Sign up to save your podcasts
Or

တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် (EP - 43 )
မတ်လ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။
စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ကယား(ကရင်နီ)ပြည်နယ်ထဲ မတ်လထဲမှာလည်း တိုက်ပွဲ ဆက်ပြီး ဖြစ်နေပါတယ်။ စစ်ကောင်စီတပ်တွေက လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေအပြင် မြေပြင် အမြောက်တပ်တွေကနေပါ နေ့တိုင်းနီးပါး စစ်ရှောင်တွေ၊ အရပ်သားပြည်သူတွေနေထိုင်တဲ့ဘက်တွေကို ရည် ရွယ်ချက်ရှိရှိ ပစ်ခတ်နေပါတယ်။ အရပ်သားတွေ ထိမှန်သေဆုံးမှု၊ ဒဏ်ရာရရှိမှုတွေအပြင် စစ်တပ်လည်း အကျအဆုံးတွေရှိ နေပါတယ်။ မြေပြင်က အသေးစိတ်အခြေအနေတွေကို နားဆင်ကြရမှာပါ။
သတင်းနှင့် မီဒီယာ ကွန်ရက်က အခါအားလျော်စွာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့် နေပါတယ်။ တိုင်းရင်းသား အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 103 )
မတ်လ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- မွန်ပြည်နယ်မှာ သုံးရက်အတွင်း ရိုဟင်ဂျာ ၂၀၀ နီးပါး ဖမ်းမိခဲ့ပါတယ်။ ရွှေဘိုမှာ ရွာတစ်ရွာ မီးရှို့ခံရပြီး တိုက်ပွဲကြောင့် အရပ်သား တစ်ယောက် သေဆုံးခဲ့ပါတယ်။
ဗန်းမောက်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားတွေ၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက် သေဆုံးမှုရှိခဲ့ပါတယ်။ရေး စာရင်းစစ်ရုံး ရေးပြောက်ကျားအဖွဲ့က တိုက်ခိုက်ခဲ့ပါတယ်။
မြိတ်-ကော့သောင်းသွားလမ်းပေါ်မှာ ဆိုင်ကယ်စီး ညီအကို နှစ်ယောက်ကို PDF ဆိုပြီး စစ်တပ်က ပစ်သတ်ခဲ့ တဲ့သတင်းနဲ့အတူ လောင်းလုံးက စစ်ကောင်စီ ဖမ်းသွားသူရဲ့ အလောင်းကို သေနတ်ဒဏ်ရာတွေနဲ့ ပြန်တွေ့ခဲ့တဲ့ သတင်းတွေကို နားဆင်ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 102 )
မတ်လ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- ရေဖြူ ရဲစခန်းနဲ့ ဌာနဆိုင်ရာ ရုံးတစ်ရုံး တိုက်ခိုက်ခံရပြီး အမျိုးသမီး ၂ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဧရာဝတီတိုင်းမှာတော့ တပတ်ကို တောဆင်ရိုင်း တစ်ကောင်နှုန်း သတ်ဖြတ်ခံနေရပါတယ်။
ကရင်နီ ပြည်နယ်မှာတော့ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ကရင်နီ စစ်ဘေးရှောင် ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမှာတော့ စစ်ကျန် လက်နက်ကြီးကျည် ပေါက်ကွဲတဲ့အတွက် အရပ်သား ၄ ယောက် ထိခိုက်ပြီး ၂ ယောက် သေဆုံး သွားပါတယ်။ မွန်ပြည်နယ် သံဖြူဇရပ်မှာတော့ ရိုဟင်ဂျာ ၁၅၀ ကျော် ဖမ်းခံလိုက်ရတဲ့ သတင်းတွေနဲ့အတူ တခြားစိတ်ဝင် စားစရာ သတင်းတွေကို နားဆင်ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် (EP - 42 )
