Sign up to save your podcasts
Or

သတင်းထုတ်လွှင့်ချက် - ( EP - 151 )
ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ……… ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး မြို့နယ်မှာ ကိုးကန့်တပ်မတော် MNDAA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
လွိုင်ကော်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း လူသေဆုံးမှုနဲ့ ဖမ်းဆီးခံရတာတွေ ရှိနေပါတယ်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာတော့ ဒေသခံအမျိုးသား တစ်ယောက် ဖမ်းဆီးခံရပြီး တစ်ရက်အကြာမှာပဲ သေဆုံးသွားပါတယ်။
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်က ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ဖြစ်တဲ့ ကိုဉာဏ်ဝင်းထက်ကို ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် (၅) နှစ်ချမှတ် လိုက်ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ စစ်ဘေးရှောင်တွေနဲ့ တောလှန်ရေးအင်အားစုတွေကို ဆေးကုသပေးနေတဲ့ ကရင်နီပြည် အခြေစိုက် ဝိဇ္ဇာဆေး အဖွဲ့ဟာ စစ်ကောင်စီတပ်ရဲ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရေး ပေါ် ပြောင်းရွှေ့ဖို့ အကူအညီတွေ လိုအပ်နေတယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းပေးပိုချက်ထဲမှာတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အပါအဝင်၊ အိမ်နီးချင်းနိုင်ငံတွေကို လက်ရှိ တော်လှန်ရေးကို ဦးဆောင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ဘယ်လိုချဉ်းကပ် လုပ်ဆောင်သင့်သလဲ။ စတဲ့ သုံးသပ်ချက်တွေကို သတင်းပေးပို့ချက်ထဲမှာ ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 150 )
ဇူလိုင်လ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ……… မော်မြိုင်မြို့မှာ ရေကြီးရာကနေ ကလေးငယ် ၃ ယောက် ရေနစ်သေဆုံးသွားပါတယ်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ပြည်သူ ၁၉ ယာက်ဟာ ဒီနေ့အချိန်အထိ ပြန်မလွတ်လာသေးပါဘူး။
လားရှိုးမြို့က ဇွဲထက်ရွှေဆိုင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဒေသခံ ၁၀ ယောက်နဲ့အထက်ကို စစ်ကောင်စီက ဖမ်းဆီး ထားပါတယ်။
ဧရာဝတီတိုင်း ပုသိမ်မြို့မှာတော့ အစားအသောက်၊ ကုန်စိမ်းနဲ့ သားငါးတွေကို ရောင်းချရာမှာ ဖက်နဲ့ထုတ်ပြီး ရောင်းရမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပေမယ့် မရောင်းတဲ့သူတွေ ဖမ်းဆီးခံရပြီး ဒဏ်ငွေဆောင်နေ ရပါတယ်။
သတင်းပေးပိုချက်ထဲမှာတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အပါအဝင်၊ အိမ်နီးချင်းနိုင်ငံတွေကို လက်ရှိ တော်လှန်ရေးကို ဦးဆောင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ဘယ်လိုချဉ်းကပ် လုပ်ဆောင်သင့်သလဲ။ စတဲ့ သုံးသပ်ချက်တွေကို သတင်းပေးပို့ချက်ထဲမှာ ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 149 )
ဇူလိုင်လ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ………. စစ်ရေးတင်မာနေတဲ့အတွက် လွိုင်ကော်-မိုးဗြဲ ၊ လွိုင်ကော်-ဆီဆိုင်လမ်းမကြီးကို အခုရက်ပိုင်းအတွင်း အသုံးမပြုကြဖို့ KNDF က ပြည်သူတွေကို မေတ္တာရပ်ခံ တောင်း ဆိုထားပါတယ်။
နမ့်ဖက်ကာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲ ခဲ့တဲ့အတွက် ကလေး ၁ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ကွတ်ခိုင်မြို့နယ်မှာတော့ TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
