Network Media Group (NMG)

Network Media Group (NMG)

Download on the App Store

Network Media Group (NMG) episodes

  • ACCURACY CHECK ( EP - 40 )

    ACCURACY CHECK ( EP - 40 )

    ဩဂုတ်လ - ၃၁ ရက်၊ ၂၀၂၂ ခုနှစ်။

    ဒီနေ့ပြောပြမယ့် သတင်းအမှားကတော့ ..........  လိပ်ကျွန်းလူသတ်မှုကြောင့် သေဒဏ်ချမှတ်ခံထားရတဲ့ ဝင်းနဲ့ဇော်ကို စစ်ဗိုလ်ချုပ်တွေ ညှိနှိုင်းမှုနဲ့ လွှတ်ပေးတယ်ဆိုတဲ့ သတင်းမှားဖြန့်ဝေထားတဲ့အကြောင်းကို ပြောပြပေးသွားမှာပါ။ 

    Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။

    6 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 44 )

    သတင်းထုတ်လွှင့်ချက် - ( EP - 44 )

    ဩဂုတ်လ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။

    ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ ..... ရခိုင်အခြေစိုက် DMG သတင်းဌာနက သတင်းထောက်နှစ်ယောက်ကို စွဲဆိုထားတဲ့ ပုဒ်မတွေထဲက နိုင်ငံ တော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က ကို စစ်တပ်က ပိတ်သိမ်းလိုက်ပါတယ်။ စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့အစပ်မှာရှိတဲ့ ရွာတွေထဲက စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ချိန် စစ်တပ်က ရွာတွေထဲမှာရှိတဲ့ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

    ဒါ့အပြင် ကရင်ပြည်နယ်၊ မြဝတီ - ဝေါ်လေ ကားလမ်းမ၊ စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ ကော်ဘရာစစ်ကြောင်း၊ Federal Wings Drone ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေဆက်ဖြစ်တဲ့အကြောင်းနဲ့ စစ်တပ်နဲ့ AA တို့အကြားက တိုက်ပွဲတွေကြောင့် ချင်းနဲ့ရခိုင်က ရွာသား ၂၀၀ နီးပါး ထပ်ပြီးထွက်ပြေး နေရပါတယ်။

    သတင်းလွှာတွေထဲမှာတော့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာအုပ်စုရှိ စစ်ဘေး ရှောင် ၆၀၀ ကျော်အတွက် စားနပ်ရိက္ခာအတွက် အကူအညီတွေ လိုအပ်နေအကြောင်း သတင်းပေးပို့ချက်နဲ့ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဟိုပုံးမြို့မှာ ပအိုဝ်းပြည်သူ့စစ် (PNA/PNO) က ရှမ်းပြည်နယ် အခြေစိုက် မီဒီယာ ၈ ခုကို အကြမ်းဖက်မီဒီယာတွေဖြစ်တယ်လို့ ဝါဒဖြန့် နေတဲ့အကြောင်းတွေကို နားဆင်ကြ ရမှာပါ။ 

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    15 min
  • ACCURACY CHECK ( EP - 39 )

    ACCURACY CHECK ( EP - 39 )

    ဩဂုတ်လ - ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။

    ဒီနေ့ပြောပြမယ့် သတင်းအမှားကတော့ .......... ချင်းပြည်နယ်က ကလေး မောင်နှမ သတ်ဖြတ်မှုကို ဖုံးကွယ်ဖို့အတွက် သတင်းမှားဖြန့်ဝေထားတဲ့ အကြောင်းတွေကို တင်ဆက်ပေးသွားမှာပါ။ 

    Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။

    5 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 43 )

    သတင်းထုတ်လွှင့်ချက် - ( EP - 43 )

    ဩဂုတ်လ ၂၉ ရက်၊ ၂၀၂၂ ခုနှစ်။

    ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ ..... ထားဝယ်မှာတော့ စစ်တပ်ထဲဝင်ရပ် ကျပ်သိန်း ၂၀ ပေးမယ်ဆိုပြီး လူငယ်တွေကိုစည်းရုံးနေပါတယ်။

    ဝါးခယ်မမှာတော့ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာတွေရဲ့ စားသောက်ရေးကို မြို့ခံဗလီတွေကတာဝန်ယူပေးနေရတဲ့ သတင်းပါတယ်။ 

