Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • စက်တင်ဘာလ ၂၃ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    - ကန်ကြီးတောရွာကို စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်တဲ့သတင်း


    - ချင်းတွင်းမြစ်အတွင်း စစ်‌ကောင်စီ ရေယာဥ် ၁၉စီးကို တိုက်ခိုက်ပြီး စစ်‌ကောင်စီတပ်မှ စစ်ဗိုလ် သေဆုံးတဲ့သတင်း


    - ပြည်တွင်းသုံးငွေနဲ့ ကုန်သွယ်နိုင်ရေး အိန္ဒိယနဲ့ မြန်မာဆွေးနွေးတဲ့အကြောင်းနဲ့


    - အစ္စရေးနဲ့ ဟက်ဇဘိုလာကြား ရာနဲ့ချီ ဒုံးကျည်တွေနဲ့ အပြန်အလှန်တိုက်ခိုက်နေတဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါရှင်။

    12 min
  • စက်တင်ဘာလ ၂၃ ရက်၊ တနင်္လာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ - လွိုင်ကော်မြို့လယ်ခေါင်ထိ ရေကြီးနေ၍ အကူအညီလိုအပ်နေတဲ့သတင်း နဲ့အတူ - မြန်မာအပါအဝင် ၉၃ ယောက်ကို မလေးရှား ဖျော်ဖြေရေးဆိုင်တွေမှာ ဖမ်းမိ အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ဆက်လက်ပြီး ပြည်တွင်းသတင်းလွှာအနေနဲ့ ဒရုန်းနဲ့ လေကြောင်းသုံးလက်နက်ပစ္စည်းထုတ်လုပ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်ကုမ္ပဏီတွေနဲ့ စစ်ကောင်စီဆွေးနွေးနေတဲ့သတင်း ကို နားဆင်ရမှာဖြစ်ပြီး အပတ်စဉ်ကဏ္ဏအနေနဲ့ ဆရာ သန့်ဇော်(သန်လျင်) စီစဉ်တဲ့ ဘာတွေပြောမလဲ.. ဘာတွေမေးမလဲ အစီအစဉ်ရဲ့ episope - 3 အစီအစဉ် ကိုလည်း နားဆင်ရမှာပါ။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။

    32 min
  • စက်တင်ဘာလ ၂၂ ရက်၊ တနင်္ဂနွေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ -ရန်ကုန်စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ၌ ဦးဆောင်ပါဝင်သူ လူငယ် ၄ ဦး ဖမ်းဆီးခံရတဲ့သတင်း နဲ့အတူ - ဦးကျော်မိုးထွန်းအား ထောက်ခံသည့် လူထုချီတက်ပွဲ နယူးယောက်မြို့ UN ရုံးချုပ်ရှေ့ ကျင်းပခဲ့တဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။

    အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ ကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့ တရုတ်မြန်မာဆက်ဆံရေးမှာ သွေးထိုးဖို့ ကြိုးပမ်းနေတဲ့ စကားလံုံးတွေကို ဆန့်ကျင်တယ်လို့ တရုတ်သံရုံးထုတ်ပြန်လိုက်တဲ့သတင်း ကို နားဆင်ရမှာပါ။အပတ်စဉ်ကဏ္ဏအနေနဲ့ ဆရာ သန့်ဇော်(သန်လျင်)စီစဉ်တဲ့ ဘာတွေပြောမလဲ.. ဘာတွေမေးမလဲ အစီအစဉ်ရဲ့ episope - 3 အစီအစဉ်ကို နားဆင်ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးမှာပါ။

    57 min
  • စက်တင်ဘာလ ၂၂ ရက် ၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ - မန္တလေးမြို့နှင့် ၅ မိုင် အကွာတွင် တိုက်ပွဲဖြစ်ပွား နဲ့အတူ -အုပ်ချုပ်ရေးမှူး ၂ ဦးအသတ်ခံရပြီးနောက် တောင်ဒဂုံတွင် စစ်ကောင်စီကရပ်ကွက်များကိုပိတ်ဆို့စစ်ဆေး အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးသူအရပ်သား ၅၀၀၀ကျော် ရှိလာတဲ့သတင်းကို နားဆင်ရမှာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အပတ်စဉ်ကဏ္ဏအစီအစဉ်ဖြစ်တဲ့ သံစဉ့်အိမ် အစီအစဉ်ကိုလည်းနားဆင်ရဖို့ရှိပါတယ်’။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်ရှင်။

    33 min
  • စက်တင်ဘာလ ၂၁ ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ - လေဆိပ်တွင် အိုင်ဖုန်း သယ်ဆောင်လာသူများအား အခွန်အဖြစ် ကျပ် ၉၀၀,၀၀၀ ကောက်ခံနေတဲ့သတင်း နဲ့အတူ -ဆိုင်းတောင်တွင် တိုက်ပွဲဆက်ဖြစ်၊ ဖားကန့်တမြို့လုံးနီးပါး စစ်ဘေးရှောင်နေရတဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့ သန်းခေါင်စာရင်းကောက်ယူမှာဖြစ်တဲ့အတွက် ရေဘေးသင့်သူတွေ နေရပ်အမြန်ပြန်ဖို့ စစ်ခေါင်းဆောင်ပြောလိုက်တဲ့သတင်း ကို နားဆင်ရမှာပါ။အပတ်စဉ်ကဏ္ဏအနေနဲ့သံစဉ့်အိမ်အစီအစဉ်ကိုနားဆင်ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ် အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးမှာပါ။

