Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ဗွီအိုအေ မြန်မာဌာန၏ နေ့စဉ်တီဗွီသတင်းလွှာကို ည ၇ နာရီမှ ၇ နာရီခွဲအထိ နေ့စဉ် တိုက်ရိုက် ထုတ်လွှင့်ပေးနေပါသည်။... more
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,722 episodes available.
May 26, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၅-၂၆-၂၀၂၁) - မေ 26, 2021မြန်မာနိုင်ငံမှာ စစ်အာဏာရှင် ဖီဆန်ဆန္ဒပြမှုတွေ နိုင်ငံအနှံ့ ဆက်ရှိနေသလို အာဏာသိမ်း စစ်တပ်ကို ရရာလက်နက်စွဲကိုင်ပြီး တုံ့ပြန်တိုက်ခိုက်နေတဲ့ ကယားပြည်နယ်မှာတော့ လွိုင်ကော်မြို့နယ်ရှိ ထီးစဲခါးရဲစခန်းကို ကရင်နီပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့၊ အမေရိကန် သတင်းသမား အပါအဝင် မြန်မာနိုင်ငံတွင်း ဖမ်းဆီးခံနေရဆဲ ဒါဇင်နဲ့ချီတဲ့ သတင်းသမားတွေ အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ တောင်းဆို။...more30minPlay
May 25, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၅-၂၅-၂၀၂၁) - မေ 25, 2021မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်ကို ရရာလက်နက်နဲ့ အပြန်အလှန် ခုခံ တိုက်ခိုက်နေတဲ့ ကယားပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ရှိနေ၊ စစ်အာဏာသိမ်းပြီးတဲ့နောက် လူပေါင်း ၃,၄၀၀,၀၀၀ လောက် စားနပ်ရိက္ခာ မလုံလောက်တဲ့ ရှားပါးမှု အန္တရာယ် ရင်ဆိုင်ရနိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ပြော။...more30minPlay
May 24, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၅-၂၄-၂၀၂၁) - မေ 24, 2021မြန်မာနိုင်ငံတဝန်း ဆန္ဒပြလှုပ်ရှားမှုတွေ၊ စစ်ကောင်စီတပ်တွေရဲ့ ဖိနှိပ်မှုတွေဆက်ရှိနေသလို ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေလည်း ရှိ၊ ဖမ်းဆီးခံထားရတဲ့ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေရှိနေသမျှ ပါတီလည်းရှိနေမယ်လို့ ဒီကနေ့ရုံးထုတ်ချိန်မှာ ရှေ့နေကတဆင့် အမှာစကားပါး။...more30minPlay
May 21, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၅-၂၁-၂၀၂၁) - မေ 21, 2021စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ နိုင်ငံတစ်ဝှမ်းဆန္ဒပြမှုတွေ မြို့အတော်များများမှာ ဆက်ရှိ၊ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တဲ့အတွက် NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းမလား၊ မဲ မသမာမှု ကျုးလွန်ခဲ့တဲ့သူတွေကို အရေးယူမလား စဉ်းစား ဆောင်ရွက်သွားမယ့်အကြောင်း စစ်အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင် ပြော...more30minPlay
May 20, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၅-၂၀-၂၀၂၁) - မေ 20, 2021အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကိုစစ်အုပ်ချုပ်ရေးကောင်စီဘက်က ဖမ်းဆီးနေတဲ့ကြားကပဲ ဆန္ဒပြပွဲတွေ မြို့နယ်တချို့မှာ ကျို့ကြားကျို့ကြား ဆက်ရှိ၊ မြန်မာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြားတိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတဲ့ ဒုက္ခသည်တွေ သိသိသာသာတိုး...more30minPlay
May 19, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၅−၁၉−၂၀၂၁) - မေ 19, 2021စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို မြို့အတော်များများမှာ ပျောက်ကျားသပိတ်အဖြစ် ဆက်လုပ်၊ ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည်တွေ အတွက် အကူအညီ နောက်ထပ် ဒေါ်လာ ၁၅၅ သန်း ထပ်မံ ပေးအပ်မယ့် အကြောင်း အမေရိကန် ထုတ်ပြန်၊ ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် စားနပ်ရိက္ခာ ဖူလုံရေးဟာ ကုလသမဂ္ဂရဲ့ ထိပ်တန်း ဦးစားပေး အဖြစ် ဆက် ရှိ...more30minPlay
May 18, 2021နေ့စဉ် တီဗွီသတင်းလွှာ(၀၅-၁၈-၂၀၂၁) - မေ 18, 2021ချင်းပြည်နယ် မင်းတပ်မြို့မှာ မြန်မာစစ်တပ်ဘက်က တိုက်ခိုက်မှုကြောင့် အရပ်သား ၅၀ ထက်မနည်း ထိခိုက်ဒဏ်ရာရ၊ စစ်တပ်ရဲ့အကြမ်းဖက်နေမှုတွေ ချက်ချင်းရပ်ဖို့နဲ့ ကလေးငယ်တွေကို အကာကွယ်ပေးဖို့ ကုလသမဂ္ဂ ထပ်မံ တောင်းဆို၊ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်တွေအပေါ် အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါတို့က ပစ်မှတ်ထား အရေးယူမှုအသစ်တွေ တိုးမြှင့် ချမှတ်။ စတဲ့သတင်းတွေကို တင်ပြထားပါတယ်။...more30minPlay
May 17, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၅-၁၇-၂၀၂၁) - မေ 17, 2021ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက နေအိမ်တွေထဲထိ လိုက်လံနှိမ်နင်းလို့ မြို့ခံတွေ ဘေးလွတ်ရာထွက်ပြေး၊ ၂၀၂၀ မြန်မာရွေးကောက်ပွဲ လူထုဆန္ဒထင်ဟပ်ကြောင်း ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ ANFREL ထုတ်ပြန်၊ မြန်မာအလှမယ် သူဇာဝင့်လွင် အကောင်းဆုံး အမျိုးသားဝတ်စုံဆု ရ..စတဲ့ နောက်ဆုံးရသတင်းတွေ တင်ပြထားပါတယ်။...more30minPlay
May 14, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၅−၁၄−၂၀၂၁) - မေ 14, 2021မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်လုပ်ငန်းတွေ ကမောက်ကမဖြစ်ပြီး ဘဏ်တွေရှေ့မှာ ငွေထုတ်ဖို့ နေ့စဉ် လူတန်းရှည်ကြီးတွေ တန်းစီနေကြဆဲ၊ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ဂျပန်သတင်းထောက် Yuki Kitazumi ကို စစ်အုပ်ချုပ်ရေးကောင်စီက ပြန်လွှတ်ပေး...more30minPlay
May 13, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၅−၁၃−၂၀၂၁) - မေ 13, 2021မြန်မာနိုင်ငံတဝှမ်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပုံစံမျိုးစုံနဲ့ ဆက်ရှိနေ၊ မြန်မာနိုင်ငံ တိုင်းရင်းသား ဒေသတွေမှာ ပဋိပက္ခတွေ တကျော့ပြန် ဖြစ်ပွားရာက ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး၊ အကူအညီ အထောက်အပံ့တွေ ပေးအပ်ဖို့ခက်ခဲ...more30minPlay
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,722 episodes available.