Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ဗွီအိုအေ မြန်မာဌာန၏ နေ့စဉ်တီဗွီသတင်းလွှာကို ည ၇ နာရီမှ ၇ နာရီခွဲအထိ နေ့စဉ် တိုက်ရိုက် ထုတ်လွှင့်ပေးနေပါသည်။... more
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,722 episodes available.
June 23, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၂၃-၂၀၂၁) - ဇွန် 23, 2021မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးကောင်စီက ခန့်အပ်ထားတဲ့ ရပ်ကွက် အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ မကြာခဏ ကြုံလာနေရ၊ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ဖိနှိပ်မှုတွေ အဆုံးသတ်ရေး အမေရိကန် နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီးနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့ မနေ့က ဝါရှင်တန်ဒီစီမှာ တွေ့ဆုံ ... စတဲ့ ထိပ်တန်းရောက်သတင်းတွေကို တင်ပြထားပါတယ်။...more30minPlay
June 22, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၂၂-၂၀၂၁) - ဇွန် 22, 2021မန္တလေးမြို့မှာ ဒီကနေ့မနက်ပိုင်းက နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရာကနေ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ သေဆုံးသူတချို့ရှိ၊ အာဏာသိမ်းကောင်စီနဲ့ သူနဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတချို့ကို ဥရောပသမဂ္ဂ EU နဲ့ ဗြိတိန်နိုင်ငံတို့က နောက်ထပ် ဒဏ်ခတ်အရေးယူမှုတွေ တိုးမြှင့် ချမှတ်.. စတဲ့သတင်းတွေအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ပြထားပါတယ်။...more30minPlay
June 21, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၂၁-၂၀၂၁) - ဇွန် 21, 2021နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့အပေါ်စွဲဆိုထားတဲ့ အမှုတွေထဲတချို့ကို ဒီကနေ့ဆက်လက်စစ်ဆေး၊ စစ်ကောင်စီ အကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတကာလုံခြုံရေး ညီလာခံတက်ရောက်ဖို့ ရုရှားနိုင်ငံ မော်စကိုမြို့ကို ရောက်ရှိ.. စတဲ့ထိပ်တန်းရောက်သတင်းတွေကိုတင်ပြထားပါတယ်။...more30minPlay
June 18, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၁၈-၂၀၂၁) - ဇွန် 18, 2021ကင်းမကျေးရွာ မီးလောင်မှု CNN နဲ့ ရိုက်တာသတင်းဌာနတွေက မှားယွင်း ဖော်ပြတယ်လို့ဆိုပြီး ပြင်ဆင်ပေးဖို့ မြန်မာစစ်ကောင်စီ တောင်းဆို၊ အရပ်သားပြည်သူတွေ ထိခိုက်စေမယ့်လုပ်ရပ်တွေကို ရှောင်ရှားဖို့ မြန်မာစစ်တပ်ကို ကုလ ထပ်မံတိုက်တွန်း၊ မြန်မာ့အရေး ကုလ အထွေထွေညီလာခံမှာ ဒီကနေ့ ဆွေးနွေးမည်…စတဲ့ထိပ်တန်းရောက်သတင်းတွေကို တင်ပြထားပါတယ်။...more30minPlay
June 17, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၁၇-၂၀၂၁) - ဇွန် 17, 2021စစ်ကောင်စီတပ်ဖွဲ့တွေရဲ့လက်ချက်ကြောင့် မကွေးတိုင်းက ကျေးရွာတရွာ ရွာလုံးကျွတ်မီးရှို့ခံခဲ့ရတဲ့ကိစ္စ အမေရိကန်နဲ့ ဗြိတိန်သံရုံး ရှုတ်ချ၊ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးရသူတွေ သိန်းနဲ့ချီများလာတဲ့အပေါ် ကုလစိုးရိမ်၊ အမေရိကန်-ရုရှား ထိပ်သီး အစည်းအဝေး အပြုသဘောဆောင် အဆုံးသတ်…စတဲ့ထိပ်တန်းရောက်သတင်းတွေကို တင်ပြထားပါတယ်။...more30minPlay
June 16, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၁၆-၂၀၂၁) - ဇွန် 16, 2021မြန်မာစစ်ကောင်စီတပ်တွေနဲ့ ဒေသခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားတိုက်ပွဲတွေ ဆက်ရှိနေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ အဖမ်းအဆီးတွေကြားကပဲ နေ့စဉ်ဆန္ဒပြပွဲတွေဆက်ရှိ၊ အမေရိကန်သမ္မတနဲ့ ရုရှားသမ္မတတို့ ဒီကနေ့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ တွေ့ဆုံ။...more30minPlay
June 15, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၁၅-၂၀၂၁) - ဇွန် 15, 2021ဒီကနေ့ ရန်ကုန် ကြည့်မြင်တိုင်က မြို့နယ်ပေါင်းစုံ ပြောက်ကျားသပိတ် ဖြိုခွဲခံရလို့ ဆန္ဒပြသူ ၄ ယောက်ထက်မနည်း ဖမ်းဆီးခံရ၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲထားတဲ့အမှုတချို့ ဒီသီတင်းပတ်ထဲ ဒုတိယနေ့ ဆက်လက်ကြားနာ၊ စစ်တပ်အာဏာသိမ်းထားတဲ့ ၄ လကျော်အတွင်း နေ့စဉ် သေဆုံး ဒဏ်ရရတဲ့ သတင်းတွေကြောင့် ကုလ စိုးရိမ်… စတဲ့ ထိပ်တန်းရောက်သတင်းတွေကို တင်ပြထားပါတယ်။...more30minPlay
June 14, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၁၄-၂၀၂၁) - ဇွန် 14, 2021စစ်ကောင်စီတပ်တွေရဲ့ အင်အားသုံးဖြိုခွင်းမှုကြားကပဲ ရန်ကုန်၊ မန္တလေးနဲ့ မြို့နယ်တချို့မှာ သပိတ်စုံ သူပုန်ထ ခေါင်းစဉ်နဲ့ ဒီကနေ့ ဆန္ဒပြ၊ မြန်မာစစ်တပ် အာဏာသိမ်းမှုနဲ့ စစ်ကောင်စီက အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို G 7 စက်မှု ထိပ်သီး ၇ နိုင်ငံ ခေါင်းဆောင်တွေ ပြင်းပြင်းထန်ထန် ရှုတ်ချ... စတဲ့ ထိပ်တန်းရောက် သတင်းတွေကို တင်ဆက်ထားပါတယ်။...more6minPlay
June 11, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၆−၁၁−၂၀၂၁) - ဇွန် 11, 2021ကယားပြည်နယ်အတွင်း လူ တသိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့တွေက အရပ်သားတွေရဲ့ နေအိမ်တွေနဲ့ ခရစ်ယန်ဘုရားကျောင်းတွေကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တဲ့အကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်နာမင်းကြီး Michelle Bachelet ကြေညာချက်ထုတ်၊ မြန်မာနိုင်ငံမှာ ကလေးငယ် ၅၆ ယောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ပြော...more7minPlay
June 10, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၆−၁၀−၂၀၂၁) - ဇွန် 10, 2021နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ တရားထပ်စွဲ၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ်အနီး တပ်မတော်ပိုင် လေယာဉ်ပျက်ကျမှုမှာ ၁၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ...more30minPlay
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,722 episodes available.