Mizzima 108FM ၏ နိုဝင်ဘာလ ၁၅ ရက် ည ၈ နာရီထိ နောက်ဆုံးရသတင်းများ
Update News on Mizzima 108FM November 15 at 8PM
108 FM ရဲ့ နိုဝင်ဘာ ၁၅ ရက် တနင်္လာနေ့ည သတင်းတွေကို စတင်ပါတော့မယ်။
ရန်ကုန်မှာ စစ်ကောင်စီစခန်း ၃ နေရာ တိုက်ခိုက်ခံရ၊ ၆ ဦးကျော် သေဆုံးနိုင်လို့ သတင်းထုတ်ပြန်တဲ့ အကြောင်း
ဧရာဝတီတိုင်း၊ လပွတ္တာမြို့ မှာ ဗုံးပေါက်ကွဲမှု သံသယနဲ့ ဖမ်းဆီးစစ်ဆေးခံနေရသူ တစ်ဦး သေဆုံးသွားတဲ့သတင်း
စစ်ကောင်စီတပ်သားတစ်စုက တီးတိန်သူကို အဓမ္မကျင့်လို့ ပြောက်ကျားတပ်ဖွဲ့ထုတ်ပြန်လိုက်တဲ့ သတင်း
ယောဒေသတွင်း ကားလမ်းမများကို ၁ ပတ် အသုံးမပြုကြဖို့ YDF အသိပေး လိုက်တဲ့ သတင်း
အင်းတော်မြို့နယ် မော်တိတ်ရဲစခန်း မီးလောင် တဲ့ သတင်း
CDM စစ်သားတွေစုပြီး စစ်လက်နက် ထုတ်မယ့် သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသော အမှု ၂ခု နောက်ဆုံးလျှောက်လဲချက်ပေးဖို့နဲ့ အမိန့်ချရန်သာကျန်ရှိတော့တဲ့သတင်း
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်ခွင့် ၅ ရက်ပိတ် လိုက်တဲ့အကြောင်း
ရှမ်း-ကယားနယ်စပ်ရှိ စစ်ရှောင် ဦးရေ ၅၀,၀၀၀ ကျော်အတွက် ရိက္ခာနဲ့ ဆေးဝါးလိုအပ်နေတဲ့ သတင်း စတဲ့ သတင်းတွေအပြင်
တစ်ရက်ကို ခုခံတော်လှန်မှု ၃၈ ကြိမ်အထိ ရှိခဲ့တဲ့ တော်လှန်ရေးတစ်လတာ ဆောင်းပါးနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။