Sign up to save your podcasts
Or

ACCURACY CHECK - (EP- 47 )
အောက်တိုဘာလ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်။
ပြောပြမယ့် သတင်းအမှားတွေကတော့ ..... ရက္ခိုင့်တပ်တော် AA ကို တိုက်ဖို့ ALP က အင်အားကြီးမားစွာဖြင့် လှုပ်ရှားလာဆိုပြီး သတင်းမှား ဖြန့်ဝေ ထားတဲ့ အကြောင်းနဲ့ ရက္ခိုင့် တပ်တော် AA က ပစ္စည်းလု လူသတ်တယ်ဆိုတဲ့ သတင်းမှား ဖြန့်ဝေထားတဲ့ အကြောင်းတွေကို တင်ဆက်ပေးသွားမှာပါ။
Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 55 )
အောက်တိုဘာလ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- PDF စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရသူ ပန်းရံ လုပ်သား မိသားစုနဲ့ အဆက်အသွယ်မရသေးပါဘူး။
မွန်ပြည်နယ် အခြေပြု တော်လှန်ရေး အဖွဲ့ တာဝန်ခံ တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ပါတယ်။
ပူတာအိုမြို့နယ်ထဲက ကချင်တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ သမိုင်းအမွေအနှစ် နေရာမှာ ရွှေတူးဖော်ဖို့ ပြင်ဆင်နေတာကို ဒေသခံတွေက ကန့်ကွက်လိုက်တဲ့ သတင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ဒီနှစ် မကုန်ခင် ပြုလုပ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ PPST က ပြောဆိုလိုက်တဲ့အကြောင်း သတင်းပေးပို့ချက်နဲ့ အတူ တခြားစိတ်ဝင်စားစရာသတင်းတွေကို တင်ဆက် ပေးထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 54 )
အောက်တိုဘာလ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ကျိုက်ထီးရိုး ပစ်ခတ်မှု ၃ ယောက်သေ၊ ၁၅ ယောက် ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ဖမ်းဆီးခံ ပြောက်ကျား တပ်ဖွဲ့ဝင် တလကြာတဲ့အထိ အဆက်အသွယ်မရသေးတာကြောင့်မိသားစုဝင်တွေက စိုးရိမ်နေပါတယ်။ ထားဝယ်ပြောက်ကျားအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့တွေ ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။ ရှမ်းပြည်ပြန်လည်ရေး ထူထောင်ရေး ကောင်စီ RCSS က ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးလိုတယ်လို့ ကြေညာချက် ထုတ်ပြန်လိုက်တဲ့ အကြောင်း သတင်းပေးပို့ ချက်နဲ့ အတူ တခြားစိတ်ဝင်စားစရာသတင်းတွေကို တင်ဆက် ပေးထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 53 )
အောက်တိုဘာလ ၇ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် ... မင်းပြားမှာ လက်နက်ကြီးကျည်ကျလို့ စစ်ရှောင်အမျိုးသမီးတစ်ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။ ထောင်ကနေ လွတ်လာတဲ့ ဖားကန့် သတင်းထောက် အသည်းရောဂါ ခံစားနေရပါတယ်။ ရေးတိုက်ပွဲ နှစ်ဘက် အကျအဆုံးရှိခဲ့ပါတယ်။ KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်ထဲက ပရိယတ္တိစာသင်တိုက် ကျောင်းကြီးကို စစ်တပ်က လေယာဉ်နဲ့ လာ ရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စာသင်တိုက်ကျောင်းကြီး မီးလောင်သွားပြီး ဦးဇင်းတစ်ပါး ထိခိုဏ်ဒဏ်ရာ ရရှိ သွားတဲ့ အကြောင်းနဲ့အတူ တခြားစိတ်ဝင်စားစရာသတင်းတွေကို တင်ဆက် ပေးထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 52 )
