Sign up to save your podcasts
Or

သတင်းထုတ်လွှင့်ချက် - ( EP - 181 )
စက်တင်ဘာလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။
နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှု အကူအညီတွေ ဘာကြောင့် ထိရောက်မှု မရှိတာလဲ။ (သတင်းဆောင်းပါး)
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်နဲ့တိုင်း အသီးသီးက မြို့နယ်တွေထဲ နေ့စဉ်နဲ့အမျှ ပြည်သူတွေ က စစ်ဘေးရှောင်နေကြရပါတယ်။ ဖြစ်ပွားဆဲပဋိပက္ခတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် အိုးအိမ်စွန်ခွာ ထွက်ပြေးရသူ ၁ ဒဿမ ၉ သန်းကျော်ရှိတယ်လို့ UNOCHA Myanmar ရဲ့ စာရင်းတွေက ဖော်ပြပါတယ်။
သူတို့ဟာ မရေရာတဲ့ အခြေအနေတွေနဲ့ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပြီး လူမှုဘဝ ကယ်ဆယ်ရေး အကူအညီတွေလည်း အများကြီး လိုအပ်နေပါတယ်။
နိုင်ငံတကာအစိုးရတွေကနေ တဆင့် မြန်မာနိုင်ငံကိုပေးလာတဲ့ လူသားချင်းစာနာမှု ကူညီရေး ဆိုင်ရာကိစ္စရပ် တွေက အာဏာသိမ်းမှု နောက်ပိုင်း စစ်ကောင်စီနဲ့ ပူးပေါင်းလုပ် ဆောင်နေရတာတွေကြောင့် စစ်ဘေးရှောင်တွေဆီ ထိရောက်တဲ့ အကူအညီတွေ မရောက်ဘူးလို့ ထောက်ပြတာ တွေရှိနေပါတယ်။ ဒီအခြေအနေတွေကို တင်ဆက်ထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 180 )
စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ .......... ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ထဲက စစ်တပ်နဲ့ KNDO တို့အကြားက တိုက်ပွဲထဲ စစ်ကောင်စီဘက်က ၃၂ ယောက်သေဆုံးပြီးခဲ့ပါတယ်။
အိမ်ပြန်ကြည့်တဲ့ ဖရူဆိုမြို့နယ်ထဲ ဒေသခံအမျိုးသမီးတစ်ယောက် မိုင်းနင်းမိပြီး သေဆုံးသွားပါတယ်။ လားရှိုး-မန္တလေး ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ စက်သုံးဆီဆိုင် ပေါက်ကွဲမှုထဲ အမျိုးသား ၂ ယောက် သေဆုံး ခဲ့ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ရှမ်းမြောက်၊ တန့်ယန်းမြို့နယ်ထဲက ကလေးငယ်တွေကို မန်ပန်ပြည်သူ့စစ် အဖွဲ့က စာသင်ပေး မယ်လို့ ဆိုပြီး အတင်းအဓမ္မ ခေါ်ဆောင်သွားတဲ့ အကြောင်း သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 179 )
စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ .......... တိုက်ပွဲတွေကြောင့် ပဲခူးရိုးမက ဒေသခံ ၉၀၀ ခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ပုသိမ်ထောင်တွင်း အဓိကရုဏ်းမှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက ၃၃ ယောက်ကို စစ်ကောင်စီက ထပ်တိုး ထောင်ဒဏ် ၆ နှစ်စီ အမိန့်ချလိုက်ပါတယ်။
လပွတ္တာမြို့နယ်ထဲက ပင်လယ်ပြင်ထဲမှာ ဖမ်းမိထားတဲ့ ရိုဟင်ဂျာ ၇၂ ယောက်ကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်ပါတယ်။
ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာတော့ စစ်ဘေးရှောင်ရာကနေ နေရပ်ကို ပြန်လာတဲ့ မိသားစုဝင် ၄ ယောက်ကို PDF တွေ အလင်းဝင် လာ တယ်ဆိုပြီး စစ်ကောင်စီက ဝါဒဖြန့်ထားပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်းက တိုက်ပွဲသတင်း သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 178 )
စက်တင်ဘာလ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ .......... ဖားကန့်မှာ စရဖရုံးနဲ့ ရဲစခန်းတွေကို KIA နဲ့ KPDF တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