မတ်လ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးမှာ NLD, CRPH, NUCC နဲ့ NUG တို့ရဲ့ဦးဆောင်မှုကို ဘယ်လို အခြေအနေတွေနဲ့ ဆက်စပ်ရမလဲ။ ဘာတွေက ပြုပြင်ဖို့လိုအပ်နေသေးတာလဲ။ ပြုပြင်သင့်တာတွေကို ပြုပြင်သွားမယ် ဆိုရင် ဘာကြောင့် ထောက်ခံသင့်သလဲ ဆိုတာကို ဥပဒေပညာရှင်လည်းဖြစ်၊ Legal Aid Network ကို တည်ထောင်သူလည်းဖြစ်တဲ့ ဦးအောင်ထူးက ဆွေးနွေးထားတဲ့ အကြောင်းကို တင်ဆက်ပေးပါ့မယ်။
သတင်းနှင့် မီဒီယာ ကွန်ရက်က အခါအားလျော်စွာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့် နေပါတယ်။ တိုင်းရင်းသား အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 101 )
မတ်လ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- မိုးညှင်းမှာ တိုက်ပွဲ မဖြစ်ပဲ ရပ်ရွာထဲကို လေယာဉ်နဲ့ ဗုံးကျဲခဲ့သလို မြေပြင်ကနေလည်း လက်နက်ကြီးနှင့် ထုနေတဲ့သတင်း၊ မတ္တရာမှာ ရွာ ၁၀ ရွာကျော် မီးရှို့ခံခဲ့ရပါတယ်။ ကချင်နဲ့ စစ်ကိုင်းအစပ်မှာ ရွာသားတွေကို ရွာထဲမှာ ပိတ်ထားပြီး ပိတ်ဆို့ ဖမ်းဆီးရိုက်နှက်နေပါတယ်။
ကသာခရိုင်မှာ ဒေသခံ တချို့ ဖမ်းခံရပြီး အိမ်တချို့ မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။ ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး ဒုတပ်ရင်းမှူးအပါ ၁၀ ယောက် လောက် သေဆုံးသွားတဲ့ သတင်းတွေနဲ့အတူ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 100 )
မတ်လ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- စစ်တပ်က အာဏာသိမ်းပြီးနောက် အခုနှစ် မတ်လထဲ ကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကို အရင်ကလို ခမ်းခမ်းနားနားမကျင်းပနိုင်တော့ဘူးလို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားနေသူတွေက ပြော ပါတယ်။ ဘာကြောင့် မလုပ်နိုင်ကြတော့တာလဲ၊ ဘယ်လိုစိန်ခေါ်မှုတွေရှိနေလဲ။ လက်ရှိ စစ်အာဏာရှင်တော် လှန်ရေးထဲရော အမျိုးသမီးတွေ ဘယ်လိုပါဝင်နေကြသလဲ။ NUG, NUCC တို့ကရော အမျိုးသမီးအရေးနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ပေးနေလဲ၊ NUG, NUCC တို့ရဲ့ ကြားကာလအစီအမံတွေနဲ့ ပတ်သက်ပြီးတော့ အမျိုးသမီးတွေက ဘယ်လိုမြင်ပါသလဲ။ ဒီနေ့ရဲ့ အင်တာဗျူးအစီအစဉ်မှာ နားဆင်ရမှာပါ။ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ၏ တွဲဖက်အတွင်းရေးမှူး ဇူဇူးကို ဆက်သွယ်မေးမြန်းထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 99 )
မတ်လ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- ကျုံပျော်က ၁၆ ရက်သက်တမ်းသာရှိတဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပါတယ်။
ကွတ်ခိုင်မှာ ရွှေတူးဖော်မှုတွေကြောင့် ဒေသခံတွေ ရေအခက်အခဲဖြစ်နေကြပါတယ််။ ဝမ်တိန်နယ်စပ်ကုန်သွယ်ရေး ဂိတ်ဖွင့်ပေမယ့် ပို့ကုန်သာ တင်ပို့နိုင်သေးတာဖြစ်ပါတယ်။ ဆွမ်ပရာဘွမ်ဒေသအတွင်း ရွှေတူးဖော်မှုတွေကို ဒေသခံတွေက မကြေနပ်ကြပါဘူး။
မန္တလေးမှာတော့ ရာအိမ်မှူး ၂ နှစ်ယောက်၊ ရဲတပ်သား တစ်ယောက် ပစ်သတ်ခံလိုက်ရတဲ့ သတင်းတွေနဲ့အတူ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် (EP - 41 )