ပုသိမ်မှာတော့ လက်ယက္ကန်းစင် လုပ်ငန်းဟာ ကွယ်ပျောက်တော့ အနေအထားမှာ ရှိနေပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ နိုင်ငံတကာအနေနဲ့ စစ်ဘေးရှောင်တွေကို အကာအကွယ်ပေးနိုင်မယ့် လေကြောင်းရန် ကာကွယ်နိုင်တဲ့ လုပ်ဆောင်မှုတစ်ခုကို အမြန်ဆုံး အကောင်အထည်ဖော် လုပ် ဆောင်ပေးဖို့ ကရင်နီ အမျိုး သား တိုးတက်ရေးပါတီ KNPP က ထပ်မံ တိုက်တွန်းတောင်းဆိုလိုက်တယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 148 )
ဇူလိုင်လ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ………. …… ရခိုင်က မွတ်ဆလင်ဒုက္ခသည် စခန်းတစ်ခုမှာ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားနေပါတယ်။
ပုလောမြို့နယ်မှာတော့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ယောက်ရဲ့ နေအိမ် မီးရှို့ဖျက်ဆီး ခံရလိုက်ရပါတယ်။
ဧရာဝတီတိုင်းမှာတော့ ၆ လ အတွင်း ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာ တွေထဲက အယောက် ၃၀၀ ကျော်ကို စစ်ကောင်စီ က ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။
ပုသိမ်မှာတော့ အကျဉ်းထောင်မှာ ဆန္ဒပြခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား ၆၂ ယောက်ကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်စီ ထပ်တိုး အမိန့်ချလိုက်ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ယာဒိုကျေးရွာမှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း စစ် ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 147 )
ဇူလိုင်လ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ………. …….KNU အုပ်ချုပ်နယ်မြေမှာ ၆ လတာ ကာလ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆၃၂ သေဆုံးပြီး ၁၆၈၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မှာ ခိုးဆိုးလုယက်မှု၊ ဓာပြတိုက်မှု၊ လူသတ်မှုတွေ မကြာခဏ ဖြစ်နေတဲ့အ တွက် လုံခြုံမှု မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လားရှိုးမြို့မစျေးက ရွှေဆိုင်တစ်ဆိုင်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားတဲ့အတွက် ဆိုင်ဝန်ထမ်း ၁၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာတော့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ၈ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။
သတင်းပေးပို့ချက်မှာတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းဖက်ခြမ်းကို ထွက်ပြေး တိမ်းရှောင်လာတဲ့ စစ်ဘေး ရှောင် ၅၀၀၀ ကျော်အတွက် နေထိုင်စားသောက်ရေးအပြင် အဖက်ဖက်က အကူအညီတွေ လိုအပ်နေတယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 146 )
ဇူလိုင်လ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ………. ရှမ်းပြည်နယ် မြောက်ပိုင်းမှာ TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် အရပ်သား ထိခိုက်ဒဏ်ရာ ရတာတွေ ရှိနေပါတယ်။
ကချင်ပြည်နယ်မှာတော့ ဝါရာဇွပ် ပြည်သူ့စစ်က တနိုင်း-လီဒိုလမ်းမပေါ်မှာရှိတဲ့ ရှဒူးဇွပ်ကျေးရွာက ဒေသခံ ၅ ယောက်ကို ဖမ်းဆီးသွားပါတယ်။
ပုလောမှာတော့ ဒေသခံတစ်ယောက် မိုင်းနင်းမိပြီး ကိုယ်ခန္ဓာအောက်ပိုင်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ထိုင်း-ကရင်နီ နယ်စပ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် လူထိခိုက်သေဆုံးမှု ရှိတယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 145 )
ဇူလိုင်လ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ …. တနိုင်းမြို့မှာ ဓာတ်ဆီရောင်းသူတွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေပါတယ်။
