Network Media Group (NMG)

Network Media Group (NMG)

Download on the App Store

Network Media Group (NMG) episodes

  • သတင်းထုတ်လွှင့်ချက် - ( EP - 131 )

    သတင်းထုတ်လွှင့်ချက် - ( EP - 131 )

    မေလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။

    တင်ဆက်ပေးမယ့် သတင်းတွေကတော့ -----  ထားဝယ်ခရိုင်အတွင်းက ကလိန်အောင်မြို့အနီးရှိ စစ်ကောင်စီ တပ်ရင်းကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့က ဝင်တိုက်ခဲ့ပါတယ်။

    မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ်မှာ စစ်ဆင်ရေး ထွက်လာတဲ့ PDF ၈ ယောက် ကျဆုံးခဲ့ပါ တယ်။

    အမျိုးသား ညီညွတ်ရေးအစိုးရ - NUG နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီတို့ကို ပုတ်ခတ်ရေး သားတဲ စာစောင်တွေကို စစ်ကောင်စီတပ်က ဖြန့်ဝေနေပါတယ်။

    တနင်္သာရီတိုင်း အတွင်း ရေကြောင်းကနေ ထိုးလာတဲ့ စစ်ကြောင်းကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်း တပ် တွေက စောင့်ကြိုတိုက်ခိုက်နိုင်ခဲ့ပါတယ်။

    သတင်းလွှာတွေထဲမှာ တော့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA ကသစ်တော ပြုန်းတီးမှုကို ကာကွယ်ဖို့၊ ရှားပါး တိရစ္ဆာန် နဲ့ရေအရင်းအမြစ် ထိန်းသိမ်းဖို့အတွက် သစ်တောကြိုးဝိုင်း နယ်မြေ တွေ သတ်မှတ်ပြီး လုပ်ဆောင် နေတယ်ဆိုတဲ့အကြောင်း သတင်းပေးပို့ချက် ကိုလည်း နားဆင်ရဖို့ ရှိပါတယ်။

    15 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 130 )

    သတင်းထုတ်လွှင့်ချက် - ( EP - 130 )

    မေလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။

    တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- ကံပေါက်ဒေသက အမျိုးသမီးတစ်ယောက်ကို PDF ထောက်ပံ့မှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။

    ရှမ်းမြောက်ပိုင်းရှိ မုံးကိုးနဲ့ ကွတ်ခိုင် ကေဘီစီ စစ်ရှောင်စခန်းရှိ စစ်ဘေးရှောင်တွေဟာ ငွေကြေး အခက်အခဲကြောင့် နေရာသစ်ကို ပြောင်းရွှေ့နေထိုင်ရေး အခက်ဖြစ်နေပါတယ်။

    ဘိုကလေးမြို့မှာ စစ်ကောင်စီက CDM ဆရာမတစ်ယောက်ကို ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။

    လောင်းလုံးမြို့နယ်၊ စမ်းလှမ်းရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး လမ်းခရီးမှာ ခြုံခိုတိုက်ခံရပါတယ်။

    သတင်းလွာတွေထဲမှာတော့ ဇွန်လ ၄ ရက်နေ့ နောက်ပိုင်း အခွန်မဆောင်တဲ့ လုပ်ငန်းရှင်တွေကို အမျိုးသား ညီညွတ်ရေး အစိုးရ NUG က အရေးယူတော့မယ်ဆိုတဲ့ အကြောင်း သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    15 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 129 )

    သတင်းထုတ်လွှင့်ချက် - ( EP - 129 )

    မေလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။

    တင်ဆက်ပေးမယ့် သတင်းတွေကတော့ -----   ပုသိမ်မြို့ အဝေးပြေးကားကြီးဝန်းမှာ မန္တလေးကို ပို့မယ့် ဆင်စွယ်နဲ့ ဆင်သားရေတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

    လောင်းလုံးမြို့နယ်အတွင်းက ကမ်းခြေရွာတွေကို ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သား ၄၀ ကျော် ဖမ်းဆီးသွားခဲ့ပါတယ်။

