Sign up to save your podcasts
Or

သတင်းထုတ်လွှင့်ချက် - ( EP - 87 )
ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။
ပြောပြပေးမယ့် သတင်းတွေကတော့ ---- စစ်ကောင်စီ လက်နက်ကြီးကြောင့် ထီးချိုင့်မှာ ကလေး ၁ ယောက် အပါအဝင် ၅ ယောက် ဒဏ်ရာရသွားပါတယ်။
ရှေ့တန်းပို့ခံရမှာကို စိုးတဲ့ ပျူစောထီးတချို့တိမ်းရှောင်နေရပါတယ်။ မိုးကုတ်က ရဲတစ်ယောက် သေနတ်နဲ့ပစ်ခတ်ခံလိုက်ရပါတယ်။ ခရီးသည်တင်ကား ပစ်ခံရပြီူ အမျိုးသမီးတစ်ယောက်နဲ့ ကလေးတစ်ယောက် သေဆုံးတဲ့သတင််းနဲ့ ရေး မြစ်ကူးတံတားကြီးဂိတ်ကို ရေဘီလူး အဖွဲ့ ဝင်တိုက်ခိုက်တဲ့သတင်းတို့ကို ကြားရမှာပါ။
သတင်းပေးပို့ချက်တွေထဲမှာတော့ ရေခဲတောင်ရှိရာ ပူတာအိုဒေသက ထွက်တဲ့ ဆေးဘက်ဝင် ရှ ပင်က တစ်နှစ်ထက် တစ်နှစ်ပိုမိုရှားပါးသွားတယ်လို့ ဒေသခံတွေက ပြောတဲ့အကြောင်းတွေကို နားဆင်ကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 86 )
ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။
ပြောပြပေးမယ့် သတင်းတွေကတော့ ---- ဧရာဝတီတိုင်းမှာ ဆန်၊ စပါးဈေးတွေ စံချိန်တင် မြင့်တက်နေပါတယ်။ နတ္တလင်းမှာတော့ ဒေသန္တရ အမိန့်နဲ့ ဆိုင်ကယ်စီးခွင့်ကတ်တွေ ပြုလုပ်နေရပါတယ်။
စစ်ကောင်စီ ထောက်ပို့ ယာဉ်တန်းကို ခြုံခို တိုက်ခိုက်ခဲ့တယ်လို့ ကျားကွန်မန်ဒိုအဖွဲ့က ပြောလိုက်တယ်ဆိုတဲ့ သတင်းနဲ့ လက်လုပ်မိုင်းစမ်းသပ်နေချိန် ပေါက်ကွဲမှု ဖြစ်ပွားပြီးတော့ မိုးဗြဲ PDF တစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။
သထုံမှာတော့ စစ်ကောင်စီ လက်နက်ကြီးကြောင့် သံဃာတော် ၂ ပါး၊ ကိုရင် ၁ ပါး ဒဏ်ရာရခဲ့ပါတယ်။
ထောင်ဝင်စာ ပိတ်ထားချိန် ပုသိမ် အကျဉ်းထောင်ဝန်ထမ်းတွေက အကျဉ်းသားတွေရဲ့ အိမ်အထိ ပိုက်ဆံလာတောင်းတွေရှိနေပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ ရှမ်းမြောက်ပိုင်းက စစ်ရှောင်တွေကို နေရပ်ပြန်ကြဖို့ စစ်ကောင်စီက ဖိအားပေးပြောဆို လာတာကြောင့် စစ်ရှောင်တွေ အခက်တွေ့နေကြတဲ့အကြောင်း သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် (EP - 39 )
ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။
စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဖြစ်တဲ့ မပူပေါင်းကြ ဖို့ ဆန့်ကျင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်း ပြောဆိုနေကြပါတယ်။ ပင်မ တော်လှန်ရေး အဖွဲ့အစည်းတွေ စုပေါင်းထားတဲ့ မဟာဗျူဟာညှိနှိုင်း ဖော်ဆောင်ရေးအင်အားစု SIF က လည်း ရွေးကောက်ပွဲ ကို ဆန့်ကျင်ကြဖို့ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။ ဘာ့ကြောင့် အခုလို တိုက်တွန်း ရတာလဲ၊ စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲအပေါ် ဘယ်လိုမြင်ပါသလဲ၊ စစ်တပ်က ရွေးကောက်ပွဲမှာ အနိုင်ရသွားရင် ဘာတွေ ဆက်ဖြစ်လာမှာလဲ စတာတွေကို မဟာဗျူဟာ ညှိနှိုင်းဖော်ဆောင်ရေး အင်အားစု - SIF အမျိုးသမီးခေါင်းဆောင် လွေးပိုးငယ်ကို ဆက်သွယ်မေးမြန်းထားတဲ့ အကြောင်း NMG ရဲ့ Podcast အစီအစဉ်ကနေ တင်ဆက်ပေးပါ့မယ်ရှင်။