    59 min
  • စက်တင်ဘာလ ၂၁ ရက် ၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ စစ်ကောင်စီရဲ့ ၂၀၂၅ ရွေးကောက်ပွဲ အညာဒေသ မှာလုပ်နိုင်မှာလားဆိုတဲ့ သတင်းနဲ့အတူ ရခိုင်ပြည်နယ်ကနေ ဧရာဝတီတိုင်းကို စစ်ရှောင်လာသူတွေ စားဝတ်နေရေး အခက်ကြုံနေကြရတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ဒါ့အပြင် အပတ်စဉ်အစီအစဉ်ဘက်မှာတော့ ဆက်သွယ်မေးမြန်းချက်အစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

    38 min
  • စက်တင်ဘာလ ၂၀ ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဉ်

    - ရေဘေးသင့်ဒေသများတွင် နုန်းရှင်းလင်းရန် အကူအညီလိုအပ်နေတဲ့သတင်း


    - ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းသို့ စစ်ရှောင်လာသူများ စားဝတ်နေရေး အခက်ကြုံနေရတဲ့အကြောင်း


    - ရာဂီမုန်တိုင်းဒဏ်ခံရသူများကို အကူအညီပေးမှုအား စစ်ကောင်စီနှောက်ယှက်ဟု ကုလထံ NUG တင်ပြလိုက်တဲ့သတင်းနဲ့


    - ဆိုရှယ်မီဒီယာကုမ္ပဏီတွေဟာ ဧရာမ စောင့်ကြည့်မှုတွေ လုပ်နေတယ်လို့ အမေရိကန် စွပ်စွဲလိုက်တဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

    31 min
  • စက်တင်ဘာလ ၂၀ ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ ရာဂီမုန်တိုင်းဒဏ်ခံရသူတွေထံ အကူအညီပေးမှုကို စစ်ကောင်စီနှောက်ယှက်နေတယ်လို့ ကုလထံ NUG တင်ပြတဲ့သတင်းနဲ့အတူ ရေဘေးသင့်ဒေသတွေမှာ နုန်းရှင်းလင်းရေးအတွက် အကူအညီလိုအပ်နေတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ ဒီကနေ့ရဲ့ ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ ဒါ့အပြင် အပတ်စဉ်အစီအစဉ်ဘက်မှာတော့ ဆက်သွယ်မေးမြန်းချက်အစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

    58 min
  • စက်တင်ဘာလ ၂၀ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (ဟားခါး) ဘာသာ

    စက်တင်ဘာလ ၂၀ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (ဟားခါး) ဘာသာ


    ၁။ ချင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၂ ခုမှာ ယခုလ ၂၁ ရက်မှ ၂၅ ရက်အထိမိုးထစ်ချုန်းရွာနိုင်


    ၂။ ကလေးမြို့မှ ချင်းပြည်နယ်သို့ ဆန်နှင့် ရိက္ခာများ တင်သွင်းခွင့် စစ်ကောင်စီဆက်လက်ပိတ်ထား


    ၃။ မင်းပြားမြို့နယ် ချင်းကျေးရွာ ၁၃ ရွာက အိမ်ခြေ ၂၆၀ ခန့် ရေမျောပါပျက်စီးသွား ||ဒေသခံထောင်ချီ အခြေခံစားနပ်ရိက္ခာ၊ အမိုးအကာများ လိုအပ်နေ


    ၄။ မင်းတပ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေ

    12 min
  • စက်တင်ဘာလ ၂၀ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (မီဇိုး) ဘာသာ

    စက်တင်ဘာလ ၂၀ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (မီဇိုး) ဘာသာ


    - ထန်တလန်မြို့ပေါ်က စစ်ကောင်စီအမာခံ Lai Villa ကို ချင်းပြည်အစိုးရတပ်ဖွဲ့သိမ်းပိုက်


    -ချင်းပြည်ဒေသတချို့မှာ ကြက်ဥ ၁ လုံးကို ၁၀၀၀ ကျပ်ဖြင့် ဒေသခံများ ဝယ်ယူနေရ


    - နိုင်ငံတကာအဖွဲ့များ လူသားစာနာအကူအညီကို တော်လှန်ရေးအဖွဲ့များထံ တိုက်ရိုက်ပေးရန် CNF၊ KNU၊KNPP နှင့် NUG တို့ ပူးတွဲထုတ်ပြန်


    - အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို အိန္ဒိယဗဟိုအစိုးရက ဖွင့်မပေးသေးသည့်အတွက်နယ်စပ်နေပြည်သူများ အခက်ကြုံနေကြ

    12 min

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.