Network Media Group (NMG)

Network Media Group (NMG)

Download on the App Store

Network Media Group (NMG) episodes

  • သတင်းထုတ်လွှင့်ချက် - ( EP - 161 )

    သတင်းထုတ်လွှင့်ချက် - ( EP - 161 )

    ဩဂုတ်လ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။

    တင်ဆက်ပေးမယ့် သတင်းတွေကတော့ ------- ကရင်နီပြည်နယ်ထဲက စစ်ဘေးရှောင်စခန်း တော်တော်များများမှာ ဆန်ပြတ်လပ်နေတဲ့အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။

    ကရင်နီဆိုတဲ့ နာမည်တစ်ခုတည်းအောက်မှာ စည်းလုံးညီညွတ်ကြဖို့ ကရင်နီပြည် တပ်မတော် စစ်ဦးချုပ်က ပြောဆိုလိုက်ပါတယ်။

    ထားဝယ်ခရိုင် ဒီမိုကရေစီရေး လူထုလှုပ်ရှားမှု သပိတ်ကော်မတီ ဦးဆောင်သူ ကိုမင်းလွင်ဦးရဲ့ ဖခင်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ -က နဲ့ တရားစွဲဆိုလိုက်ပါတယ်။

    ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သာသနာပိုင် အဆောက်အအုံတွေ ထိမှန်ပျက်စီးခဲ့ပါတယ်။ 

    သတင်းပေးပို့ချက်ထဲမှာတော့ … စစ်ကောင်စီတပ်က မြေပြင်မှာ အဖက်ဖက်က ရှုံးနိမ့်လာတဲ့အတွက် ခံစစ်ကို ပြောင်းလဲ ကျင့်သုံးလာတယ်လို့ KNLA က ပြောဆိုလိုက်တယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 160 )

    သတင်းထုတ်လွှင့်ချက် - ( EP - 160 )

    ဩဂုတ်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။

    ဒီနေ့ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -------- ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်စခန်း ၄ ခုမှာ ဆန်ပြတ်လပ်နေပါတယ်။

    ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာတော့ ၄ လတာ ကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် ဒေသခံ ၁၁ ယောက် သေဆုံးပြီး ၁၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

    ဩဂုတ်လ ၁၅ ရက်နေ့ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ပြန်လည်ရယူဖို့ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့က ဗိုလ်မှူး ၁ ယောက်အပါအဝင် ၁၅ ယောက် သေဆုံးပြီး ၂၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

    သတင်းပေးပို့ချက်ထဲမှာတော့ ရာဇဝတ်မှုတွေနဲ့ ဆက်စပ်တဲ့ စီးပွားရေး လုပ်ငန်းတွေမှာ KNU ခေါင်းဆောင်တွေ ပါဝင်ပတ်သက်မှု ရှိနေတယ် ဆိုတဲ့ ပြောဆိုစွပ်စွဲမှုတွေကို စုံစမ်းစစ်ဆေးနေပြီလို့ ကရင်အမျိုးသား အစည်းအရုံး KNU က ပြောဆိုလိုက်ပါတယ်။ 

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    9 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 159 )

    သတင်းထုတ်လွှင့်ချက် - ( EP - 159 )

    ဩဂုတ်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။

    ဒီနေ့ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -------- လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ပြန်လည်ရယူဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး တပ်ဖွဲ့တွေအကြားမှာ တိုက်ပွဲ ပြင်းထန်နေပါတယ်။ 

    ရခိုင်ပြည်နယ်မှာ ရေကြီးတဲ့အတွက် အရပ်သား ၆ ယောက် ရေနစ်သေဆုံးခဲ့ရသလို ရေဘေးသင့်ပြည်သူတွေ အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။ 

    အင်းတော်မြို့နယ်မှာတော့ KIA ပူးပေါင်း တပ်ဖွဲ့တွေက စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ 

    စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ကောင်စီတပ်က ရွာထဲကို ပစ်ခတ်ဝင်ရောက်လာတဲ့အတွက် ဒေသခံ ၄ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

    သတင်းပေးပို့ချက်ထဲမှာတော့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ဖို့အတွက် မြန်မာ့နိုင်ငံရေးမှာ စစ်တပ် မပါတဲ့ တပ်မတော်တစ် ခုကို တည်ဆောက်ဖို့ အပါအဝင် အချက် ၄ ချက်ကို KNU ရဲ့ နိုင်ငံရေး ရည်မှန်းချက် အဖြစ် ချမှတ်ထားတယ်လို့ KNU က ပြောပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 158 )