သတင်းနှင့် မီဒီယာ ကွန်ရက်က အခါအားလျော်စွာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့် နေပါတယ်။ တိုင်းရင်းသား အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် (EP - 38 )
ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။
နွေဦးတော်လှန်ရေး အောင်မြင်ရေး သော့ချက်နဲ့ ပတ်သက်ပြီး ဖက်ဒရယ်ဥပဒေအကယ်ဒမီကျောင်းအုပ်၊ ဥပဒေ အထောက်အကူပြု ကွန်ရက်တည်ထောင်သူ) ဦးအောင်ထူးရဲ့ သုံးသပ်ချက်ကို နားဆင်ရမှာပါ။ သုံးသပ်ချက်ထဲမှာတော့ ဒီမိုကရေစီကို သွားမယ်ဆိုရင် ဘာတွေဖြစ် လာနိုင်သလဲ၊ လူနည်းစုတွေရဲ့ အသံကို နားထောင်ပြီး NUG, NUCC အနေနဲ့ ဘာတွေလုပ်ဆောင်သင့်လဲ။ နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေ အားလုံးပါလာအောင် ဘယ်လိုလုပ်ဆောင်သင့်လဲ။ စတာတွေကို တင်ဆက်ပေးထားပါတယ်။
သတင်းနှင့် မီဒီယာ ကွန်ရက်က အခါအားလျော်စွာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့် နေပါတယ်။ တိုင်းရင်းသား အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 85 )
ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။
ပြောပြပေးမယ့် သတင်းတွေကတော့ ---- ဖားကန့်မှာ မြေစာကမ်းပါးပြိုကျပြီး အမျိုးသားလေးယောက် ပွဲချင်းပြီး သေဆုံးသွားပါတယ်။ လောင်းလုံးမှာ non-CDM ဝန်ထမ်းတွေ တပတ်အတွင်း နုတ်ထွက်ဖို့ LLPDF သတိပေးလိုက်ပါတယ်။
မွန်ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် သေနတ်ထိမှန်သေဆုံးသွားပါတယ်။ တနင်္သာရီဒေသက တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ တကောင်းက ရွာတစ်ရွာကို စစ်တပ်က မီးရှို့ခဲ့တဲ့အပြင် ရွာသားလေးယောက်ကိုပါ သတ်သွားတဲ့အကြောင်းနဲ့အတူ တခြား စိတ်ဝင်စားစရာ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 84 )
ဇန်နဝါရီလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။
ပြောပြပေးမယ့် သတင်းတွေကတော့ ---- မွန်ပြည်နယ်မှာ ဘုရားဖူးကားပေါ် လက်နက်ကြီးကျပြီး ၁ ယောက်သေ၊ ၇ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ကသာက စာသင်ကျောင်းနား လက်နက်ကြီး ပေါက်ကွဲလို့ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ပါတယ်။
တနင်္သာရီဒေသက တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရပါတယ်။ အင်းလေးမှာ ဒေသခံအမျိုးသမီးတယောက်ကို ပစ်ခတ်ခဲ့တဲ့ ပျူစောထီးက မိသားစုလိုက် ထွက်ပြေးနေရ အကြောင်း သတင်းပေးပို့ချက်နဲ့ တနိုင်း-ဟူးကောင်းဒေသက မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲနေမှုတွေ အကြောင်းတွေကို နားဆင်ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
ACCURACY CHECK - (EP- 59)
