Sign up to save your podcasts
Or

သတင်းထုတ်လွှင့်ချက် - ( EP - 70 )
နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- မူဆယ်ပေါက်ကွဲမှုကြောင့် ဒေသခံတွေ စိုးရိမ်၊ အရပ်သားထိခိုက်မှုအတွက် ပြည်သူ့ လုံခြုံရေးနှင့် ကာကွယ် ရေးအဖွဲ့ က တောင်းပန်လိုက်ပါတယ်။ တာမိုးညဲမှာ တိုက်ပွဲကြောင့် နေအိမ်အချို့ ပျက်စီးခဲ့ပါတယ်။ နိုဝင်ဘာအတွင်း စစ်ကောင်စီနဲ့ PDF (မန္တလေး) တို့အကြား တိုက်ပွဲ ၈ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် ထားဝယ်၊ သရက်ချောင်းမှာ စစ်ဘက် လေယာဉ်တစ်စီး အရေးပေါ် ဆင်းသက်ခဲ့ရတာနဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ် အောင်အောင်မြင်မြင်နဲ့ ကျယ်ကျယ်ပြန့်ပြန် ဖြစ်ပေါ်လာမှာကို စစ်ကောင်စီ က လိုလားမှုမရှိဘူးလို့ ဘာ့ကြောင့် ပြောဆိုလိုက်တာလဲဆိုတဲ့အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
ACCURACY CHECK - (EP- 52 )
နိုဝင်ဘာလ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းအမှားတွေကတော့ .... မဆိုင်တဲ့ ဓါတ်ပုံတွေသုံးပြီး AA က အရပ်သားတွေကို လူသားဒိုင်းအဖြစ် သုံးတယ်ဆိုတဲ့ သတင်းအမှားနဲ့ AA တပ်ဖွဲ့ဝင်တွေ ထွက်ပြေးနေတယ်ဆိုတဲ့ သတင်းအမှားတွေကို တင်ဆက်ပေး သွားမှာပါ။
Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 69 )
နိုဝင်ဘာလ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ကော့သောင်းမှာ PDF တွေကို ကျပ် ၁၅ သိန်း ဆုငွေထုတ်ထားပါတယ်။ ဒီးမော့ဆိုမှာ အရပ်သားတစ်ယောက် မိုင်းနင်းမိပြီး သေဆုံးသွားပါတယ်။
ပုသိမ်ထောင်က လွတ်လာသူတွေထဲ သတင်းထောက် တစ်ယောက်နဲ့ နိုင်ငံရေး အကျဉ်းသား ၄၆ ယောက် ပါဝင်တယ်ဆိုတဲ့ သတင်းနဲ့ မန္တလေးမှာ အိမ်အလုံးရေ ၃၀၀ လောက်ကို ကျူးကျော်လို့ စွပ်စွဲခံရပြီး ဖြိုချခံလိုက်ရပါတယ်။ ဒါ့အပြင် ဒဏ်ရာပြင်းထန်တဲ့ ပြောက်ကျားအဖွဲ့ဝင် ဆိုသူတွေ ဆေးကုခွင့်မရပါဘူး။
စစ်တပ်ရဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ လူနေရပ်ကွက်နဲ့ ကျေးရွာတွေ၊ စစ်ရှောင်စခန်းတွေဘက်ကို ပစ်ခတ်နေမှုတွေ ကြောင့် ဒီးမော့ဆို မြို့နယ်အတွင်း ၅ နှစ်အရွယ် မိန်းကလေး တစ်ယောက် သေဆုံးပြီး ကလေးငယ်တွေ အပါ အဝင် ဒေသခံ ၁၀ ယောက်လောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီဆောင်ရွက် ပေးနေသူတွေက ပြောတဲ့ အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 68 )
နိုဝင်ဘာလ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ၅ နှစ်အရွယ် မိန်းကလေး သေဆုံးသွားပါတယ်။ အင်းတော်ကြီးဒေသ နှစ်ရက် တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ ၄ ယောက် သေဆုံးခဲ့ပါတယ်။ KNU နယ်မြေ ခနောက်စိမ်း သတ္တုမိုင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ တိမ်းရှောင်နေတဲ့ သရက်ချောင်းမြို့နယ်ထဲက စစ်ကောင်စီ သတင်းပေးဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရပါတယ်။