    သတင်းထုတ်လွှင့်ချက် - ( EP - 158 )

    ဩဂုတ်လ ၉ ရက်၊ ၂၀၂၃ ခုနှစ်။

    ဒီနေ့ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -------- မြစ်ဆုံစီမံကိန်း အပါအဝင် လျှပ်စစ်ဓာတ်အား စီမံကိန်းတွေ ရပ်တန့်လိုက် တဲ့အတွက် ပြည်တွင်းမှာ လျှပ်စစ်ဓာတ်အား လိုအပ်မှုတွေ ရှိနေရတာလို့ စစ်ကောင်စီ ဥက္ကဋ္ဌ က ပြောဆိုလိုက်ပါတယ်။

    KNU တပ်မဟာ ၅ မူတြော်(ဖာပွန်) ခရိုင်က စစ်ကောင်စီဝန်ထမ်းတွေ နှုတ်ထွက်ဖို့ KNU တပ်မဟာ ၅ က ထပ်မံ သတိပေးလိုက်ပါတယ်။

    KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်မှာတော့ ဇူလိုင်လ တစ်လတာ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ၉၅ သေဆုံးပြီး ၈၉ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

    တနင်္သာရီတိုင်းမှာတော့ စစ်ကောင်စီတပ်က ရေဖြူမြို့နယ်က ဒေသခံ အယောက် ၃၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားပါတယ်။

    သတင်းပေးပို့ချက်ထဲမှာတော့  ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်နဲ့ လာရှိုးမြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုတွေကြောင့် လူထိခိုက်သေဆုံးမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 157 )

    သတင်းထုတ်လွှင့်ချက် - ( EP - 157 )

    ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။

    လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းစစ်ဖြစ်ရတဲ့ အဓိက အကြောင်းအရင်း။

    လွတ်လပ်ရေး ရပြီးနောက် ဆက်တိုက်ဆိုသလို တိုက်ပွဲတွေဖြစ်ပွားလာပြီး တိုက်ပွဲတွေကြောင့် ပြည်သူတွေဟာ တစ်နေရာက တစ်နေရာကို ပြောင်းရွေ့ပြီး စစ်ဘေးရှောင်လာ ခဲ့ရတဲ့အတွက် အခုအချိန်မှာ ပြေးစရာမြေ၊ နေစရာ နေရာမရှိတော့ဘူးလို့ ဆိုကြပါတယ်။

    လွတ်လပ်ရေးနဲ့အတူ တန်းတူ အခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် နဲ့ ကိုယ်ကြမ္မာ ကိုယ်ဖန် တီးခွင့်တွေကို အပြည့်အဝ ရရှိမယ်လို့ တိုင်းရင်းသားတွေက အစက မျှော်လင့်ခဲ့ကြတာပါ။

    ဒါပေမယ့် အုပ်ချုပ်သူ အစိုးရတွေက တိုင်းရင်းသားတွေ လိုလားနေကြတဲ့ တန်းတူ အခွင့်အရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့် နဲ့ ကိုယ်ကြမ္မာ ကိုယ်ဖန် တီးခွင့်တွေကို မပေးခဲ့တဲ့အပြင် ဗဟိုချုပ်ကိုင်မှု အပြည့်အဝကျင့်သုံးပြီး တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့အတွက် လွတ်လပ်ရေး ရရှိခဲ့တဲ့ နောက်ပိုင်း စတင်လာတဲ့ ပြည်တွင်းစစ်မီးဟာ ချုပ်ငြိမ်းသွားတာ မရှိပဲ အခုအချိန်အထိပဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

    ပြည်တွင်းစစ်မီးကြောင့် စစ်ရေးပဋိပက္ခအတွင်းမှာရှိတဲ့ ပြည်သူတွေဟာလည်း စစ်ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်လာခဲ့ကြတာဟာ အခုဆိုရင် ပြေးစရာမြေ၊ နေစရာ နေရာ မရှိတော့တဲ့ အခြေအနေကို ရောက်ရှိနေပြီ ဖြစ်တဲ့အတွက် တန်တူးရေးအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ် အပြည့်အဝ ဖန်တီးနိုင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီးကို အမြန်ဆုံး တည်ဆောက်နိုင်ဖို့ စစ်ဘေးရှောင်တွေနဲ့ နိုင်ငံတဝှမ်းက ပြည်သူတွေက မျှော်လင့်နေကြပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    16 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 156 )