    မွန်ပြည်နယ်အတွင်းရှိ မြို့နယ် တချို့မှာ တော်လှန်ရေး အမည်ခံပြီး ငွေတောင်းသူတွေ ရှိနေပါတယ်ဆိုတဲ့ သတင်းနဲ့ လူငယ် ၆ ယောက် ကို သံဖြူဇရပ် ရဲစခန်း ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီက အမှုဖွင့်လိုက်တဲ့ သတင်းတွေကိုနားဆင်ကြမှာပါ။

    သတင်းလွှာတွေထဲမှာတော့ လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU အနေနဲ့ စစ်ကောင်စီက ခေါ်ယူကျင်း ပတဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်ခဲ့တာဟာ လားဟူတစ်မျိုးသားလုံးကို သစ္စာ ဖောက်တာဖြစ်တယ်လို့ လားဟူ လူငယ်အဖွဲ့က ပြောဆိုလိုက်တဲ့အကြောင်းနဲ့ တခြား စိတ်ဝင်စားစရာကောင်းတဲ့ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ရှိပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    14 min
  • တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် (EP - 31 )

    တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် (EP - 31 )

    ဩဂုတ်လ ၂၉ ရက်၊ ၂၀၂၂ ခုနှစ်။

    ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းဆောင်းပါကတော့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာ သိမ်း မှု၊ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အပြင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေ၊ နယ်ခြား စောင့်တပ်ဖွဲ့ တွေရဲ့အကြောင်း သတင်းအမှန်တွေကို လူထုကိုရေးသား ချပြနေတဲ့ သတင်းဌာနတွေဟာ အကြမ်း ဖက်မီဒီယာတွေဆိုပြီး ဝါဒဖြန့်တာမျိုးတွေ တိုင်းနဲ့ပြည်နယ်အလိုက်မှာ တွေ့နေကြပါတယ်။ အခုလည်း ရှမ်း ပြည်နယ် အခြေစိုက် မီဒီယာတွေကို ပအိုဝ်းပြည်သူ့စစ်အဖွဲ့ က အကြမ်းဖက်မီဒီယာတွေဆိုပြီး ဝါဒဖြန့်ထားပါ တယ်။ ဒီလို ဝါဒဖြန့်နေတဲ့အပေါ် လူထုတွေရဲ့ အမြင်၊ ရှမ်းပြည်နယ်အခြေစိုက် သတင်းမီဒီယာဌာနတွေ အမြင် တွေကို Podcast အစီအစဉ်ကနေ တင်ဆက်ပေးထားပါတယ်။

    သတင်းနှင့် မီဒီယာ ကွန်ရက်က အခါအားလျော်စွာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့် နေပါတယ်။ တိုင်းရင်းသား အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။

    13 min
  • ACCURACY CHECK ( EP - 38 )

    ACCURACY CHECK ( EP - 38 )

    ဩဂုတ်လ - ၂၉ ရက်၊ ၂၀၂၂ ခုနှစ်။

    ဒီနေ့ပြောပြမယ့် သတင်းအမှားကတော့ .......... ဟိုပင် NLD က လူကို KIA က ပစ်သတ်သွားတယ်ဆိုပြီး သတင်းမှားဖြန့်ဝေထားတဲ့ အကြောင်းကို တင်ဆက်ပေးထားပါတယ်။

    Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။

    6 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 42 )

    သတင်းထုတ်လွှင့်ချက် - ( EP - 42 )

    ဩဂုတ်လ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။

    ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ ..... ဧရာဝတီတိုင်းထဲမှာ မိဘမဲ့ ကလေးတွေကို တပ်ထဲဝင်ဖို့ သွေးဆောင်စည်းရုံးနေပါတယ်။ KNU ဥက္ကဌ PPST ဦးဆောင်နာယက လုပ်မယ်လို့ ပြောဆိုလိုက်ပါတယ်။KNLA-PC၊ DKBA နဲ့ မွန်ပြည်သစ်တို့ စစ်ကောင်စီနဲ့ ဒုတိယ အကြိမ်တွေ့မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။စက်လှေတွေကို အဓိကအားထားရတဲ့ အင်းလေးဒေသမှာ ဆီဈေးတက်လို့ စက်လှေအများစု ရပ်နားထားရတဲ့သတင်းတွေကို နားဆင်ရမှာပါ။
     