ဒါ့အပြင် လောင်းလုံးမြို့နယ်မှာ ကွမ်းသီးတင်ကားနဲ့ လိုက်ပါလာသော ပျူစောထီး အဖွဲ့ဝင် တစ်ယောက် ပစ်သတ်ခံလိုက်ရ ပါတယ်။နယ်မြေကျော်ပြီး ဝင်လာတယ်ဆိုတဲ့ ရိုဟင်ဂျာ ၃၅ ယောက်ကို ဘိုကလေး တရားရုံးကနေ နှစ်ရှည်ထောင် ဒဏ်တွေ ချမှတ်လိုက်တဲ့ သတင်းတွေကို နားဆင်ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 67 )
နိုဝင်ဘာလ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ဧရာဝတီတိုင်း စစ်ကောင်စီက ဝန်ထမ်းတွေကို ယူနီဖောင်းမဝတ်ဖို့နဲ့ ဝန်ထမ်းကပ် မဆောင်ထားကြဖို့ ညွှန်ကြားထားပါတယ်။ မော်လမြိုင်မြို့တွင်း ပစ်ခတ်မှု PDF ၅ ယောက် ဖမ်းခံရ၊ စစ်ကောင်စီဘက် ၂ ယောက် သေဆုံးသွားပါ တယ်။ မြိုင်မှာ တိုက်ပွဲ ဖြစ်ပြီးနောက် စစ်တပ် ရွာသားတွေရဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ကျိုက်လတ်မှာ ပျူစောထီးတစ်ယောက် ပစ်ခတ်ခံရပြီးနောက် ဒေသခံ ၃၅ ယောက် ဖမ်းခံလိုက်ရပါတယ်။ သတင်းလွှာတွေထဲမှာတော့ ဖယ်ခုံမြို့နယ် တော်လှန်ရေးအင်အားစုတွေနဲ့ NUG အစိုးရရဲ့ နာမည်တွေ အသုံးချပြီး ကျောင်းတွေ ဖွင့်နေတဲ့အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို နားဆင်ရ မှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
ACCURACY CHECK - (EP- 51 )
နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းအမှားတွေကတော့ .... PDF တွေကို KIA က မလိုချင်ဘူးဆိုတာနဲ့ အိမ်ပြန်ရင် သတ်ပစ်မယ်လို့ KNU က ခြိမ်းခြောက်ကြောင်း သတင်းမှားဖြန့်ဝေထားတဲ့ အကြောင်း၊ PDF နဲ့ KIA တပ်တွေ အကြား ပစ်ခတ်မှု ဖြစ်တယ်ဆိုတဲ့ သတင်းမှားဖြန့်ဝေထားတဲ့ အကြောင်းတွေကို တင်ဆက်ပေးသွားမှာပါ။
Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 66 )
နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ကျိုက်မရောမှာရှိတဲ့ ချောင်း နှစ်ခွ ရဲစခန်းနဲ့ တံတားဂိတ်ကို KNLA ပူးပေါင်းအဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက်
ရဲ သုံးယောက်သေဆုံးပြီး လေးယောက် အဖမ်းခံရခဲ့ရပါတယ်။
သထုံခရိုင်အတွင်းမှာ အရပ်သား ၃ ဦးကို စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ KNU က ပြောပါတယ်။
စစ်ကောင်စီ ရဲစခန်းကို နဂါးနီ ပြောက်ကျားအဖွဲ့ လက်စားချေ တိုက်ခိုက်ခဲ့တဲ့သတင်းနဲ့ ပြည် ထောင်တရားရုံးကနေ ပရဟိတ သမားနှစ်ဦးကို နှစ်ရှည်ထောင်ဒဏ်ချမှတ် သတင်းတွေကို နားဆင်ရမှာ ပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 65 )
နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- အော်ဒါမရတဲ့အတွက် အထည်ချုပ် စက်ရုံ ပိတ်လိုက်တဲ့တာကြောင့် အလုပ်သမား ၈၀၀ ခန့် အလုပ်လက်မဲ့ ဖြစ်သွားပါတယ်။ ထားဝယ်မှာ သတ်ဖြတ်ခံရသူနဲ့ အတူ ဖမ်းခံရတဲ့အမျိုးသား ပြန်လည် လွတ်မြောက်လာတဲ့ သတင်းနဲ့ လောင်းလုံးမှာ ပျူစောထီး တစ်ယောက် ပစ်သတ်ခံ လိုက်ရပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်းမှာ တောင်သူတွေကို “နေကြာ” စိုက်ဖို့ ဖိအားပေးနေတဲ့ သတင်း၊ မြိတ်-ထားဝယ် လမ်း အသုံးမပြုဖို့ PDF အဖွဲ့က ကြေညာချက်ထုတ်ပြန်ထားတဲ့ သတင်းနဲ့ အရပ်သားတွေ ဖမ်းလာတဲ့ တပ်ရင်းမှူးကား တိုက်ခိုက်ခံရပြီး တပ်ရင်းမှူးအပါအဝင် သုံးယောက်သေဆုံး သတင်းတွေကို နားဆင်ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 64 )
နိုဝင်ဘာလ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ရှမ်းတောင် ဖယ်ခုံမှာတော့ တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ကလေးအပါအဝင် အရပ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ KNU မူတြော်ခရိုင်ထဲ စစ်တပ်က လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင်း ဒေသအတွင်းက မူလတန်း ကျောင်းနဲ့ ဘုရားကျောင်းတစ်ကျောင်း ပျက်စီးသွားပါတယ်။
စစ်ကောင်စီ ဖမ်းသွားသော PDF ခေါင်းဆောင်ရဲ့ ဖခင် အလောင်းကို တံတားတစ်ခုမှာ ပြန်တွေ့ခဲ့ပါတယ်။ ကျောက်မဲ မြို့ခံ နှစ်ယောက်ကို စစ်ကောင်စီတပ်ကဖမ်းဆီးသွားခဲ့ပါတယ်။
သတင်းလွှာထဲမှာတော့ ကျောက်မဲ စစ်ရှောင်တွေ အိမ်ပြန်ရန် မဖြစ်နိုင်သေးဘူးလို့ စစ်ရှောင်တွေက ပြောပါတယ်။ ဘာလို့ မပြန်နိုင် သေးတာလဲ၊ မြေပြင်မှာ ဘာတွေဖြစ်နေလဲ။ ဒီအကြောင်း သတင်းပေးပို့ချက်နဲ့ တခြားစိတ်ဝင်စားစရာ သတင်း တွေကို နားဆင်ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 63 )
နိုဝင်ဘာလ ၉ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ဝက်လက်မှာ လက်နက်ကြီးကျလို့ ကိုယ်ဝန်ဆောင် အမျိုးသမီး သေဆုံးသွားပါတယ်။ စစ်ကောင်စီရဲ့ ခြေလျင် စစ်ကြောင်းနဲ့ ယာဉ်တန်း ၂ ကြိမ် မိုင်းဆွဲ တိုက်ခံရတဲ့သတင်း လောင်းလုံး PDF စခန်း စီးနင်း သိမ်းပိုက်ခံရပါတယ်။
ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် ဟောင်းတစ်ဦး ထားဝယ်မှာ ပစ်သတ်ခံရတဲ့သတင်းနဲ့ ရေးက ပျောက်ဆုံးနေတဲ့ အမျိုးသမီး ဓားထိုးသွင်းဒဏ်ရာတွေနဲ့ ပြန်တွေ့ပေမယ့်လက်ဝတ်လက်စားတွေ ပျောက်ဆုံး နေတဲ့သတင််းတွေကို ပြောပြပေးထားပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ စစ်တပ်က အာဏာသိမ်းပြီးနောက် NUG လက်အောက်ခံ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ် ရေးရာဝန်ကြီးဌာနကို တိုင်ကြားလာတဲ့ အမှုပေါင်း ၆၅ ခု ရှိပြီလို့ အဲ့ဒီဝန်ကြီးဌာန တာဝန်ရှိသူက ပြောတဲ့ အကြောင်း သတင်းပေးပို့ချက်နဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
From the publisher's feed
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.