Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
An independent journalist engages in conversations with commentators, researchers, and experts, primarily focusing on topics such as politics, war, and religion. Occasionally, I share insights about m... more
FAQs about Mratt Podcast:How many episodes does Mratt Podcast have?The podcast currently has 49 episodes available.
May 28, 2025ရခိုင်အရေး၊ ရွေးကောက်ပွဲပြဿနာနဲ့ ဘင်္ဂလားဒေ့ရှ်က စစ်အေးတိုက်ပွဲဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ ယူနွတ်နဲ့ ဘင်္ဂလားဒေ့ရှ် စစ်တပ်ခေါင်းဆောင် ဝါကာ အူဇ် ဇာမန်တို့ကြားက စစ်အေးတိုက်ပွဲ၊ စစ်တပ်ခေါင်းဆောင် စိတ်ပူတဲ့ ရခိုင်ပြည်အရေး၊ ဝါကာ အူဇ် ဇာမန်ရဲ့ နောက်ကြောင်း ရာဇဝင်၊ ဘင်္ဂလားဒေ့ရှ်မှာ စစ်တပ် အာဏာသိမ်းမှု ဖြစ်လာနိုင်သလား ဆိုတာတွေကို လေ့လာကြည့်ကြည့်ရအောင်ပါ။ ...more27minPlay
May 23, 2025လက်ဝဲ၊ လက်ယာ သံသရာစက်ဝန်းနဲ့ နိုင်ငံရေးအမြဲတမ်းပြောနေရတဲ့ ရွှေ့ပြောင်းဝင်ရောက်လာသူတွေအရေး၊ ခွဲခြားဆက်ဆံမှုတွေ မြင်တက်လာတာ၊ အမျိုးဘာသာ သာသနာ အရေးလှုပ်ရှားမှုတွေအားကောင်းလာတာနဲ့အတူ ကမ္ဘာ့နိုင်ငံရေးမှာ လက်ယာစွန်းတွေ အားကောင်းလာတာဟာ ငြင်းမရနိုင်ပါဘူး။ ဒါက ဘယ်ဆီ ဦးတည်နေသလဲ။ မြန်မာနိုင်ငံမှာရော လက်ဝဲ လက်ယာ ဘယ်အယူအဆတွေ အားကောင်းသလဲ။ ...more1h 4minPlay
May 21, 2025အဘူဒါဘီ ဗလီထဲက သမ္မတ ဒေါ်နယ်ထရမ့်မွတ်ဆလင်တွေရဲ့ ဗလီထဲ တခါမှ မဝင်ဖူးတဲ့ ထရမ့်၊ အရင်က အမေရိကန်သမ္မတတွေက ဒီလိုမျိုး ဗလီကို ဝင်ရောက်လည်ပတ်ဖူးသလား၊ ပြီးတော့ ဆီးရီးယားခေါင်းဆောင် မိုဟာမက် အာ ရှားရားနဲ့ တွေ့ဆုံမှု၊ ကာတာ၊ ဆော်ဒီနဲ့ ယူအေအီတို့က အာရပ်စော်ဘွားတွေနဲ့ ထရမ့်တို့ ဘယ်လို ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်တွေ လုပ်ခဲ့ကြသလဲဆိုတာအပြင် ထရမ့်ရဲ့ အရှေ့အလယ်ပိုင်းခရီးစဉ်တလျှောက် ဘာတွေထူးခြားမှုရှိသလဲဆိုတာတွေကို လေ့လာကြရမှာပဲ ဖြစ်ပါတယ်။ ...more33minPlay
May 17, 2025လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကောင်စီ ဝါဒဖြန့်ချိရေးစစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက်လုပ်နေချိန်မှာ တဖက်မှာ ဝါဒဖြန့်ချိရေးကို စနစ်တကျ လုပ်နေတာလည်း တွေ့ရပါတယ်။ လူတွေရဲ့ စိတ်ကို ဝေဝါးစေအောင်၊ သံသယဝင်စေအောင် စနစ်တကျ သတင်းမှားတွေ ဖြန့်နေတာလည်း တွေ့ရပါတယ်။ ဒီ Podcast မှာတော့ ဒီအကြောင်းကို သုံးသပ်ထားပါတယ်။ ...more20minPlay
May 12, 2025သံသရာလည်နေအုံးမဲ့ ရန်ဘက်များကက်ရှ်မီးယား နယ်မြေအငြင်းပွားမှုနဲ့ ဒီနယ်မြေကြားက ပဋိပက္ခတွေကြောင့် ဖြစ်ခဲ့တဲ့ စစ်ပွဲတွေအကြောင်းနဲ့ မေ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ ဖြစ်ခဲ့တဲ့ စစ်ပွဲမှာ နှစ်နိုင်ငံစလုံးက သုံးခဲ့တဲ့ လက်နက်တွေ တိုက်လေယာဉ်တွေနဲ့ စစ်မြေပြင်မဟုတ်ဘဲ သံတမန်ရေးနဲ့ နိုင်ငံတကာမှာပါ အိန္ဒိယက ပါကစ္စတန်ကို ဘယ်လိုတိုက်ခဲ့သလဲဆိုတာတွေကို လေ့လာကြည့်ကြရအောင်ပါ။...more30minPlay
