Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
An independent journalist engages in conversations with commentators, researchers, and experts, primarily focusing on topics such as politics, war, and religion. Occasionally, I share insights about m... more
FAQs about Mratt Podcast:How many episodes does Mratt Podcast have?The podcast currently has 65 episodes available.
July 02, 2024ဥရောပက မဘသလက်ရှိ ဥရောပ နိုင်ငံ ၂၇ နိုင်ငံထဲမှာ မဘသ ပါတီက အာဏာရထားပြီး အစိုးရအဖွဲ့ထဲမှာ မဘသပါတီတွေ ရှိနေတဲ့နိုင်ငံ ၆ နိုင်ငံရှိပါတယ်။ အဲ့ဒါတွေက အီတလီ၊ ဟန်ဂေရီ၊ ဖင်လန်၊ ဆလိုဗေးကီးယား၊ ခရိုအေးရှားနဲ့ မြန်မာတွေ ရင်းနှီးတဲ့ ချက်သမ္မတ နိုင်ငံတို့ပဲ ဖြစ်ပါတယ်။ မဘသ ပါတီတွေ အင်အားကြီး ခေါင်းထောင်လာတာက သိပ်မဝေးတော့တဲ့ အနာဂါတ်မှာ ဥရောပရဲ့ နိုင်ငံရေး အခြေအနေတွေကို အများကြီး ပြောင်းလဲသွားစေနိုင်ပါတယ်။...more11minPlay
June 30, 2024ဂျူလီယန် အက်ဆန်းဂျူလီယန် အက်ဆန်းဟာ ကမ္ဘာမှာ ဘယ်သူမှ မတို့မထိရဲတဲ့ အမေရိကန် ကာကွယ်ရေးနဲ့ပတ်သက်ပြီး တကယ့်ထိပ်တန်းလျှို့ဝှက်ချက်တွေကို ဖော်ထုတ်ခဲ့သူဖြစ်ပါတယ်။ ဂျူလီယန်အက်ဆန်းရဲ့ ထုတ်ဖော်မှုတွေဟာ အမေရိကန်သမိုင်းမှာ ထိပ်တန်းလျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ပတ်သက်လို့ အကြီးဆုံးအပေးအယူလုပ်ခဲ့ရတဲ့ဖြစ်ရပ်လို့ အမေရိကန် တရားရေးဌာနက ကြေညာပါတယ်။ ...more13minPlay
June 16, 2024ချင်း တော်လှန်ရေး ဘယ်အထိ ခရီးရောက်ပြီလဲနွေဦးလက်နက်ကိုင် တော်လှန်ရေး အစကတည်းက အင်တိုက်အားတိုက်ရှိခဲ့တဲ့ ချင်းပြည်တော်လှန်ရေးဟာ နှောင်းပိုင်းအချိန်တွေမှာ အသံတွေ ငြိမ်သွားခဲ့ပါတယ်။ ဘာကြောင့်ပါလဲ။ ချင်းတော်လှန်ရေးအဖွဲ့တွေကြား အကွဲအပြဲတွေနဲ့ အသစ်ပေါ်လာတဲ့ ချင်းညီနောင်အဖွဲ့တို့ရဲ့ ရပ်တည်ချက်တွေက ဘာတွေလဲ။ ချင်းတော်လှန်ရေး ခု ၂၀၂၄ မှာ ဘယ်အထိ ခရီးရောက်နေပြီလဲ။ ဒီအကြောင်းအရာတွေကို ချင်းအမျိုးသားကောင်စီ (မင်းတပ်) ရဲ့ အဖွဲ့ဝင်လည်းဖြစ် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ အတွင်းရေးမှူး (၁)၊ မင်းတပ် ပ.အ ဖ ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းယောမန်နဲ့ မေးမြန်းထားပါတယ်။ ...more1h 2minPlay
