Sign up to save your podcasts
Or

သတင်းထုတ်လွှင့်ချက် - ( EP - 83 )
ဇန်နဝါရီလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။
ပြောပြပေးမယ့် သတင်းတွေကတော့ ---- ကျုံဒိုးမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အယောက် ၉၀ ကျော် ကျဆုံးခဲ့ပါတယ်။ ဖားကန့်မှာတော့ စစ်ကောင်စီတပ်စခန်းဂိတ်တွေ ဒီရက်ပိုင်း ဆက်တိုက် တိုက်ခိုက်ခံနေရပါတယ်။
ဘောလခဲမှာ စစ်တပ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီက အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းထိုးဖို့ စီစဉ်နေပါတယ်။ မြစ်ကြီးနားက စစ်တပ်ပိုင် မြဝတီဘဏ်ခွဲ ဗုံးခွဲခံရပြီး အစောင့် စစ်သား ၂ ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ ကန့်ဘလူမှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ ရှမ်းမြောက်က တရုတ်-မြန်မာနယ်စပ်ဂိတ်တွေ ဝင်ထွက်သွားလာနိုင်ဖို့ အတွက် ယာယီ နိုင်ငံကူးလက်မှတ်တွေ စတင်လုပ်ပေးနေတဲ့ အကြောင်းတွေကို နားဆင်ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 82 )
ဇန်နဝါရီလ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- KIO ထိန်းချုပ်နယ်မြေထဲက မိုင်ဂျာယန်ကောလိပ်မှာ ဘာသာရပ် ၃ ခု တိုးချဲ့ သင်ကြားသွားမယ်လို့ ဆိုပါတယ်။ မောင်းမကန်ဘက်မှာ PDF အယောင်ဆောင်ပြီး ဖုန်းကနေ ငွေတောင်းခံတာတွေ လုပ်နေတာနဲ့ ဧရာဝတီတိုင်းထဲက ဂဏာန်းပျော့လုပ်ငန်း ရပ်တည်ရေး အခက်ကြုံနေရပါတယ်။
ဒါ့အပြင် စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ်က USDP အတွက် မဲဆွယ်နေတယ်လို့ ဧရာဝတီတိုင်းထဲက ဒေသခံတွေက ပြောဆိုထားတဲ့ သတင်းနဲ့ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ပြုစုတဲ့ ထွေအုပ်ရုံး တိုက်ခိုက်ခံရပြီး စစ်သား ၃ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်းပေးပို့ချက်တွေ ထဲမှာတော့ ကယား(ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခတ်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ အကြောင်းတွေကို နားဆင်ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
ACCURACY CHECK - (EP- 57)
ဇန်နဝါရီလ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။
ဒီနေ့မှာတော့ ပြောပြပေးမယ့် သတင်းအမှားတွေကတော့.......... KIO အတွင်း အာဏာသိမ်းတယ်ဆိုတဲ့ သတင်းအမှားနဲ့ KIO ခေါင်းဆောင် တစ်ယောက် သေဆုံးမှုကို လုပ်ကြံခံရတယ်ဆိုပြီး သတင်းအမှား ဖြန့်ဝေထားတဲ့ အကြောင်းတွေကို တင်ဆက်ပေးသွားမှာပါ။
Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 81 )
ဇန်နဝါရီလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ကော့သောင်း-ထားဝယ်သွားလမ်းမှာ စစ်သုံးပစ္စည်းတွေနဲ့ အတူ အမျိုးသားတစ်ယောက် ဖမ်းဆီးခံလိုက်ရပါတယ်။ ပုသိမ် ထောင်အတွင်း ရိုက်နှက်မှုကြောင့် နိုင်ကျဉ်းတစ်ယောက် သေဆုံးသွားပါတယ်။