    သတင်းထုတ်လွှင့်ချက် - ( EP - 156 )

    ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။

    တင်ဆက်ပေးမယ့် သတင်းတွေကတော့ ...... အရေးပေါ်ကာလသက်တမ်း ထပ်တိုးပြီး စစ်ကောင်စီ အာဏာဆက်ယူလိုက်တဲ့သတင်း

    အစစ်အဆေးကြမ်းတဲ့ ဘားအံ သံလွင်တံတားထိပ်မှာ ပေါက်ကွဲမှုဖြစ် ၁ ယောက်သေ၊ ၁၄ ယောက်ဒဏ်ရာရ တဲ့သတင်းနဲ့ ရှမ်းမြောက်၊ ကွတ်ခိုင်မှာ ဖမ်းဆီးခံထားရတဲ့ ဒေသခံတစ်ယောက်ကို စစ်ကောင်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ သတင်းတွေကို နားဆင်ရမှာပါ။

    သတင်းပေးပို့ချက်ထဲမှာတော့ KNU ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်နဲ့ တောင်ငူခရိုင်ထဲက စစ်ရေးအခြေအနေ၊ စစ်ရှောင်တွေအကြောင်းနဲ့ ရှမ်းမြောက်က စစ်တပ်နဲ့ TNLA တအာင်းတပ်တို့ကြားက ပစ်ခတ်မှုထဲ အရပ်သား ထိခိုက်သေဆုံးမှုရှိခဲ့တဲ့ အကြောင်းတွေကို တင်ဆက်ထားပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    17 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 155 )

    သတင်းထုတ်လွှင့်ချက် - ( EP - 155 )

    ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။

    စစ်ဘေးရှောင်တစ်ဦးရဲ့ ခံစားချက်၊ မျှော်လင့်ချက်နဲ့ စစ်ဘေးရှောင် လမ်းခရီး 

    "ကျနော်ဆို ဟိုး ၁၉၉၅ မွေးကတည်းစပြေးရတာ ဒီနေ့ ဒီအချိန်အထိပါပဲ။ နားရတာဆိုလို့ ကျောင်းတက်တဲ့အချိန်နဲ့ ဒီ ၂၀၂၀ ပေါ့ အဲဒီအတောအတွင်းမှာပဲ နားရတာ တခြားအချိန်မှာဆို ကျနော်ငယ်ငယ်တုန်းကဆို ပြေးနေရတာ စစ်ပြေးပါပဲ အမှန်တကယ်တမ်း ကျနော်တို့ စစ်ပြေးပါပဲ တော်တော်လေးလည်း အခက်အခဲကြုံရတယ်။" ဦးထူးရယ် - ကရင်နီ စစ်ဘေးရှောင် 

    "ဒါပေမယ့်လည်း တစ်ခါတစ်ခါ ပြန်စဉ်းစားကြည့်တော့လည်း ကျနော်တို့ တောတောင်ဒေသမှာက သွားနေရတာကိုး အခြေအနေလည်း မကောင်းဘူး အဲလိုမျိုးဖြစ်နေ​တော့ ပြေးနေရတယ်။ ဒီနေ့ ဒီအချိန်အထိ ပြေးလို့ မဆုံးသေးဘူးပေါ့နော။ ဖြစ်နိုင်ရင် ကျနော်တို့ ဒီရှေ့ဆက်မှာတော့ အေးအေးချမ်းချမ်းလေးတော့ နေချင်တယ်။ စားဝတ်နေရေးဆိုရင်လည်း လုံလုံလောက်လောက်နဲ့ ပြည့်ပြည့်ဝဝလေးနဲ့ ကျနော်တို့ အသက်ရှင်ကာလအတွင်းမှာ ခံစားချင်တာပေါ့နော"  ဦးထူးရယ် - ကရင်နီ စစ်ဘေးရှောင်

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    6 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 154 )

    သတင်းထုတ်လွှင့်ချက် - ( EP - 154 )

    ဇူလိုင်လ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။

    တင်ဆက်ပေးမယ့် သတင်းတွေကတော့ ……… ကသာက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် တစ်လအကြာမှာ
    သတ်ပစ်လိုက်ပါတယ်။

    လုံခြုံရေး တင်းကြပ်ထားတဲ့ကြားက ထားဝယ်မြို့ပေါ်က စစ်ကောင်စီ ဝန်ကြီးတွေရဲ့ အိမ်ရာ တတိယအကြိမ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။