မြစ်ကြီးနားက စစ်ကောင်စီရဲ့ လေတပ်စခန်းတိုက်ခိုက်ခံရပြီး ဂျက်ဖိုက်တာ ၂ စီးပျက်စီးခဲ့ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ မြေမြုပ်မိုင်းနင်းမိတဲ့အတွက် ဒေသခံတစ်ယောက် ခြေထောက်ဖြတ် လိုက်ရပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ စစ်ကောင်စီက ကျင်းပဖို့ စီစဉ်နေတဲ့ အင်းလေး ဖောင်တော်ဦး ဒေသစာရီကြွချီ ပူဇော်ပွဲကို ဒေသခံတွေနဲ့ တော်လှန်ရေး အင်အားစု တွေကတော့ အကျဉ်းချုံးသာ ကျင်းပစေချင်တဲ့ အကြောင်း သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 177 )
စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ .......... ကော့သောင်းမြို့နယ်အတွင်းက တိုက်ပွဲကြောင့် ဒေသခံတွေ ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
တနင်္သာရီတိုင်း မြိတ်ခရိုင် ကျွန်းစုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တွေ ထိမှန်ပျက်စီးခဲ့ပြီး ရွာသားတွေလည်း ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့က အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ထားဝယ်ခရိုင် ရေဖြူမြို့နယ်မှာ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သား တချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ ရွာသားတွေက ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ စစ်ရေးတင်မာနေတဲ့ ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြာင်းထိုး ဝင်ရောက်လာမှုတွေကြောင့်လည်း တိုက်ပွဲဆက်လက်ပြင်းထန်လာ နိုင်တယ်ဆိုတဲ့သုံးသပ်ချက်တွေ ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 176 )
စက်တင်ဘာလ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ .......... တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိတဲ့ဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စစ်ကောင်စီနဲ့ RCSS တို့ ဆွေးနွေးခဲ့ကြပါတယ်။
ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်မှာတော့ ပျူစောထီး ခေါင်းဆောင်ဆိုသူနဲ့ ဇနီးဖြစ်သူတို့ အပစ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။
ထားဝယ်ခရိုင် လောင်းလုံးမြို့က စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ကိုယ်ပိုင်အုပ်ချုပ်ရေး စနစ်ကို ကရင်နီ ပြည်နယ်မှာ စတင်ကျင့်သုံးနေပြီလို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က ပြောဆိုလိုက်တယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 175 )
စက်တင်ဘာလ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ .......... လားရှိုးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာကနေ အရပ်သား ၁ ယောက် ပွဲချင်းပြီး သေဆုံးပြီး ၄ ယောက်ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
မူဆယ်မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြားက တိုက်ပွဲကြောင့် ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
တနင်္သာရီတိုင်းမှာတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် သံဃာတော် ၂ ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
မြန်မာနိုင် အရှေ့တောင်ပိုင်းဒေသတွေနဲ့ ကချင်ပြည်နယ်တွေမှာ လူသားချင်းစာနာမှု ဆိုင်ရာ ဝင်ရောက် ကူညီခွင့် အတွက် ကန့်သတ်ချက်တွေ ပိုတိုးလာတယ်လို့ UNOCHA မြန်မာ က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ စစ်ကောင်စီ မိသားစုဝင် ၉ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO-PDF) က နေရပ် ပြန်ခွင့်ပြုလိုက်တယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 174 )
စက်တင်ဘာလ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ .......... စစ်ကောင်စီတပ်က ကသာမြို့နယ်ထဲကကျေးရွာတစ်ခုကို မီးရှို့ပြီး ဒေသခံ ၇ ယောက်ထက်မနည်းကိုလည်းသတ်ဖြတ်ခဲ့ပါတယ်။