    ပုလောမြို့နယ် ကဒဲရွာက အလယ်တန်း ကျောင်းအုပ်ဆရာမကြီး တစ်ယောက် နေအိမ်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။

    လောင်းလုံမြို့ပေါ်ရှိ ရုံးတွေမှာ စစ်ကောင်စီတပ်က သုံးရက်အတွင်း လူ ၇၀ ခန့်ကို ဖမ်းဆီး စစ်ဆေးခဲ့ပါတယ်။

    ရှမ်းမြောက်၊ ကွတ်ခိုင်နဲ့ မုံးကိုးဒေသရှိ စစ်ရှောင်စခန်းတွေမှာ စစ်ကောင်စီရဲ့ စစ်ရှောင်စခန်းဖျက် သိမ်းရေး စီမံ ကိန်းကြောင့် လုံခြုံရေးအပြင် ရပ်တည် နေထိုင်စားသောက်ရေး နေ့စဉ် ရုန်းကန်နေရတဲ့ ကာလအချိန်ခါမှာ နေရပ်ရင်းရွာတွေဆီ ပြန်လည်နေထိုင်ဖို့လည်း အဆင်မပြေတဲ့အတွက် သူတို့အနေနဲ့ တစ်စုံတစ်ရာ လုံခြုံမှုရှိနိုင်တယ်လို့ ယူဆရတဲ့ နေရာတွေမှာ ရွှေ့ ပြောင်းနေထိုင်ဖို့ စီစဉ်လုပ်ဆောင်နေကြတဲ့ အကြောင်း သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    14 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 128 )

    သတင်းထုတ်လွှင့်ချက် - ( EP - 128 )

    မေလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။

    တင်ဆက်ပေးမယ့် သတင်းတွေကတော့ -----  ကော့သောင်းမှာ ရာအိမ်မှူးနှင့် မီးသတ် တပ်ခွဲမှူး ပစ်သတ်ခံရပါတယ်။

    တအာင်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ နမ့်ဆန်မြို့နယ်မှာ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

    ထားဝယ်ခရိုင် လောင်းလုံး ဌာနဆိုင်ရာ ရုံးတွေပစ်ခံရပြီး၊ လဝက အရာရှိတစ်ဦး အပါအဝင် နှစ်ဦး သေဆုံးခဲ့ပါတယ်။

    သတင်းလွှာတွေထဲမှာတော့ မွန်ပြည်သစ်ပါတီ NMSP က NCA အပစ်ရပ် အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST နဲ့ အတူ စစ်ကောင်စီနဲ့ သွားရောက် တွေ့ဆုံမယ့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွေမှာ ပါဝင် တက်ရောက်မှာ မဟုတ် တော့ဘူးလို့ PPST ကို နေပြည်တော်ကို ပေးပို့တဲ့ စာမှာ ထည့်သွင်းရေးသားထားတဲ့ အကြောင်း သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 127 )

    သတင်းထုတ်လွှင့်ချက် - ( EP - 127 )

    မေလ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။

    တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ ဒေသခံတွေကို စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပဲတန်ချိန် သောင်းချီ ချိပ်ပိတ်ခံရလို့ ယွမ် သိန်းတစ်ထောင်ခန့် ဆုံးရှုံးနေတယ်လို့ ကုန်သယ်တွေကပြောပါတယ်။

    KNU တပ်မဟာ ၅ ဖာပွန်(မူတြော်) ခရိုင် အတွင်းက နယ်ခြားစောင့် BGF တပ်စခန်းတစ်ခုကို KNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

    မြိတ်မြို့မှာ ရာသီပေါ် သီးနှံတွေဖြစ်တဲ့ ဒူးရင်းသီးနဲ့ မင်းကွတ်သီး​တွေ အခုနှစ်မှာ ဈေးကောင်းရနေပါတယ်။