မတ်လ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသားလူငယ်တွေ၊ ဝန်ထမ်း တွေ၊ အနုပညာသည်တွေအပြင် ပြည်သူလူထုတွေထဲ တချို့တွေက လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်လာ ကြသလို တချို့ကတော့ CDM လှုပ်ရှားမှုမှာ ဒီနေ့အချိန်ထိ ပါဝင်နေကြပါတယ်။ ကျောင်းသူ/သားတွေက လည်း CDM ကျောင်းတွေ ဖြစ်ကုန်ကြပါတယ်။ စစ်အာဏာရှင် မကျဆုံးမချင်း၊ သူတို့လိုချင်တဲ့ ပညာရေးစနစ် မရချင်း စစ်ကောင်စီက ဖွင့်တဲ့ ကျောင်းတွေမှာ မတက်တော့ဘူးလို့ ဆုံးဖြတ်ပြီး နွေဦးတော်လှန်ရေးမှာ ဆက် ပြီးတော့ ပါဝင်နေကြပါတယ်။ သူတို့ရဲ့ အခက်အခဲတွေက ဘာတွေလဲ၊ ကျောင်းဆက်မတက်တဲ့ လူငယ်တွေအတွက် အနာဂတ်က ပျောက်ကွယ်သွားပြီလား၊ ဒီတပတ်ရဲ့ ဆောင်းပါး အစီအစဉ်ကနေ တင်ဆက်ပေးပ့ါမယ်။
သတင်းနှင့် မီဒီယာ ကွန်ရက်က အခါအားလျော်စွာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့် နေပါတယ်။ တိုင်းရင်းသား အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 98 )
မတ်လ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- အပစ်ရပ် EAOs (၇)ဖွဲ့နဲ့ စစ်ကောင်စီရဲ့ NSPNC တို့ မတ်လ နောက်ဆုံးပတ်မှာ တွေ့ဆုံမှာဖြစ်ပါတယ်။ FPNCC က တရုတ်အစိုးရနဲ့ လက်တွဲပြီး ကဏ္ဍအသီးသီးမှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
နေရပ်ပြန် ကချင်စစ်ရှောင်တချို့ ရွာထဲမှာ ဆေးရုံဆေးပေးခန်းတွေ မရှိလို့ စိုးရိမ်နေကြပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ ညောင်လေးပင်ခရိုင်ထဲက တိုက်ပွဲတွေကြောင့် ဒေသခံ ၅၀၀၀ ကျော် နေ ရပ်စွန့်ခွာနေရတဲ့အကြောင်းနဲ့ မြစ်ဆုံဒေသနဲ့ အနီးတဝိုက်မှာ ဧရာဝတီဖြစ်လယ်အထိ ရွှေတူးဖော်နေတာတွေ ကြောင့် သောင်တွေထွန်းလာနေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြတဲ့အကြောင်းတွေကို နားဆင်ရမှာပါ။ သတင်းတွေကိုတော့ ကျမနဲ့အတူ သတင်းနှင့်မီဒီယာကွန်ရက် ဝိုင်းတော်သူ/သားတွေကနေ တင်ဆက်ပေးပါ့မယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 97 )
ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- တနင်္သာရီမှာ အမျိုးသမီးတွေအပါအဝင် အရပ်သား ၁၀ ယောက်ကျော်ကို စစ်တပ်က ဖမ်းဆီးထားပါတယ်။
ပုလောမြို့နယ်အတွင်း ကျေးလက်ကို လောင်စာဆီ သယ်ယူရောင်းချခွင့် ပိတ်ပင်ထားပါတယ်။
ပုသိမ်မှာ စစ်မှု မထမ်းလိုတဲ့ အရံမီးသတ်တွေ တပ်ဖွဲ့ဝင်ကနေ နုတ်ထွက်ကာ စစ်သင်တန်းမှ ထွက်ပြေး ကုန် တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧရာဝတီတိုင်းထဲက ရိုးရာ မြေအိုးလုပ်ငန်း ပျောက်ကွယ်လုနီး ဖြစ်နေတဲ့ သတင်း အကြောင်းတွေကို နားဆင်ရ ဖို့ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
From the publisher's feed
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.