ကရင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ကော်မတီအဖွဲ့ဝင် စသိန်းဇော်မင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။
ဆန်သိုလှောင်မှု မှတ်ပံတင် စနစ်ကြောင့် ဆန်ကုန်သည်တွေ အခက်ကြုံနေရပါတယ်။
ကျောင်းသားတွေဆီက ပိုက်ဆံကောက်တဲ့ အုပ်ချုပ်ရေးမှူးကို ကျောင်းသားမိဘတွေက တိုင်ကြားလိုက်ပါတယ်။
ဒါ့အပြင် ထိုင်း-ကရင်နီနယ်စပ်က စစ်ရှောင်စခန်း လေယာဉ်နဲဗုံးကြဲတိုက်ခိုက်ခံရတဲ့ အခြေအနေ ဆက်သွယ်မေးမြန်းချက်ကိုလည်း ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 144 )
ဇွန်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။
ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ ………. ပုသိမ်မှာ ဧည်စာရင်းစစ်တာကို စစ်ကောင်စီတပ်ဖွဲ့ဝင် တွေက စီးပွားဖြစ် လုပ်ကိုင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုသိမ်ထောင်အသစ် တည်ဆောက်ဖိုအတွက် စစ်ကောင်စီက တောင်သူတွေရဲ့ လယ်ယာ မြေနဲ့ ဥယာဉ်ခြံမြေ ဧက ၇၀၀ ကျော်ကို သိမ်းလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
(MNDAA) ကိုးကန့် တပ်ဖွဲ့ဖက်ကို လက်နက်နဲ့အတူ ဝင်ရောက်လာခဲ့တဲ့ စစ်ကောင်စီ တပ်သားတစ်ဦးကို တပ်စိတ်မှူးတာဝန် ပေးအပ်ခဲ့တယ်လို့ MNDAA က သတင်း ထုတ်ပြန်ထားပါတယ်။
ပုလောမြို့က စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခု တိုက်ခိုက်ခံခဲ့ရပါတယ်။ အခုတော့ သတင်းတွေကို ဆက်ပြီး တင်ဆက်ပေးသွားမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 143 )
ဒေါနိုးကူး စာသင်ကျောင်းမှာ ဘာတွေ လိုအပ်နေသလဲ။
ဇွန်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။
ဒေါနိုးကူး ကရင်နီ စစ်ဘေးရှောင်စခန်းက အထက်တန်းကျောင်းကို ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က ဖွင့်လိုက်ပြီလို့ ကျောင်းတာဝန်ခံက ပြောပါတယ်။
ကျောင်းကို အခက်အခဲ အမျိုးမျိုး ကြားက ဖွင့်လိုက်ပေမယ့်လည်း ကျောင်းအသုံး အဆောင်ပစ္စည်းတွေအပြင် အဖက်ဖက်က လိုအပ်နေတယ်လို့ ဆိုပါတယ်။
ကျောင်းကို ဘယ်လိုအခက်အခဲကြားက ဖွင့်လှစ်ခဲ့တာလဲ၊ ကျောင်းအတွက် ဘာတွေ လိုအပ်နေသလဲ၊ ကျောင်းသား ဦးရေကရော ဘယ်လောက်ရှိနေပါသလဲ စတာတွေကို ဒေါနိုးကူး အထက်တန်းကျောင်း ကျောင်းတာဝန်ခံ ခူးပလဲရယ် က ပြောပြထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 142 )
ဇွန်လ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ -------------- PDF တွေပြန်လာဖို့ စစ်ကောင်စီက လက်ကမ်း စာစောင်တွေ လိုက်လံဖြန့်ဝေနေပါတယ်။
ဟင်္သာတက CDM ကျောင်းဆရာမတစ်ယောက်နဲ့ အမျိုးသား ၅ ယောက်ဟာ အကြမ်းဖက် ဥပဒေ ပုဒ်မနဲ့ အမှုဖွင့်ခံ ထားရပါတယ်။
ရေးမြို့နယ်မှာတော့ ကျေးရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့အတွက် ဒေသခံ တစ်ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
လောင်းလုံးမြို့နယ်မှာတော့ စစ်ကောင်စီတပ်ရဲ့ စခန်းကုန်းတစ်ခုကို ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ပြေးစရာမြေ ၊ နေစရာ နေရာမရှိ တော့တဲ့အတွက် နိုင်ငံတကာနဲ့ ကုလသမဂ္ဂက စစ်ဘေးရှောင်တွေကို လုံခြုံစိတ်ချတဲ့ နေရာတစ်ခုမှာ ခိုလှုံနေထိုင်ခွင့်ရရှိအောင် ကူညီလုပ်ဆောင်ပေးဖို့ ကရင်နီ စစ်ဘေးရှောင်တွေက တောင်းဆိုလိုက်တယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
From the publisher's feed
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.