    သတင်းလွှာတွေထဲမှာတော့ ကချင်ပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ရဝမ်ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့ စစ်ကြောင်းထိုးလာတာကြောင့် ပူတာအို လုံရှာယန်အုပ်စု တန်ဂျာရွာက ဒေသခံတွေလူသားဒိုင်းအဖြစ် ဖမ်းဆီးခံရမှာကို စိုးရိမ်နေကြပါတယ်ဆိုတဲ့အကြောင်း သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    15 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 126 )

    သတင်းထုတ်လွှင့်ချက် - ( EP - 126 )

    မေလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။

    တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။

    KNU တပ်မဟာ ၃ မုန်းမြို့နယ်ထဲမှာ  ဒေသခံတွေ မီးရှို့အသတ်ခံရပြီးနောက် လူ နှစ်သောင်းတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

    ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်က အစိုးရနည်းပညာကျောင်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။ 

    ရန်ကုန်-မော်လမြိုင်လမ်းပေါ်မှာရှိတဲ့ ပေါင်မြို့နယ်ထဲက လင်မယား ၂ ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ ရပါတယ်။

    သတင်းလွှာတွေထဲမှာတော့ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့မှာ မြေရှားသတ္တု တူးဖော်မှုလုပ် ငန်းတွေကြောင့် ချီဖွေချောင်းရေ ပျက်စီးပြီး ရေရှားပါးမှု ပြသနာတွေ၊ မြေပြိုမှု ပြသာနာတွေ ကြုံလာရတဲ့အ ကြောင်း သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 125 )

    သတင်းထုတ်လွှင့်ချက် - ( EP - 125 )

    မေလ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။

    တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က အမျိုးသမီးတစ်ချို့ကို လိင်ပိုင်းဆိုင်ရာ ထိပါးစစ်ဆေးမှုတွေ ရှိနေပါတယ်။

    ပုလောမြို့နယ်မှာ ပြည်သူ့စစ်အဖွဲ့ကို PDF တွေက တိုက်ခိုက်ခဲ့ပါတယ်။

    မြိတ် - ထားဝယ်သွား ပြည်ထောင်စုကားလမ်းမကြီးပေါ်က စစ်ကောင်စီ ဂိတ်တစ်ခု တိုက်ခိုက်ခံခဲ့ရပါတယ်။

    စစ်ကောင်စီ ဖမ်းဆီးသွားတဲ့ ထားဝယ်မြို့က အမျိုးသားတစ်ယောက် စစ်ကြောရေးမှာ သေဆုံးသွားခဲ့ပါတယ်။

    သတင်းလွှာတွေထဲမှာတော့ ကချင်ပြည်နယ် ဝိုင်းမော်မြို့ မှာရှိတဲ့ စစ်ဘေးရှောင်စခန်းကနေ နေရပ်ပြန် သွားကြတဲ့ ဒဘတ်ယန်ကျေးရွာက ဒေသခံတွေက လက်ရှိ ရွာထဲကျောင်းဆောင်မရှိသေးတဲ့အတွက် အခုလာမယ့် ပညာသင်နှစ်မှာ ကလေးတွေ ကျောင်းမတက်ရမှာကို စိုးရိမ်နေကြတဲ့အကြောင်း သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    14 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 124 )

    သတင်းထုတ်လွှင့်ချက် - ( EP - 124 )

    မေလ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။

    တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- စစ်ကောင်စီကို လက်တွေ့ကျပြီး ထိရောက်တဲ့ တိုးချဲ့ပိတ်ဆိုမှုတွေ လုပ်ဆောင်ပေးဖို့ ကုလသမဂ္ဂနဲ့ အာဆီယံ ကို KNU က တောင်းဆိုလိုက်ပါတယ်။

    ရခိုင်မှာ မြို့နယ် ၁၇ ခုကို သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသတွေအဖြစ် စစ်ကောင်စီက ကြေညာ လိုက်ပါတယ်။

    KIO ထိန်းချုပ်နယ်မြေထဲက စစ်ဘေးရှောင်စခန်းတစ်ခု မုန်တိုင်းကြောင့် ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

    ထားဝယ်စီးပွားရေးဇုံ အနီးကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခဲ့ပါတယ်။