    သတင်းလွှာထဲမှာတော့ ရှမ်းမြောက်၊ ကွတ်ခိုင်၊ မုံးစီးဒေသက စစ်ရှောင်တွေ WFP ကထောက်ပံ့မှုတွေ ရပ်တန့်လိုက်တဲ့အတွက် ကြုံနေရတဲ့ အခက်အခဲတွေ အကြောင်း နားဆင်ရဖို့ရှိပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    17 min
  • တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် (EP - 30 )

    တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် (EP - 30 )

    ဩဂုတ်လ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။

    ဒေသခံတွေကန့်ကွက်နေတဲ့ ကြားက ဆက်ပြီးတူးဖော်နေတဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အထက်ဘက် မြစ် ဆုံဒေသက ရွှေတူးဖော်မှုတွေက ပိုပိုပြီးဆိုးရွာလာတယ်လို့ ဒေသခံလူငယ်တွေကပြောပါတယ်။ ကာကွယ် ပေး မယ့်သူ၊ တားမြစ်ပေမယ့်သူတွေလည်း မရှိတဲ့အတွက် ဒီလိုသာဆက်တူးနေကြမယ်ဆိုရင် ရေရှည်မှာ ကချင် လူတွေရဲ့ အစပြုရာ သမိုင်းအမွေအနှစ် မြစ်ဆုံက ပျောက်ပျက်သွားနိုင်တဲ့အတွက် စိုးရိမ်တယ်လို့ ဆိုကြပါ တယ်။ နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတာကိုအခွင့်ကောင်းယူပြီး အုပ်ချုပ်သူတွေ၊ အာဏာရှိသူတွေနဲ့ လုပ်ငန်းရှင်တွေပေါင်းပြီး ဒေသခံတွေရဲ့ သဘောထား ဆန္ဒတွေကို လစ်လျူရှုပြီး လုပ်နေကြတဲ့ မြစ်ဆုံဒေသက စက် ယန္တရားကြီးတွေသုံးပြီး အလွန်အကျွံ ရွှေတူးဖော်နေတာတဲ့အကြောင်းတွေကို စုစည်း တင်ဆက်ပေးထားပါ တယ်။ 

    သတင်းနှင့် မီဒီယာ ကွန်ရက်က အခါအားလျော်စွာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့် နေပါတယ်။ တိုင်းရင်းသား အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။

    15 min
  • ACCURACY CHECK ( EP - 37 )

    ACCURACY CHECK ( EP - 37 )

    ဩဂုတ်လ - ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။

    ဒီနေ့ပြောပြမယ့် သတင်းအမှားကတော့ .......... မြဝတီလမ်း တောင်ပြိုကျတယ်ဆိုပြီး သတင်းမှား ဖြန့်ဝေထားတဲ့ အကြောင်းကို တင်ဆက်ပေးထားပါတယ်။ 

    Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။

    5 min
  • တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် (EP - 29 )

    တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် (EP - 29 )

    ဩဂုတ်လ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အပြစ်မဲ့ပြည်သူတွေအပေါ် စစ်ကောင်စီက နိုင်ငံကို ဆူပူအောင်၊ ပျက်စီး အောင်လုပ်တယ်၊ စစ်တပ်ကို ဆန့်ကျင်တယ်ဆိုတဲ့ ခေါင်းစဉ်အောင်ကနေ ပုံစံအမျိုးမျိုးနဲ့ ညှင်းပန်းနှိပ်စက်မှု တွေလုပ်နေတာ ဖြစ်ပါတယ်။ ဒီညှင်းပန်းနှိပ်စက်မှုတွေကြောင့် သေဆုံးသွားတဲ့သူတွေရှိသလို အကျဉ်းထောင် တွေထဲ ဖမ်းဆီးခံထားရသူတွေလည်း အများအပြားပါ။ တချို့လည်း အကျဉ်းထောင်တွေကနေ လွတ်မြောက် လာသူတွေလည်းရှိပါတယ်။ ဒီတပတ်ရဲ့ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် Podcast အစီအစဉ်ကနေ အကျဉ်းထောင်တွေထဲ ညှင်းပန်းနှိပ်စက်မှု အမျိုးမျိုးကို ခံခဲ့ရတဲ့သူတွေရဲ့ အတွေ့အကြုံတွေ ထွက်ဆိုချက် အသံတွေကို နားဆင်ကြရမှာပါ။ 

    သတင်းနှင့် မီဒီယာ ကွန်ရက်က အခါအားလျော်စွာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့် နေပါတယ်။ တိုင်းရင်းသား အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။

    17 min

About Network Media Group (NMG)

From the publisher's feed

Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.