မဲစာရင်းကောက်ရာမှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို အရေးယူသွားမယ်လို့ တနင်္သာရီ ပအဖ က သတိပေးလိုက်တဲ့ သတင်းနဲ့ အင်းလေး သန်းထောင်ဈေး ပိတ်ထားလို့ ဈေးသည်တွေ အခက်ကြုံနေရတယ်ဆိုတယ်ဆိုတဲ့ သတင်းတွေအပြင် မင်းတုန်းမှာ အုပ်ချုပ်ရေးမှူး နေအိမ်ကို ဝင်ရောက်တိုက်ခိုက်ပြီး အုပ်ချုပ်ရေးမှူးကားကို ဖောက်ခွဲ ဖျက်ဆီး ခဲ့တဲ့သတင်းတွေကို ကြားကြရမှာပါ။
သတင်းပေးပို့ချက်တွေ ထဲမှာတော့ ရှမ်းမြောက်၊ ကွတ်ခိုင်မြို့နယ်ထဲရှိ ရွာတစ်ရွာက အသက် ၁၄ နှစ်အရွယ် အိမ်အကူ အမျိုးသမီးငယ်လေးတစ်ယောက်ကို အိမ်ရှင်အမျိုးသားက ၃ လ ကျော်အကြာ အဓမ္မပြုကျင့်ခဲ့ပါ တယ်။ ကျူးလွန်သူကို PSLF/TNLA က ဖမ်းဆီးပြီး စစ်ဆေးမှုတွေကို လုပ်ဆောင်နေတဲ့အကြောင်း နားဆင် ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 80 )
ဇန်နဝါရီလ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- လွတ်ငြိမ်းနဲ့ လွတ်လာတဲ့ ဆရာဝန် ထောင်ဝမှာ ပြန်အဖမ်းခံ ခဲ့ရပါတယ်။ ဈေးဝယ်ထွက်တဲ့ ရဲတစ်ယောက် ပစ်သတ်ခံရတဲ့သတင်းနဲ့ NLD မြို့နယ် အတွင်းရေးမှူးနဲ့ လူငယ် ၅ ယောက်ကို ထောင်ဒဏ် ၁၀ နှစ်စီချလိုက်ပါတယ်။
ဒါ့အပြင် နိုင်ငံရေး အကျဉ်းသား ၄ ယောက်ကို နှိပ်စက်တဲ့အတွက် ထောင်တွင်း ဆူပူမှုဖြစ်ခဲ့ တယ်ဆိုတာနဲ့ အုတ်ဖို လဝကနဲ့ အမျိုးသား မှတ်ပုံတင်ရေးရုံးကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက် ခံခဲ့ရပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသား မီဒီယာတချို့ လုံခြုံရေး အခြေအနေနဲ့ ရပ်တည်မှု အခက်အခဲတွေကြောင့် ပျောက်ကွယ်သွားတယ်လို့ နိုင်ငံတကာ မြန်မာ သတင်း BNI က ပြောဆိုလိုက်တဲ့အကြောင်းနဲ့အတူ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
ACCURACY CHECK - (EP- 56)
ဒီဇင်ဘာလ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းအမှားတွေကတော့ .... စစ်ကိုင်းတိုင်းထဲက ရွာတွေ မီးရှို့တာ စစ်တပ်မဟုတ်ပဲ KIA ဆိုပြီး သတင်းအမှား ဖြန့်ဝေထားတဲ့ အကြောင်း
နဲ့ PDF တွေက လူထု စိုက်ခင်းတွေ ခူးရောင်းတယ်လို့ သတင်းအမှား ဖြန့်ဝေထားတဲ့ အကြောင်းတွေကို တင်ဆက်ပေးထားပါတယ်။
Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 79 )
ဒီဇင်ဘာလ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ဒေါက်တာခလမ်ဆမ်ဆွန်ကို ပုဒ်မ ၁၇-၁ အပြင် အကြမ်းဖက်မှု ပုဒ်မတွေနဲ့ စစ်တပ်က အမှုဖွင့်လိုက်ပါတယ်။
စစ်ကောင်စီနဲ့ အပစ်ရပ် ၅ဖွဲ့ တွေ့ဆုံပွဲအပြီး သဘောတူညီချက် ၄ ချက်ရရှိခဲ့ပါတယ်။
ဖားကန့်မြို့နယ်ထဲ လက်နက်ကြီးကျည်ကျပြီး ကလေးတွေအပါအဝင် ဒေသခံ ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ ရှမ်းမြောက်၊ နမ့်ဆန်မြို့နယ်ထဲက ကုန်းသာရွာသားတွေ နေရပ်ပြန်ဖို့ အိမ်တွေမရှိတော့တာကြောင့် အခက်တွေ့နေတဲ့အကြောင်းနဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ် မှုတို့ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ကုန်းသာကျေးရွာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ အတွက် ကော်မတီ တစ်ရပ်ကို PSLF/TNLA က ဖွဲ့စည်းလိုက်တဲ့ အကြောင်းတွေကို နားဆင်ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 78 )
ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- မော်လမြိုင်တက္ကသိုလ် ရူပဗေဒကျောင်းသားတစ်ဦး ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခံရပါတယ်။
ဖားကန့်မှာ ဖမ်းဆီးခံထားရတဲ့သူ အများအပြား ပြန်မလွတ်သေးဘူးဆိုတဲ့ သတင်းနဲ့ စစ်ကိုင်းမြို့နယ် မြင်းဆည်ရွာက အိမ်အလုံးရေ ၁၀၀ ကျော် မီးရှို့ခံရတဲ့သတင်းတွေ ပါဝင်ပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲက အဖွဲ့ ၅ ဖွဲ့နဲ့ စစ်ကောင်စီတို့ နေပြည်တော်မှာ တွေ့ဆုံနေတဲ့အကြောင်းနဲ့ တခြား စိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 77 )
ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီပဲယင်းမြို့နယ်ထဲ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရနေရလို့ နေရပ်မပြန်နိုင်ကြသေးတဲ့အကြောင်း အသေးစိတ် ဆက်သွယ်မေးမြန်းချက်ကို တင်ဆက်ပေးပါ့မယ်။
မြေပြင်မှာ ဘာတွေဖြစ်နေတာလဲ၊ ဘယ်လောက်အထိ အခြေအနေဆိုးရွားနေလဲ၊ ဘယ်စစ်တပ်က စစ်ရေး လှုပ် ရှားနေတာလဲ၊ ဘယ်တပ်ဖွဲ့တွေက ရွာကို မီးရှို့ခဲ့တာလဲ။ စစ်ဘေးရှောင်ရွာသားတွေရဲ့ အခြေအနေ ဘယ်လိုရှိလဲ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ဒီပဲယင်းစစ်ရှောင် ထောက်ပံ့ရေးအဖွဲ့က တာဝန်ရှိသူ တစ်ယောက် ဆက်သွယ်မေးမြန်းထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 76 )
ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- အပစ်ရပ် ၅ ဖွဲ့နဲ့ စစ်ကောင်စီတို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တဲ့သတင်း ၊ ရှမ်းမြောက် မုံးကိုးမြို့နယ်ထဲက MNDAA ကိုးကန့်တပ်ဖွဲ့ရဲ့စခန်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့ရာ ကိုးကန့်ဘက် ၁ ယောက် သေ ၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ ခမရ ၅၉၁ တပ်ရင်းက စစ်ကားတစ်စီးကို ရေးဘီလူး အဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ယောက် သေဆုံးသွားပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ ရှမ်းမြောက် မုံးကိုးမြို့နယ်ထဲမှာရှိတဲ့ ရွာတွေထဲ လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တဲ့အတွက် ကျေးရွာအနီးအနားမှာ တိုက်ပွဲတွေ မဖော်ဆောင်ကြဖို့ ဒေသခံတွေက တောင်းဆိုထား တဲ့အကြောင်းနဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန် ဖမ်းဆီးခံရမှုနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ အခြေအနေတွေကို နားဆင်ကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
From the publisher's feed
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.