    သတင်းလွှာတွေထဲမှာတော့ ၁၇ ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး KNU ကွန်ဂရက်အပြီး ထုတ်ပြန် ချက်ထဲမှာ ပါတဲ့အချက်တွေဟာ အပြုသဘောမဆောင်ဘဲ NCA ပြဌာန်းချက်တွေကို ဆန့်ကျင်ပြီး ထိပ်တိုက် ရင် ဆိုင်မှုလမ်းကြောင်းကို ဦးတည်နေတယ်လို့ စစ်ကောင်စီက စွပ်စွဲပြောဆိုလိုက်တဲ့အကြောင်း သတင်းပေးပို့ချက် ကိုလည်း နားဆင်ရဖို့ ရှိပါတယ်။

    14 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 123 )

    သတင်းထုတ်လွှင့်ချက် - ( EP - 123 )

    မေလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။

    တင်ဆက်ပေးမယ့် သတင်းတွေကတော့ -----   ရှမ်းပြည်နယ် မြောက်ပိုင်း သန္ဒီမြို့ မှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ အမှတ်
    တံဆိပ် လိုဂိုကို အသုံးပြုပြီး ခြိမ်းခြောက်ငွေတောင်းခံမှု တွေရှိနေပါတယ်။

    မိုချာ မုန်းတိုင်းသတင်းကြောင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်နဲ့ ပင်လယ်ကမ်းခြေက လူတွေ ရှောင်တိမ်းနေကြပါတယ်။

    ရေးမြောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုမှာ PDF တပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးခဲ့ပါတယ်။

    ကရင်အမျိုးသား အစည်းအရုံး KNU နယ်မြေမှာ ၄ လ တာကာလ တိုက်ပွဲ အတွင်း စစ်ကောင်စီနဲ့ BGF တွေဖက်က ၁၇၃၆ ယောက် သေဆုံးခဲ့ပြီး ၁၁၈၈ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU က ပြောပါတယ်။

    သတင်းလွှာတွေထဲမှာတော့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ရဲ့ ရှေ့တန်း စစ်မျက်နှာ တစ်နေရာမှာ စစ်ကောင်စီတပ်တွေရဲ့ လက်နက် ကြီးနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DMO-PDF) က ရဲဘော်တွေ ထိခိုက်ဒဏ်ရာရတာမျိုး ရှိခဲ့ တဲ့အပြင် ကျဆုံးမှု ရှိခဲ့ပါတယ် ဆိုတဲ့ သတင်းပေးပို့ချက်ကိုလည်း နားဆင်ရဖို့ ရှိပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    14 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 122 )

    သတင်းထုတ်လွှင့်ချက် - ( EP - 122 )

    မေလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။

    တင်ဆက်ပေးမယ့် သတင်းတွေကတော့ -----  KNU တပ်မဟာ ၆ နယ်မြေထဲ KNLA, KNDO ပူးပေါင်း စစ်ကြောင်းတွေနဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက် ထိတွေ့ပစ်ခတ်မှု တိုက်ပွဲပေါင်း (၂၉) ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

    ဟိုင်းကြီးကျွန်း ပင်လယ်ပြင်မှာ ရိုဟင်ဂျာ ၆၂ ယောက်ကို စစ်ကောင်စီ ဖမ်းဆီးလိုက်ပါတယ်။

    ထားဝယ်မြို့နယ် ဇဟာရွာမှာ စစ်ကောင်စီ အမြောက်တပ်ရင်းက ဗိုလ်ကြီးတစ်ယောက် ပစ်သတ်ခံရပါတယ်။

    မိုးကုတ်မှာ KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

    သတင်းလွှာတွေထဲမှာတော့ ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက KK Park လို့ လူသိများတဲ့ တရုတ်ရာဇဝတ် ဂိုဏ်းတွေ ပါဝင်ပတ်သက်နေတဲ့ လောင်းကစားရုံ အကြောင်း KNU က တုန့်ပြန်ထားတဲ့ သတင်းပေးပို့ ချက်ကိုလည်း နားဆင်ရဖို့ ရှိပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    13 min

About Network Media Group (NMG)

From the publisher's feed

Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.