Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ဗွီအိုအေ မြန်မာဌာန၏ နေ့စဉ်တီဗွီသတင်းလွှာကို ည ၇ နာရီမှ ၇ နာရီခွဲအထိ နေ့စဉ် တိုက်ရိုက် ထုတ်လွှင့်ပေးနေပါသည်။... more
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,722 episodes available.
June 09, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၆−၀၉−၂၀၂၁) - ဇွန် 09, 2021ကယားပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်က လက်နက်ကိုင်နဲ့အရပ်သား မခွဲခြားဘဲ အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews တောင်းဆို၊ မြန်မာနိုင်ငံတွင်း အခြေအနေတွေဟာ တနေ့တခြား ပိုမို ဆိုးရွားလာနေပြီး အထူး စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ ဖြစ်လာနေပြီလို့ အမေရိကန်ပြည်ထောင်စုရဲ့ အင်ဒိုပစိဖိတ် မူဝါဒရေးရာ တာဝန်ခံ Kurt Campbell ပြော...more30minPlay
June 08, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၀၈-၂၀၂၁) - ဇွန် 08, 2021ကယားပြည်နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ လောလောလတ်လတ် တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၁ သိန်းလောက် ရှိနေတယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်၊ မြန်မာနိုင်ငံအရေး အာဆီယံအသင်းနဲ့ အနီးကပ် ဆက်သွယ် ဆောင်ရွက်နေကြောင်း တရုတ်နိုင်ငံ ပြောကြား..စတဲ့ ထိပ်တန်းရောက် မြန်မာနဲ့နိုင်ငံတကာသတင်းတွေ တင်ဆက်ထားပါတယ်။...more30minPlay
June 07, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၀၇-၂၀၂၁) - ဇွန် 07, 2021ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့အမှုတွေကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ်စစ်ဆေးဖို့ တရားသူကြီးလက်ခံ၊ ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ အာဆီယံ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖေါ်ဖို့ မြန်မာစစ်ကောင်စီကို အာဆီယံ တောင်းဆိုတဲ့ သတင်းအပါအ၀င် ထိပ်တန်းရောက် မြန်မာနဲ့နိုင်ငံတကာ သတင်းတွေကို တင်ပြထားပါတယ်။...more6minPlay
June 04, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၆−၀၄−၂၀၂၁) - ဇွန် 04, 2021ဇွန်လ၂၃ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတခုကို ကြားနာစစ်ဆေးမယ့်အကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ထုတ်ပြန် ထားပြီး ဒီအမှုအတွက် ရှေ့နေ နာမည် ဖော်ပြမထားတဲ့အပေါ်မှာ စိုးရိမ်စရာရှိ၊ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ကိုယ်စားလှယ်တွေနဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်မှာ တွေ့ဆုံ...more30minPlay
June 03, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၆−၀၃−၂၀၂၁) - ဇွန် 03, 2021ရန်ကုန်မြို့လယ်မှာ လူငယ်တွေဦးဆောင်တဲ့ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့ကဖြိုခွင်းခဲ့လို့ အနည်းဆုံးလူငယ်တစ်ဦး ဖမ်းဆီးခံရ၊ မြန်မာနိုင်ငံမှာ ဒီသီတင်းပတ်ထဲ အခြေခံပညာ စာသင်ကျောင်းတွေ ပြန်ဖွင့်လိုက်ပေမဲ့ ကျောင်းတွေ၊ ပညာရေး အဆောက်အဦးတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ရှိနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂက သတိပေး...more30minPlay
June 02, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၆−၀၂−၂၀၂၁) - ဇွန် 02, 2021မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား အပြန်အလှန် တိုက်ခိုက်မှုတွေ နေရာအတော်များများမှာ ဖြစ်ပွား၊ စစ်အာဏာသိမ်းပြီးနောက် ၄ လပြည့်လာတဲ့ အခုအချိန်ထိ မြန်မာစစ်တပ်က အရပ်သားတွေ အပေါ် သေကြေ ဒဏ်ရာရစေလောက်တဲ့ အင်အား သုံးနေဆဲပဲလို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့ ပြော...more30minPlay
June 01, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၀၁-၂၀၂၁) - ဇွန် 01, 2021စစ်တပ် အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး ကျောင်းမတက်ရေး လှုပ်ရှားမှုတွေရှိနေချိန် မြန်မာနိုင်ငံတ၀ှမ်း အခြေခံပညာကျောင်းတွေ ပြန်ဖွင့်၊ မြန်မာ့ စီးပွားရေးအကျပ်အတည်းနဲ့အတူ ဘိန်း စိုက်ပျိုးမှု ပြန်တိုးလာနိုင်ခြေ UNODC သတိပေး စတဲ့ ထိပ်တန်းရောက် မြန်မာနဲ့ နိုင်ငံတကာသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။...more30minPlay
May 31, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၅-၃၁-၂၀၂၁) - မေ 31, 2021မြန်မာစစ်တပ်က စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေ ရပ်ဆိုင်းထားကြောင်း ကြေညာထားပေမဲ့ ဒေသတချို့မှာ တိုက်ပွဲတွေဆက်ရှိနေ၊ မြန်မာ့အရေး တုံ့ပြန်ရာမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ ဦးဆောင်ကြိုးပမ်းမှု အမေရိကန် အသိအမှတ်ပြု စတဲ့ထိပ်တန်းရောက် သတင်းတွေ၊ သတင်းဆောင်းပါးနဲ့ ဆက်သွယ်မေးမြန်းချက်တွေ တင်ဆက်ထားပါတယ်။...more30minPlay
May 28, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၅−၂၈−၂၀၂၁) - မေ 28, 2021မြန်မာနိုင်ငံအတွင်း အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြသူတချို့ လက်နက်တွေ အသုံးပြုပြီး ခံစစ်ကနေ၊ ထိုးစစ်ကို ပြောင်းလာတာကြောင့် သွေးထွက်သံယို အခြေအနေ ပိုဆိုးလာနိုင်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ပြော၊ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အတွင်း တိုက်ပွဲတွေကြောင့် အခုချိန်အထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ စုစုပေါင်း ၈၅ ၀၀၀ ကျော် ရှိ...more30minPlay
May 27, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၅-၂၇-၂၀၂၁) - မေ 27, 2021မြန်မာနိုင်ငံ သဘာဝဓါတ်ငွေ့ တူးဖေါ်ရေး ဖက်စပ်လုပ်ငန်းအတွက် ပေးချေရမယ့် ငွေတချို့ကို ရပ်ဆိုင်းလိုက်တဲ့အကြောင်း ပြင်သစ် Total ရေနံ ကုမ္ပဏီနဲ့ အမေရိကန် Chevron ကုမ္ပဏီတို့က ကြေညာ၊ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်တွေအပေါ် အမေရိကန်သမ္မတ Joe Biden အစိုးရက ဖိအားပေးအရေးယူနေတဲ့အစီအစဉ်တွေအပေါ် ထိပ်တန်းရီပတ်ဘလစ်ကန် ခေါင်းဆောင် Mitch McConnell အားပေးထောက်ခံ။...more30minPlay
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,722 episodes available.