Mizzima 108FM ၏ နိုဝင်ဘာ ၁၄ ရက်၊ ည ၉ နာရီအချိန်ထိ နောက်ဆုံးရသတင်း
Update News on Mizzima 108FM November 14 at 9 PM
- အင်းတော်မြို့ရှိ မီးရထားရဲစခန်းကို ဝင်ရောက်စီးနင်းကာ လက်နက်တွေသိမ်းယူနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ကပြောပါတယ်။
- ဝေါမြို့နယ်၊ ဂွေ့ကြီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအနီး ဗုံးပေါက်တာကြောင့် ကျေးရွာသား ၅ ဦး မတရားဖမ်းဆီးခံလိုက်ရပါတယ်။
- မြောက်ဒဂုံရဲစခန်းအနားမှာလည်း ဗုံး ၃ ဆင့်ပေါက်တာကြောင့် စစ်သား ၂ ယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
- အင်းတိုင်တပ်နယ်က တပ်ကျောင်းတွင် ကိုဗစ်ကူးစက်ခံရသူ ၁၂ ဦးရှိလာပါပြီ။
- ဆူဒန်မှာ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲ ဖြိုခွင်းနှိမ်နင်းခံရပြီး ၅ ဦး သေဆုံး စတဲ့သတင်းများနှင့်အတူ နိုင်ငံတကာသတင်းများကိုလဲ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။