဘဲ၊ တရားခွင်တွေကနေ သေဒဏ်အမိန့်ချမှတ်နေမှုတွေအပေါ် အနီးကပ်စောင့်ကြည့်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ထုတ်ပြန်တဲ့သတင်းနဲ့


    - ရေဘေးကူညီပေးနေစဉ် စစ်ကောင်စီက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုပြောတဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    9 min
  • စက်တင်ဘာလ ၂၄ ရက်၊ အင်္ဂါနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    စက်တင်ဘာလ ၂၄ ရက်၊ အင်္ဂါနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်


    ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... မြန်မာရွှေ့ပြောင်းလုပ်သားတွေ အလုံးအရင်းဝင်ရောက်လာတာကြောင့် ထိုင်းနိုင်ငံက မြန်မာသံရုံးရှေ့မှာ ထိုင်းနိုင်ငံသားတချို့ ဆန္ဒပြကြတဲ့သတင်းနဲ့အတူ ရေဘေး အကူညီပေးနေစဉ် စစ်ကောင်စီဘက်က ဒရုန်းနဲ့တိုက်ခိုက်တယ်လို့ကြောင်း ပဲခူးတိုင်းအတွင်းက PDF တပ်ဖွဲ့တခုပြောတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ ဒါ့အပြင် အပတ်စဉ်အစီအစဉ်ဘက်မှာတော့ “Mizzima Editorail Talk” အစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


    #Mizzimaradio

    #Morningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

    35 min
  • စက်တင်ဘာလ ၂၃ ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    စက်တင်ဘာလ ၂၃ ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    =================

    -စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ဦးဆောင်ပါဝင်သူ လူငယ် လေးဦး ဖမ်းဆီးခံရပြီး ငါး ရက်ကြာသည်အထိ အဆက်အသွယ်မရ တဲ့သတင်း


    -ထန်တလန်မြို့အတွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲလိုက်တဲ့သတင်း


    -ဖယ်ခုံလေကြောင်းတိုက်ခိုက်ခံရမှုတွင် အမျိုးသမီး တစ်ဦး သေဆုံး၊ ကလေးငယ် လေးဦးထိခိုက်ခဲ့တဲ့သတင်း


    -စက်သုံးဆီပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေတဲ့သတင်းနဲ့


    -တည်ငြိမ်မှုမရှိတဲ့ လူသားတွေရဲ့ အနာဂတ်အရေး ကိုင်တွယ်ဖြေရှင်းမည့် သဘောတူညီချက်တရပ်ကို ကုသသမဂ္ဂ အတည်ပြုလိုက်တဲ့သတင်း တွေအပါအဝင် တခြားအရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။


    #mizzimatv

    #7pmnews

    #mizzimaprimetime

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

    31 min
  • စက်တင်ဘာလ ၂၃ ရက်၊ တနင်္လာနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    စက်တင်ဘာလ ၂၃ ရက်၊ တနင်္လာနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================

    ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...ကုလသမဂ္ဂညီလာခံ အစည်းအဝေးတွေကို NUG ကျန်းမာရေးဝန်ကြီးအဖြစ် ဒေါက်တာဇော်ဝေစိုး တက်ခွင့်ရတဲ့သတင်းနဲ့အတူ ရေဘေးသင့်ခဲ့တဲ့ ကလောမြို့ ခွေးရုပ်ဘူတာရွာ အရေးပေါ်အကူအညီတွေလိုအပ်နေတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်း သတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့နောက်ဆုံးရ ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ ဒါ့အပြင် အပတ်စဉ်အစီအစဉ်ဘက်မှာတော့ “Mizzima Editorail Talk” အစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


    #Mizzimaradio

    #Eveningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

    1 hr 2 min

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.