Sign up to save your podcasts
Or

သတင်းထုတ်လွှင့်ချက် - ( EP - 111 )
ဧပြီလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ရွာတစ်ရွာမှာ အိမ်အလုံး ၃၀၀ နီးပါးကို စစ်တပ်က မီးရှို့ဖျက်စီးခဲ့ပါတယ်။
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲမှာ စစ်ကောင်စီ သတင်းပေး၊ မှုခင်းသတင်းထောက်တစ်ယောက် ပစ်သတ်ခံလိုက်ရပါတယ်။
လွိုင်ကော်-ရန်ကုန်ပြေးဆွဲနေတဲ့ ခရီးသည်တင်ကားတစ်ချို့ ပစ်ခတ်ခံခဲ့ရပါတယ်။
ဧရာဝတီတိုင်းထဲမှာ ရိုဟင်ဂျာ အယောက် ၇၀ ကျော်ကို စစ်ကောင်စီက ထောင်ဒဏ်ချမှတ် လိုက်ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ စစ်ရေး ပဋိပက္ခတွေကြောင့် ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွေမှာ ၂ နှစ်တာကာလ အတွင်းစစ်ဘေးရှောင်ဦးရေ ခြောက်သိန်းဝန်းကျင်အထိရှိ လာနေတယ်ဆိုတဲ့ သတင်းပေးပို့ ချက်နဲ့အတူ တခြားစိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို နားဆင်ရ မှာပါ။
သတင်းထုတ်လွှင့်ချက် - ( EP - 110 )
ဧပြီလ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့ ဆောင်းဖွေးရွာက ကိုယ်ထူကိုယ်ထ ဆေးပေးခန်းတစ်ခုကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့အဝင်က စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ် ကားလမ်းပိုင်းမှာ စစ်ကောာင်စီယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ခြုံခိုတိုက်ခိုက်ခံခဲ့ပါတယ်။
စစ်ကိုင်းတိုင်းမှာတော့ အခွန်ထမ်းဆောင်တဲ့ လုပ်ငန်းရှင်တွေကို တာဝန်ယူမှု၊ တာဝန်ခံမှုပေးမယ်လို့ကလေး မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုလိုက်ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ အခုနောက်ပိုင်း ကချင်ပြည်နယ် ရှေ့တန်းတပ်စခန်းတွေကို စစ်ကောင်စီတပ်က တပ်အင်အားနဲ့ ရိက္ခာဖြည့်တင်းမှုတွေနဲ့ တိုက်ခိုက်မှုတွေကို လုပ်ဆောင်ရာမှာ ကုန်းလမ်းထက် လေကြောင်း အသုံးပြုမှုကို ပိုမိုလုပ်ဆောင်လာတယ်ဆိုတဲ့ သတင်းပေးပို့ ချက်နဲ့ အတူ တခြားစိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို နားဆင်ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 109 )
ဧပြီလ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ ပုလောမြို့နယ်၊ ပလမြို့မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာနဲ့ ဆန် ဝယ်ယူ နေရတာကြောင့် အခက်အခဲတွေ ရှိနေပါတယ်။
သရက်ချောင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် ထပ်မံ တိုက်ခိုက်ခံရပြီး အရာရှိတစ် ယောက် သေဆုံးခဲ့ပါတယ်။
သရက်ချောင်းမြို့နယ်ထဲမှာပဲ ရွာသားတွေကို လာဖမ်းတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံ လိုက်ရပါ တယ်။
လောင်းလုံးမြို့နယ်မှာတော့ စစ်မှုထမ်းဟောင်းတစ်ယောက် နဲ့ ရဲဝန်ထမ်းဟောင်း အပါအဝင် အမျိုးသား ၃ ယောက် ပစ်သတ်ခံလိုက်ရပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ကယား(ကရင်နီ) ပြည်နယ်ထဲ စစ်ကောင်စီတပ်က ကရင်နီတော်လှန်ရေး အင်အားစုတွေကို ချေမှုန်းနိုင်ရေး၊ ၂၀၂၁ နဲ့ ၂၀၂၂ တုန်းက ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေ ပြန်လည်ရရှိနိုင်ရေး အတွက် စစ်အင်အားတွေ အလွန်အကျွံသုံးပြီး မြေပြင်ကရော ဝေဟင်ကနေပါ ထိုးစစ်ဆင်တိုက်ခိုက်ပေမဲ့ အလူးအလဲကျဆုံးပြီး နယ်မြေဆုံးရှုံးမှုတွေနဲ့ ဆက်ပြီးရင်ဆိုင်နေရတယ်ဆိုတဲ့ သတင်းပေးပို့ ချက်တွေနဲ့အတူ တခြားစိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို နားဆင်ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 108 )
ဧပြီလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- KNU တပ်မဟာ ၅ နဲ့ တပ်မဟာ ၁ ကြား မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို ကရင်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF/TNLA က “ဝ” ပြည်သွေးစည်းညီညွတ်ရေး ပါတီ UWSP/UWSA ရဲ့ နိုင်ငံရေး ၊စစ်ရေး ဦးဆောင်မှုတွေကို ခံယူသွားမယ်လို့ ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ယောက် သေဆုံးပြီး ကလေးတစ်ယာက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
လောင်းလုံမြို့နယ်ထဲမှာတော့ လက်နက်ကိုင်ဆောင်ထားတဲ့ မူးယစ်ဆေးဝါး အဖွဲ့တစ်ခုနဲ့ ပစ်ခတ်မှုဖြစ်ပွား ခဲ့ပြီး လက်နက်တွေနဲ့ မူးယစ်ဆွေးဝါးတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ လောင်းလုံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဆိုပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လေကြောင်း ကနေ တိုက်ခိုက်ခံ ရပြီးနောက် ဘေးလွတ်ရာကို စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ဒေသခံ ပြည်သူတွေဟာ အခုဆို ရင် စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါထိခိုက်ပြီး အရေး ပေါ် အကူအညီတွေလည်း လိုအပ်နေတယ်ဆိုတဲ့ သတင်းပေးပို့း ချက်တွေနဲ့အတူ တခြားစိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို နားဆင်ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 107 )
ဧပြီလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- ကချင်ပြည်နယ် ဖားကန့်မှာတော့ စစ်တပ်က ရွာတွေကို မီးရှို့ခဲ့တဲ့အပြင် ရွာသား အယောက် ၁၀၀ ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ဂေါ်ရန်ဂျီကျွန်းအနီးက ပင်လယ်ပြင်မှာ အသက် ၁၈ နှစ်အောက် ကလေး ၈ ဦး အပါအဝင် ရိုဟင်ဂျာ အယောက် ၇၀ ကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပါတယ်။
ရေဖြူမြို့နယ်မှာတော့ ကားမောင်းလာတဲ့ လူငယ်တစ်ယောက်ကို စစ်ကောင်စီကပစ်သတ်လိုက်ပါတယ်။
ကော့သောင်းမှာတော့ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့က ခေါင်းဆောင် နှစ်ယောက် ပစ်သတ်ခံရပြီး နောက် ဒေသခံ ၆ ယောက်ကို စစ်တပ်က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတယ်။
သတင်းလွှာထဲမှာတော့ မကြာသေးခင်က စစ်ကောင်စီ အရာရှိတွေ ပစ်သတ်ခံခဲ့ရတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့ မရှီကထောင့် ရပ်ကွက်က Happy KTV ရှေ့ လမ်းဘေးမှာ လူငယ်နှစ်ဦး ပစ်သတ်ခံ ထားရတဲ့ သတင်းပေးပို့း ချက်တွေနဲ့အတူ တခြားစိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို နားဆင်ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 106 )
ဧပြီလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- ပဇီကြီးက လူအစုလိုက်အပြုံလိုက်သေဆုံးမှု ရက်လည်နေ့ဖြစ်တဲ့ နှစ်ဆန်းတစ်ရက်နေ့မှာ မီးပိတ် သပိတ် ဆင်နွှဲကြဖို့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူတွေက တိုက်တွန်းထားပါတယ်။
ပဇီကြီးရွာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ လုပ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အပြစ်တင်ရှုတ်ချဖို့ ပျက်ကွက်ခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝေဖန်လိုက်ပါတယ်။
စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ရပ်ရွာတွေထဲ လူမဆန်ဘဲ လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာက သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ KIO က ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေ ဟန့်တားနိုင်ရေး နိုင်ငံတကတကာ အကူအညီတွေရဖို့ NUG, NUCC အဖွဲ့တွေ အပြင် တော်လှန်ရေးမဟာမိတ် အားလုံး ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ် ကောင်စီ ဥက္ကဋ္ဌက ပြောဆိုလိုက်တဲ့ သတင်းပေးပို့ချက်တွေနဲ့ အတူ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နား ဆင်ရဖို့ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
ACCURACY CHECK - (EP- 61)
မတ်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။
ဒီနေ့မှာတော့ ပြောပြပေးမယ့် သတင်းအမှားကတော့ .......... ကရင်အမျိုးသားအစည်းအရုံးKNU က မူးယစ်ဆေးဝါးလုပ်ပြီး ရပ်တည်နေတယ်လို့ အဓိပ္ပာယ်သက်ရောက်စေတဲ့ ပြောဆိုမှုတစ်ခုကို ထိုင်းစစ်တပ် အကြီးအကဲက ပြောကြားလိုက်တယ်ဆိုပြီး သတင်းအမှား ဖြန့်ဝေနေတဲ့ အကြောင်းကို တင်ဆက်ပေးထားပါတယ်။
Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 105 )
မတ်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- ပင်လောင်းတိုက်ပွဲတွေထဲ စစ်ကောင်စီ တပ်သား ၃၀ လောက် ကျဆုံးနိုင်တယ်လို့ ဆိုပါတယ်။
ရေး-ထားဝယ်လမ်းပေါ် စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ပြန်လည်ပစ်ခတ်မှုကြောင့် အသက် ၆ နှစ် ကလေးဆေးကုသမှု ခံယူနေရပါတယ်။
စစ်ကောင်စီအတွက် စစ်ရေးဗျူဟာမြောက်တဲ့ မယ်ခါးထာတပ်စခန်းကို KNLA တပ်မဟာ(၅) ပူးပေါင်းအဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒီးမော့ဆိုမြို့နယ်ထဲက တိုက်ပွဲတွေအကြောင်း သတင်းပေးပို့ချက်တွေနဲ့ အတူ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 104 )
မတ်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- ဧရာဝတီမြစ်ကြောင်းအတိုင်း လာတဲ့ စစ်ကောင်စီ တပ်သားတွေက ရွာကို ပစ်ခတ် မီးရှို့သွားပါတယ်။ Non-CDM ကျောင်းဆရာမ ဇနီးမောင်နှံ သေနတ်ပစ်ခံရပြီး အမျိုးသား ဖြစ်သူ သေဆုံးသွားပါတယ်။
ကျိုက်ထိုမြို့နယ် မဲရုံလေးရွာမှာ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၂ ယောက်သေ၊ ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ထားဝယ် နည်းပညာ တက္ကသိုလ် သမဂ္ဂ ဥက္ကဋ္ဌဟောင်းကို ထောင်ဆယ်နှစ်ချလိုက်ပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
ACCURACY CHECK - (EP- 60)
မတ်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။
ဒီနေ့မှာတော့ ပြောပြပေးမယ့် သတင်းအမှားတွေကတော့ .......... အိန္ဒိယ နိုင်ငံသားတွေကို CNF က သတ်လိုက်တယ်ဆိုတဲ့ သတင်းအမှားနဲ့ ပင်လောင်း အစုအပြုံလိုက် သတ်ဖြတ်မှုကို KNDF က ကျူးလွန်တယ်ဆိုတဲ့ သတင်းအမှားတွေကို တင်ဆက်ပေးသွားမှာပါ။
Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
From the publisher's feed
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.