အောက်တိုဘာလ ၆ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ကင်းလှည့်နေတဲ့ စစ်တပ်က ဖားကန့်က ကချင်လူငယ်တစ်ယောက်ကို ပစ်သတ်လိုက်ပါတယ်။ ရှမ်းမြောက် နမ္မတူမှာ KIA, PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ သကြားဈေးတက်၍ ချဉ်စော်ကားသီး ဝိုင် လုပ်ငန်းလုပ်သူ အမျိုးသမီးတွေအခက်တွေ့နေတဲ့ သတင်းအပါအဝင် ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲက ပဒဲကောကျေးရွာ ဒေသခံ ၂ ယောက် လက်နက်ကြီး ထိမှန်သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သတင်းပေးပို့ချက်တွေနဲ့အတူ တခြားစိတ်ဝင်စားစရာသတင်းတွေကို တင်ဆက် ပေးထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 51 )
စက်တင်ဘာလ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ကချင်ပြည်နယ် တနိုင်းဒေသ စစ်ရှောင်တွေကို နေရပ်ပြန်ပို့တာမျိုးထက် တနိုင်းဒေသပတ်ဝန်းကျင်မှာ နေစရာ နေရာစီစဉ်ပေးစေချင်တယ်လို့ စစ်ရှောင်တွေက တောင်းဆိုလိုက်ပါတယ်။ အင်းလေး ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီတဲ့ပွဲတော်ကို ဒီနှစ်မှာလည်း အကျဉ်းချုံးသာ ကျင်းပခဲ့ရတဲ့ အကြောင်း သတင်းပေးပို့ချက်တွေနဲ့အတူ တခြားစိတ်ဝင်စားစရာသတင်းတွေကို တင်ဆက်ပေး ထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 50 )
စက်တင်ဘာလ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ - မြိတ်ခရိုင်မှာ စစ်ကား ၄ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား အနည်းဆုံး ၁၀ ယောက် သေဆုံး သွားပါတယ်။ ဧရာဝတီတိုင်းထဲမှာ အလုပ်ပြန်ဝင်တဲ့ CDM ပညာရေး ဝန်ထမ်းတွေ ငွေညှစ်ခံနေရပါတယ်။ ဟိုင်းကြီးကျွန်းမှာ ရခိုင်တချို့ AA နဲ့ ပတ်သက်တယ်ဆိုတဲ့သံသယနဲ့ စစ်တပ်က ဖမ်းဆီးတာကို ခံနေရပါတယ်။ မြစ်ကြီးနားမြို့ပေါ်က ရပ်ကွက်တွေထဲ ခရိုင်ရဲက ညအချိန် ဝင်ရောက်ရှာဖွေနေတဲ့ သတင်းတွေနဲ့အတူ တခြားစိတ်ဝင်စားစရာသတင်းတွေကို တင်ဆက်ပေး ထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 49 )
စက်တင်ဘာလ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ - အင်းလေးကို စစ်ဘေးရှောင်လာကြတဲ့ ကရင်နီစစ်ရှောင် ၅၀၀၀ နီးပါးကို စစ်ကောင်စီတပ်က စက်တင်ဘာလကုန်ပိုင်းမှာ နေရပ်ကိုပြန်ခိုင်းထားပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ကရင်နီ အမှတ် ၁ ဒုက္ခသည်စခန်းမှာ ကိုဗစ် - ၁၉ ကူးစက်မှုတွေ များလာနေတဲ့ အကြောင်း သတင်းတွေနဲ့အတူ တခြားစိတ်ဝင်စားစရာသတင်းတွေကို တင်ဆက်ပေး ထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 48 )
စက်တင်ဘာလ ၂၉ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ - စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် AA ရဲ့ အကျဉ်းထောင် ၂ ခု ထိမှန်ပြီး အကျဉ်းသားတွေ ထိခိုက်သေဆုံးခဲ့ပါတယ်။ ရေး (စသုံးလုံး) အထူးစုံစမ်းစစ်ဆေးရေး ရုံး မိုင်းထောင် ဖောက်ခွဲခံခဲ့ရပါတယ်။ ကောလင်း ကန့်ဘလူ ဒေသခံ ၁၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပါတယ်။ မြစ်ကြီးနား ထောင်အတွင်း ဖမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ သေဆုံးတယ်ဆိုတဲ့ သတင်းကြောင့် မိသားစုများ စိုးရိမ်နေတဲ့အကြောင်း သတင်းတွေနဲ့အတူ တခြားစိတ်ဝင်စားစရာသတင်းတွေကို တင်ဆက်ပေး ထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
ACCURACY CHECK - (EP- 46 )
စက်တင်ဘာလ ၂၉ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီနေ့ပြောပြမယ့် သတင်းအမှားကတော့ ..... နှမဒါ ကျေးရွာအနီးက AA စခန်းကုန်းကို စစ်ကောင်စီတပ်က သိမ်းတယ်ဆိုပြီး သတင်အးမှား ဖြန့်ဝေထားတဲ့ အကြောင်းကို တင်ဆက် ပေးထားပါတယ်။
Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
From the publisher's feed
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.