May 27, 2024ရိုဟင်ဂျာတွေ ဘယ်သူ့နောက် လိုက်ကြမလဲရိုဟင်ဂျာတွေအတွက် ကိုယ်စားပြုပေးနိုင်သူက ဘယ်သူလဲ။ ရိုဟင်ဂျာမွတ်ဆလင်တွေက ခုလောလောဆယ် ဘယ်သူ့ဦးဆောင်မှုနောက် လိုက်နေကြသလဲ၊ ဘယ်သူ့/ဘယ်အဖွဲ့ရဲ့ စကားကို လိုက်နာကြသလဲ။ လုပ်ရပ်အမှားတွေကိုရော ဘယ်သူက တာဝန်ခံ/တာဝန်ယူရဲမလဲ။ ဒါမေးရမယ့်မေးခွန်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒါတွေဟာ နောင်တချိန် စားပွဲပေါ်ဆွေးနွေးကြရင် ဘယ်သူက ကိုယ်စားပြုနိုင်သူ ခေါင်းဆောင်ဖြစ်သလဲဆိုတာ အဓိက အရေးကြီးလာတော့မှာ ဖြစ်ပါတယ်။...more7minPlay
May 24, 2024တောင်ကိုရီးယားက ဒီဂျေဘုန်းကြီးသူ့ ဇာတ်နာမည်ကတော့ NewJeansNim ဖြစ်ပြီး နာမည်ရင်းက ယွန်ဆန်းဟိုပါ။ ဗုဒ္ဓတရားတော်တွေကို EDM ပွဲတွေမှာ ဒီဂျေနဲ့ ပေါင်းစပ် ဖျော်ဖြေလို့ လောလောဆယ် အရှေ့တောင်အာရှက ဂျန်ဇီး လူငယ်အများစုကြားထဲမှာ ရေပန်းစားနေပါတယ်။ တောင်ကိုရီးယားမှာ အကြီးအကျယ် နာမည်ကြီးခဲ့ပြီး ပြီးခဲ့တဲ့ တစ်ပတ်ကပဲ မလေးရှားနိုင်ငံ ကွာလာလမ်ပူက နိုက်ကလပ်တခုမှာ ပွဲလုပ်ခဲ့ပါသေးတယ်။...more8minPlay
May 21, 2024စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေး ဗျူဟာသစ်ပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး ရွာလုံးကျွတ်ဗုံးကြဲ မီးရှို့သတ်ဖြတ်နေတဲ့ စစ်ကောင်စီ စစ်သားတွေကို ကျနော်တို့ နေ့စဉ် မြင်နေကျပုံစံတွေနဲ့ လှည့်စားပြဖို့ ကြိုးစားတာပဲ ဖြစ်ပါတယ်။ ဒါဟာ သိပ်ကြောက်စရာကောင်းပါတယ်။ ဒီအကြောင်းကို ဒီ Link မှာ စာနဲ့လည်း ဖတ်ရှုနိုင်ပါတယ် - https://bit.ly/4dJaYnE...more10minPlay
May 18, 2024စင်ကာပူ ဝန်ကြီးချုပ်သစ် လောရင့်စ် ဝေါင်ဝန်ကြီးချုပ်သစ်ဟာ သူ့ကိုယ်သူတော့ ရွှေဘုံနန်းပေါ်က နိုင်ငံရေးသမား မဟုတ်တဲ့အကြောင်း ခဏခဏ ပြောလေ့ရှိပြီး အများနည်းတူ သူလိုငါလို လူတယောက်ပဲဖြစ်တဲ့အကြောင်း အမြဲပုံဖော်ပြလေ့ရှိပါတယ်။ လီကွယ်ယူး မိသားစုလို အီလစ်အသိုင်းအဝိုင်းက မဟုတ်ဘဲ အစိုးရအိမ်ယာမှာ ကြီးပြင်းခဲ့တဲ့ သူလိုငါလို မိသားစုထဲက ဖြစ်ပါတယ်။။ လီကွမ်ယူးမိသားစု တက်ခဲ့ဖူးတဲ့ ကောင်းပေ့ဆိုတဲ့ ကျောင်းတွေမှာ တက်ခဲ့သူလည်း မဟုတ်ပါဘူး။ ...more10minPlay