မြိတ်မြို့ပေါ်က စည်ပင်ဈေးတွေမှာ အခြေခံစားသောက်ကုန်တွေနဲ့ အသားငါးတွေကို ပုံမှန်စျေးနှုန်းအတိုင်း ရောင်းချဖို့နဲ့ ဈေးတင်ရောင်းချတာတွေ မလုပ်ဖို့ မြို့နယ်စည်ပင်သာယာရေး ကော်မတီက သတိပေးထားပါတယ်။
စစ်ကောင်စီ သတင်းပေးဆိုသူ အမျိုသမီးတစ်ယောက်ကို သတ်ဖြတ်မှုနဲ့ စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ ဘိုကလေးက လူငယ် ၄ ယောက်ကို ဖျာပုံခရိုင်တရားရုံးကသေဒဏ်အမိန့်ချလိုက်ပါတယ်။
စစ်ကောင်စီထုတ်ကုန်တွေဖြစ်တဲ့ မြန်မာဘီယာ အပါအဝင် အရက်မျိုးစုံနဲ့ အောင်ဘာလေထီ ကို ဧရာဝတီတိုင်း အတွင်းမှာ အတင်းအကြပ် ဖိအားပေး ရောင်းခိုင်းနေပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ကရင်နီပြည်နယ်ထဲက ဆုံးရူံးသွားတဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့အတွက် စစ်ကောင်စီတပ်က အရင်ကထက် ပိုပြီးပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို လုပ်ဆောင်နေ တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ပြောဆိုလိုက်တယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 173 )
စက်တင်ဘာလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ .......... ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA နဲ့ စစ်ကောင်စီ တပ်တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပါတယ်။
KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အတွက် ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစဘေးရှောင် ၁၆၀၀ နီးပါးအတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။
COVID ရောဂါ ဖြစ်ပွားချိန်ကနေ ၃ နှစ်ကျော်ကြာ ရပ်နားထားတဲ့ ဝါးမျှစ်ချိုးရောင်းချမှုကို လိုင်ဇာအနီးရှိ စစ်ရှောင်ပြည်သူတွေက ပြန်လည် လုပ်ကိုင်နေကြပေမယ့် စျေးကောင်းမရဘူးလို့ ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ စစ်ကောင်စီကို နိုင်ငံတကာ ဆက်လက် ဖယ်ကြဉ်ထားပြီး အရေးယူပိတ်ဆို့မှု တွေကို ပြင်းပြင်းထန်ထန် လုပ်ဆောင်ရေးဖို့ NUG ယာယီသမ္မတက နိုင်ငံတကာကို တိုက်တွန်းလိုက်ပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 172 )
စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ .......... စစ်ကောင်စီတပ် စစ်ကြောင်း ထိုးလာတဲ့အတွက် ကန့်ဘလူ မြို့နယ်ထဲက ကျေးရွာပေါင်း ၁၂ ရွာက ဒေသခံပြည် သူ ၆ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြရ ပါတယ်။
ဧရာတီတိုင်းမှာ စစ်ကောင်စီက နည်းအမျိုးမျိုးနဲ့ အင်အားစုဆောင်းမှုတွေ လုပ်ဆောင်နေပါတယ်။
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှာတော့ လူငယ်တစ်ယောက်ဟာ တောင်ကျချောင်း ရေစီးအတွင်း မျောပါ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင် ရွှေကျင်(ဆောထိ) မြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်လာတယ်လို့ KNU က ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ တူမီးသေနတ်နဲ့ စတင်ခဲ့တဲ့ နွေဦးတော်လှန်ရေးဟာ ၂ နှစ်တာ ကာလအတွင်း ခေတ်မီလက်နက်တွေနဲ့ တပ်ရင်း ပေါင်းဘယ်လောက်ကို ဖွဲ့စည်းထားနိုင်ပြီလဲ။ တိုင်းရင်း သား လက် နက်ကိုင် အဖွဲ့အစည်းတွေနဲ့ရော ဖက်ဒရယ် ဒီမိုက ရေစီ တည်ဆောက်ရေးအတွက် ဘယ်လို ညှိနှိုင်းမှုတွေကို လုပ်ဆောင် နေပြီလဲ ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
From the publisher's feed
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.