May 09, 2025အာဆတ်အလွန် ဆီးရီးယားဆီးရီးယားမှာ အာဏာရှင် အာဆတ်ထွက်ပြေးသွားပြီး အိမ်စောင့်အစိုးရထိန်းချုပ်ထားတာ ခုဆို ၅ လကျော်ရှိသွားပါပြီ။ ဒီကြားထဲမှာ လူပေါင်း ၆ ထောင်ကျော် သေကြေခဲ့ပါတယ်။ အရင် အာဏာရှင်ထောက်ခံသူတွေနဲ့ နောက်ထပ်တက်လာတဲ့အစိုးရထောက်သူတွေကြား၊ ဘာသူလူမျိုး မတူ၊ ဂိုဏ်းကွဲတွေကြားက ပဋိပက္ခတွေဟာ ကြီးမားလာပါတယ်။ ဒီနေ့တော့ ဆီးရီးယားမှာ လက်ရှိပြဿနာတက်နေတဲ့ ဒရုဇ်လူမျိုးစု၊ သူတို့ရဲ့ အရေးပါပုံ၊ အာ့လာဝိုက်တွေရဲ့ အခန်းကဏ္ဍ၊ ပြီးတော့ အစ္စရေးရဲ့ ဆီးရီးယားအပေါ် ကျူးကျော်တိုက်ခိုက်မှုတွေနဲ့ ပြည်တွင်းမှာ ကျန်နေခဲ့တဲ့ အာဆတ်ထောက်ခံသူ အုပ်စုတွေအကြောင်း လေ့လာကြရအောင်ပါ။ ...more14minPlay
July 23, 2024အိုင်တီ ချို့ယွင်းမှုနဲ့ သတိထားရမဲ့ အွန်လိုင်းလူလိမ်များဒီလို အိုင်တီချို့ယွင်းမှုဟာ အွန်လိုင်းပေါ်က လူလိမ်တွေအတွက် အခွင့်အရေး အကြီးကြီးဖြစ်တာကြောင့် Microsoft Windows အသုံးပြုသူတွေအပါအဝင် အွန်လိုင်းကို မှီတည်ပြီး အလုပ်လုပ်သူတွေအနေနဲ့ အွန်လိုင်းပေါ်က အလိမ်အညာတွေကို သတိထားကြဖို့ ဆိုက်ဘာလုံခြုံရေးလုပ်တဲ့ ကုမ္ပဏီတွေက သတိပေးနေကြပါတယ်။...more7minPlay
July 17, 2024အိန္ဒိယနဲ့ဘင်္ဂလားကို ပြေးကြတဲ့ စစ်ကောင်စီဝင်တွေစစ်ကောင်စီတပ်ဖွဲ့ဝင် ဒီလိုမျိုးဝင်ရောက်လာတာကို မြန်မာနိုင်ငံကို ပြန်ပို့ပေးနေတာဟာ မလုပ်သင့်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးအသိုင်းအဝိုင်းထဲမှာ ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒီစစ်သားတွေကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်သင့်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးသမား အချို့က ပြောဆိုနေကြပါတယ်။...more9minPlay
July 12, 2024'ဝ' တပ်တွေ ရှမ်းမြောက်ကို ဘာကြောင့် ရောက်လာတာလဲမြေပြင်သတင်းပေးပို့ချက်တွေအရ တန့်ယန်းမြို့ထဲမှာ ဝ တပ်ဖွဲ့ဝင် အင်အား ၂၀၀၀ ကျော်လောက်ရှိနိုင်တယ်လို့ ခန့်မှန်းရပြီး တချို့တပ်ဖွဲ့ဝင်တွေကတော့ လားရှိူးဘက်ကို ထွက်သွားတာကို မြင်တွေ့ရတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ တန့်ယန်းမြို့ကို ဝ တပ်တွေ ထိန်းချုပ်ထားတဲ့ သဘောလို့ ယူဆရပါတယ်။...more4minPlay
July 11, 2024ပြင်ဦးလွင်နဲ့ အနီးဆုံးကို ရောက်လာပြီအနောက်ဘက်နဲ့ အနောက်တောင်ဘက်မှာ လက်ရှိ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်က ထိုးစစ်ဆင်နေတဲ့ မတ္တရာမြို့နဲ့ စဉ့်ကူးမြို့ တို့ ရှိပါတယ်။ ဒါကြောင့် နောင်ချိုကို တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ထိန်းချုပ်လိုက်နိုင်တာဟာ စစ်ကောင်စီရဲ့ အလယ်ပိုင်းကနေ အရှေ့မြောက်ဆီကို သွားမယ့် ထောက်ပို့လမ်းကြောင်းတွေကို ဖြတ်တောက်လိုက်နိုင်တာလည်း ဖြစ်ပြန်ပါတယ်။...more6minPlay
FAQs about Mratt Podcast:How many episodes does Mratt Podcast have?The podcast currently has 49 episodes available.