May 16, 2024ရခိုင်အရေး - မစားရတဲ့အမဲ သဲနဲ့ပက်မဲ့ စစ်ကောင်စီရခိုင်ပြည်နယ်ကို အေအေ လက်ထဲ လုံးလုံးလွှတ်ပေးလိုက်ရတာထက် ဘယ်သူ့လက်ထဲမှ မရောက်ဘဲ တအုံနွေးနွေးနဲ့ ပြဿနာတွေ တောက်လျှေက်တက်ပြီး လူတကာ ဝင်စွက်ဖက်လို့ရတဲ့ အခြေအနေမျိုးကို စစ်ကောင်စီက ဖန်တီးနေတယ်လို့မြင်ပါတယ်။ ဒါကြောင့် စစ်ကောင်စီ ဦးတည်ဖန်တီးနေတာက ရခိုင်တွေနဲ့ မွတ်ဆလင်တွေကြား လူမျိုးရေး အဓိကရုဏ်း အကြီးကြီးတခုပါ။ ...more13minPlay
April 30, 2024မုံရွာ ပလဖ နဲ့ ပကဖ ကြားက ရန်ပွဲပြီးခဲ့တဲ့ ၁၁ ရက်နေ့က မုံရွာမြို့နဲ့ မြင်းမူမြို့နယ်အစပ်က ရွာတရွာမှာ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) နဲ့ ဒေသခံ ပြည်သူ့အုပ်ချုပ်ရေးတပ်ဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့ကြား ပြဿနာဖြစ်ပွားခဲ့တာမှာ အဲ့ဒီရွာမှာနေထိုင်တဲ့ ကိုယ်ဝန်ဆောင် စေတနာ့ဝန်ထမ်း ဆရာမတဦး ကိုယ်ဝန်ပျက်ကျခဲ့တဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဘယ်လို ဖြစ်ခဲ့တာလဲဆိုတာ အပြည့်အစုံ နားဆင်နိုင်ပါတယ်။...more19minPlay
April 09, 2024ရိုဟင်ဂျာအရေး NUG ဒုဝန်ကြီးနှင့် မေးမြန်းမှုမတ်လ ၂ ရက်နေ့က ထိုင်းနိုင်ငံလွှတ်တော်ထဲမှာ ‘မြန်မာ့အရေးဆွေးနွေးပွဲ’ ဆိုတဲ့ခေါင်းစဉ်နဲ့ ထိုင်းနိုင်ငံရေးသမားတွေ၊ မြန်မာ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ မြန်မာနိုင်ငံရေးသမားတွေ နောက်ပြီး ကျောင်းသားခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုဆွေးနွေးပွဲပုံစံမျိုး အရင်က မရှိခဲ့ဖူးဘဲ ဒါဟာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးလို့ ခေါင်းစဉ်တပ်ပြီး မြန်မာ့နိုင်ငံရေးကို မြန်မာတွေနဲ့ ပထမဆုံး လက်ခံကျင်းပပေးတဲ့ပွဲပါ။ ထိုင်းနိုင်ငံလွှတ်တော်အနေနဲ့ ဒီလိုပွဲမျိုးလုပ်ဖြစ်အောင် ဘာတွေက စေ့ဆော်တွန်းအားပေးသလဲ၊ နောက်ခံ အကြောင်းတရားတွေက ဘာတွေလဲ၊ ဒါ့အပြင် ထိုင်းနိုင်ငံအရေးကို နားလည်ခြင်းဟာ နွေဦးတော်လှန်ရေးအတွက် ဘယ်လောက်အရေးကြီးသလဲ စတာတွေကို ထိုင်းနိုင်ငံရေးအကြောင်း တောက်လျှောက် လေ့လာရေးသားနေတဲ့ အမေရိကန်နိုင်ငံ၊ နယူးယောက်၊ ဘတ်ဖလိုးမြို့မှာနေတဲ့ ကိုစတီဗင်စန်းယုနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။ ...more53minPlay
FAQs about Mratt Podcast:How many episodes does Mratt Podcast have?The podcast currently has 65 episodes available.