ဇန်နဝါရီလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။
ဒီနေ့မှာတော့ ပြောပြပေးမယ့် သတင်းအမှားတွေကတော့ .......... KIO က ရှမ်းနီအမျိုးသမီးတွေကို ခရစ်ယာန် ဇာတ်သွင်းတဲ့ ပွဲ ကျင်းပတယ်လို့ သတင်းမှားဖြန့်ဝေထားတဲ့အကြောင်းနဲ့ NUG စခန်းကို ဗုံးကြဲတိုက်ခိုက်တယ်ဆိုတဲ့ သတင်းအမှား ဖြန့်ဝေထားတဲ့ အကြောင်းတွေကို တင်ဆက်ပေးသွားမှာပါ။
Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် (EP - 37 )
ဇန်နဝါရီလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။
စစ်ကောင်စီက ၂၀၂၃ ဩဂုတ်လမှာလုပ်မယ့် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းတွေ စကောက်နေပါပြီဖြစ်ပြီး တဖက်မှာလည်း စစ်အာဏာရှင်ကို တော်လှန်နေတဲ့ အင်အားစုတွေက လူဦးရေ စာ ရင်းကောက်နေတဲ့ အုပ်စုတွေကို တိုက်ခိုက်မှုတွေ လုပ်နေပါတယ်။ ဒီရွေးကောက်ပွဲကို လက်မခံကြောင်းနဲ့ ပူး ပေါင်းပါဝင်သူတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ အရေးယူသွားမယ်လို့ NUG က ထုတ် ပြန်ထားပါတယ်။ ပင်မတော်လှန် ရေး အဖွဲ့အစည်းတွေနဲ့ စုပေါင်းထားတဲ့ SIF အဖွဲ့ကလည်း တရားမဝင် အတုအယောင် ရွေးကောက်ပွဲဖြစ်တဲ့အတွက် ဆန့်ကျင်ကြဖို့နဲ့ မပူးပေါင်း မပါဝင်ကြဖို့နဲ့ နိုင်ငံတကာကလည်း ထောက်ပံ့ကူညီမှုတွေ မလုပ်ကြဖို့ တောင်းဆိုထားပါတယ်။ ဒီအကြောင်း NMG ရဲ့ Podcast အစီအစဉ်ကနေ တင်ဆက်ပေးပါ့မယ်ရှင်။
သတင်းနှင့် မီဒီယာ ကွန်ရက်က အခါအားလျော်စွာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့် နေပါတယ်။ တိုင်းရင်းသား အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။
ACCURACY CHECK - (EP- 58)
ဇန်နဝါရီလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။
ဒီနေ့မှာတော့ ပြောပြပေးမယ့် သတင်းအမှားတွေကတော့.......... ကော့ကရိတ်က ရွာတရွာကို KNU နဲ့ PDF တွေက မီးရှို့တယ်ဆို သတင်းအမှားနဲ့
အမျိုးသမီး CDM ဝန်ထမ်းတွေကို လိင်လုပ်သား အဖြစ် အဓမ္မစေခိုင်းတယ်ဆိုတဲ့ သတင်းအမှား ဖြန့်ဝေထားတဲ့ အကြောင်းကို တင်ဆက်ပေးထားပါတယ်။
Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် (EP - 36 )
ဇန်နဝါရီလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။
စစ်အာဏာသိမ်းကာလအတွင်း တိုင်းရင်းမီဒီယာတွေရဲ့ အခြေအနေ၊ ဖိနှိပ်ခံရမှု၊ အခက်အခဲတွေကြားထဲကနေ သတင်းထုတ်လုပ်နေရတဲ့ အခြေအနေတွေက ဘယ်လိုလဲ။ တိုင်းရင်းသားဒေသနဲ့ နယ်စပ်ဒေသတွေက သတင်း ထုတ်လုပ်နေရတဲ့ အခြေအနေတွေကို တင်ဆက်ပေးသွားမှာ။
သတင်းနှင့် မီဒီယာ ကွန်ရက်က အခါအားလျော်စွာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့် နေပါတယ်။ တိုင်းရင်းသား အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။
From the publisher's feed
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.