    ခင်ဦးမြို့နယ်မှာတော့ စစ်ကောင်စီတပ်က ကျေးရွာထဲကို ပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

    KNU တပ်မဟာ ၃ မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က တပ်ခွဲမှူး တစ်ယောက်အပါအဝင် အယောက် ၄၀ ကျော်သေဆုံးပြီး အယောက် ၄၀ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

    သတင်းပေးပို့ချက်ထဲမှာတော့ ကရင်နီဒေသမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြားက တိုက်ပွဲတွေ၊ စစ်ရေးပဋိပက္ခ အခြေအနေတွေ၊ နှစ်ဖက်တပ်တွေရဲ့ နယ်မြေစိုးမိုးမှု အတိုင်းအတာ အခြေအနေ တွေကို သတင်းပေးပို့ချက်ထဲမှာ ကြားကြရမှာမှာပါ။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    12 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 153 )

    သတင်းထုတ်လွှင့်ချက် - ( EP - 153 )

    ဇူလိုင်လ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။

    တင်ဆက်ပေးမယ့် သတင်းတွေကတော့ ……… ယာဒိုတိုက်ပွဲအတွင်းစစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ၃၃ ကြိမ်ပြုလုပ်ခဲ့ပါတယ်။

    ကော့ကရိတ်မြို့နယ်ထဲက လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို စစ်ကောင်စီက ပြန်လည်ရယူဖို့ တိုက်ခိုက် နေတဲ့အတွက် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မှာတော့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာ မရှိပဲ ကျေးရွာထဲကို လေ ကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

    ကသာမှာတော့ စစ်ကောင်စီတပ်က လူနေအိမ်တွေကို မီးရှို့ဖျက်စီးခဲ့ပါတယ်။

    သတင်းပေးပို့ချက်ထဲမှာတော့ ကယား (ကရင်နီ) ပြည်နယ်ထဲက စစ်ဘေးရှောင်တွေဟာ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီတွေ ရရှိတဲ့အပိုင်းမှာတော့ အရမ်းကို နည်းနေတဲ့အပြင် နိုင်ငံတကာနဲ့ ကုလသမဂ္ဂရဲ့အကူ အညီတွေကလည်း စစ်ကောင်စီရဲ့ ခွင့်ပြု ချက် နဲ့ လာ ရတာ ဖြစ်တဲ့အတွက် ထိရောက်တဲ့ ကူညီလုပ်ဆောင်မှု တွေကို မလုပ်ဆောင်နိုင်ဘူးလို့ စစ်ဘေးရှောင် ကူညီပေးနေသူတွေက ပြောဆိုလိုက်တယ်ဆိုတဲ့ သတင်းပေးပို့ ချက်ကို ကြားကြရမှာပါ။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 152 )

    သတင်းထုတ်လွှင့်ချက် - ( EP - 152 )

    ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။

    တင်ဆက်ပေးမယ့် သတင်းတွေကတော့ ……… စစ်ကောင်စီတပ်ရဲ့ လက်ခတ်တောင် တာဝါတိုင် စခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

    ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်၊ ယာဒိုကျေးရွာမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ်မှာတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

    ဧရာဝတီတိုင်းမှာ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ က လက်ရိုက်အုတ်လုပ်ငန်း အခွန်ကို တစ်နှစ်အတွင်း ၂ ကြိမ်အထိ တိုးမြှင့် ကောက်နေပါတယ်။

    သတင်းပေးပို့ချက်ထဲမှာတော့ ကုလသမဂ္ဂအဖွဲ့တွေ၊ အာဆီယံနိုင်ငံတွေရဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းမှုက လူသားချင်းစာနာမှု အကူအညီတွေ ဘယ်လို နှောင့်နှေးနေရပါသလဲဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။

    သတင်းပေးပိုချက်ထဲမှာတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အပါအဝင်၊ အိမ်နီးချင်းနိုင်ငံတွေကို လက်ရှိ တော်လှန်ရေးကို ဦးဆောင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ဘယ်လိုချဉ်းကပ် လုပ်ဆောင်သင့်သလဲ။ စတဲ့ သုံးသပ်ချက်တွေကို သတင်းပေးပို့ချက်ထဲမှာ ကြားကြရမှာပါ။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min

About Network Media Group (NMG)

From the publisher's feed

Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.