ဒီကနေ့ညမှာတော့ - လေဆိပ်တွင် အိုင်ဖုန်း သယ်ဆောင်လာသူများအား အခွန်အဖြစ် ကျပ် ၉၀၀,၀၀၀ ကောက်ခံနေတဲ့သတင်း နဲ့အတူ -ဆိုင်းတောင်တွင် တိုက်ပွဲဆက်ဖြစ်၊ ဖားကန့်တမြို့လုံးနီးပါး စစ်ဘေးရှောင်နေရတဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့ သန်းခေါင်စာရင်းကောက်ယူမှာဖြစ်တဲ့အတွက် ရေဘေးသင့်သူတွေ နေရပ်အမြန်ပြန်ဖို့ စစ်ခေါင်းဆောင်ပြောလိုက်တဲ့သတင်း ကို နားဆင်ရမှာပါ။အပတ်စဉ်ကဏ္ဏအနေနဲ့သံစဉ့်အိမ်အစီအစဉ်ကိုနားဆင်ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ် အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးမှာပါ။