Sign up to save your podcasts
Or

သတင်းထုတ်လွှင့်ချက် - ( EP - 201 )
နိုဝင်ဘာလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ကို ရောက်ရှိ နေတဲ့ ကရင်နီ စစ်ဘေးရှောင် အယောက် ၂,၅၀၀ ကျော်အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။
ပိတ်ထားတဲ့ မန္တလေး- မြစ်ကြီးနားလမ်းတွေ ပြန်ဖွင့်ပေမယ့်လည်း ကချင်ပြည်နယ်၊ မြို့တော် မြစ်ကြီး နားမှာ အခြေခံစားသောက်ကုန်တွေ စျေးမကျသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။
တနင်္သာရီတိုင်း ပုလောမှာတော့ စစ်ကောင်စီ ရေတပ်က တပ်ကြပ်ကြီးတစ်ယောက်ဟာ လက်နက်မဲ့ အလင်းဝင် လာတယ်လို့ ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် တာဝန်ရှိသူက ပြောပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်နယ်မြေထဲမှာ ကျားဖြန့် အွန်လိုင်းငွေ လိမ်လည် လုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၈၈ ယောက်နဲ့ မြန်မာနိုင်ငံသား ၂၈ ယောက် စုစု ပေါင်း ၁၁၆ ယောက် ကို SSPP/SSA က ဖမ်းဆီးနိင်ခဲ့တယ်ဆိုတဲ့ သတင်းနဲ့အတူ စစ်အာဏာသိမ်းချိန်ကစပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ စစ်ကောင် စီတပ်တို့ အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အခြေအနေ အသေးစိတ် သတင်းပေးပို့ချက်ကိုလည်း ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 200 )
နိုဝင်ဘာလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။
"ကရင်နီပြည်နယ်မှာ တရားစီရင်ရေးကဏ္ဍတွေကို ဘယ်လို အကောင်အထည် ဖော်နေသလဲ"
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍကို ဦးဆောင်နိုင်ဖို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ကို ဖွဲ့စည်းပြီး ကြားကာလ ကရင်နီပြည် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို ဖွဲ့စည်းထားသလို ပြည်နယ်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကဏ္ဍတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေကြပါတယ်။
ဒီလိုဆောင်ရွက်နေမှုတွေထဲက တရားစီရင်ရေးကဏ္ဍနဲ့ ပတ်သက်ပြီး ဘာတွေလုပ်နေကြလဲ၊ ဒေသန္တာရ တရား စီရင်ရေး ကျင့်သုံးတဲ့ ကရင်နီပြည်ရဲ့ တရားစီရင်ရေးကဏ္ဍ၊ တရားရုံးအခြေအနေ၊ တရားစီရင်ရေးအပိုင်းမှာ ကြုံ နေရတဲ့ အခက်အခဲတွေက ဘာတွေလဲ။ ကရင်နီပြည်နယ်ရဲ့ အမှတ် ၂ တရားရေးရုံး၊ တရားသူကြီး ဒေါ်အန်းဂျလာကို သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနက ကိုပီတာက ဆက်သွယ်မေးမြန်းထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 199 )
နိုဝင်ဘာလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။
" အရပ်သားတွေကို စစ်ကောင်စီက ဘာကြောင့် ပိုပြီး ဦးတည်တိုက်ခိုက်နေတာလဲ " (သတင်းဆောင်းပါး)
ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO/KIA ဌာနချုပ် လိုင်ဇာအနီးရှိ မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုကြောင့် စစ်ရှောင်ကလေးတွေအပါအဝင် စစ်ရှောင်ပြည်သူ ၂၉ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၅၇ ယောက် ရှိခဲ့တယ်လို့ KIO ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
မုန်လိုင်ခက် တိုက်ခိုက်မှု ဖြစ်စဉ်အပြင် စစ်ကောင်စီဟာ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိူး၊ စစ်ရာဇဝတ်မှု ချိုးဖောက်မှုအမျိုးမျိုးကို ဆက်တိုက်ကျူးလွန်နေတယ််လို့ တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။
အရပ်သားတွေကို စစ်ကောင်စီက ဘာကြောင့် ပစ်မှတ်ထားတိုက်ခိုက်နေတာလဲ။ ဒါနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ် ရေးအစိုးရ NUG နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဘယ်လို ထောက်ပြပြောဆိုထားပါသလဲ ဆိုတာကို စုစည်းတင်ဆက်ထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 198 )
နိုဝင်ဘာလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။
KSCC က အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေးကော်မတီကို ဘယ်လိုရည်ရွယ်ပြီး ဖွဲ့စည်းလိုက်တာလဲ။
ကရင်နီပြည််နယ် အတိုင်ပင်ခံကောင်စီ KSCC က ပြီးခဲ့တဲ့လက အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေးကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။
ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC က ဘယ်လိုရည်ရွယ်ချက်၊ ဘယ်လိုအကြောင်းကြောင့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံ ဥပေဒ ရေးဆွဲရေး ကော်မတီကို ဖွဲ့စည်းလိုက်တာလဲ။ ဒီ ကော်မတီက ဘာတွေကို လုပ်ဆောင်သွားမှာလဲ စတာတွေကို အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်ကို ပီတာ က ဆက်သွယ်မေးမြန်းထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 197 )
နိုဝင်ဘာလ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။
ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ …. စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာ ဒေသတွေဖက်ကို စစ်ကူပို့ရာမှာ ကုမ္ပဏီကားတွေနဲ့ အရပ်သားကားတွေကို ပြောင်းလဲ အသုံးပြုနေတယ်လို့ မျက်မြင်တွေ့ရှိ သူတွေက ပြောပါတယ်။
တနင်္သာရီတိုင်းမှာတော့ စစ်ဘေးရှောင်တွေ နေရပ် ပြန်လာဖို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ ပျူစောထီး အဖွဲ့ဝင်တွေက ဖိအားပေးခြိမ်းခြောက်ခေါ် ယူ နေတယ်လို့ ရွားသားတွေက ပြောပါတယ်။
ကချင်ပြည်နယ် ဖားကန့်မှာတော့ ဓါးပြ၊ ပြန်ပေးအဖွဲ့ကို ကချင်လွတ်လပ်ရေး တပ်မတော် KIA က ဖမ်းဆီးလိုက် တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိန္ဒိယ-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ရိခေါဒါရ်မြို့က စစ်ကောင်စီ ရဲ့ တပ်စခန်း ၂ ခုကို ချင်းအမျိုးသားတပ်မတော် CNF/CNA ဦးဆောင်တဲ့ ချင်းကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေ က သိမ်းပိုက်နိုင်ခဲ့တဲ့ သတင်းတွေနဲ့အတူ တိုက်ပွဲဖြစ်ပွားနေတဲ့ ရှေ့တန်းစစ်မြေပြင်တွေကို စစ်ကောင်စီ တပ်က စစ်ကူမပေးနိုင်တော့တဲ့ အခြေအနေ ကို ရောက်ရှိလာနေတယ်လို့ တိုက်ပွဲမှာ လက်နက်ချ အညံ့ခံခဲ့တဲ့ စစ်ကောင်စီတပ်ခွဲမှူးက ဝန်ခံပြောဆိုလိုက် တယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 196 )
အောက်တိုဘာလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။
၁၀၂၇ စစ်ဆင်ရေး စတုတ္ထနေ့အထိ ညီနောင်မဟာမိတ် ၃ ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲများ ပြင်း ထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ တပ်စခန်းများကိုလည်း ထပ်မံသိမ်းပိုက်ရရှိခဲ့သည်ဟု ညီနောင်မဟာ ၃ ဖွဲ့က ပြောသည်။
၁၀၂၇ စစ်ဆင်ရေး စတုတ္ထနေ့အဖြစ် နောင်ချို၊ သိန္နီ၊ မိုးကုတ်၊ လားရှိုး၊ ချင်းရွှေဟောင်နှင့် မုံးကိုးမြို့နယ်များတွင် စခန်းသိမ်း တိုက်ပွဲများကို ဆက်လက်လုပ်ဆောင်နေသည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်။
၁၀၂၇ စစ်ဆေင်း လုပ်ဆောင်ရတဲ့ အဓိက အကြောင်းနှင့် ပတ်သက်၍ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကို သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 195 )
အောက်တိုဘာလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။
နွေဦးတော်လှန်ရေး ၂ နှစ်တာကာလအတွင်း ကရင်နီပြည်နယ်မှာ ဘယ်လိုအုပ်ချုပ်ရေး စနစ်မျိုးကို စတင်ကျင့်သုံးနေသလဲ
နွေဦးတော်လှန်ရေး ၂ နှစ်ကျော်ကာလ အတွင်းမှာတော့ ကရင်နီ လက်နက်ကိုင် တော် လှန်ရေး အင်အားစုတွေက ကရင်နီပြည်နယ်ရဲ့ နယ်မြေ ထက်ဝက်ကျော်ကို ထိန်းချုပ်လာနိုင်တဲ့ပြီး အဲ့ဒီ နောက်မှာတော့ ကိုယ်ပိုင်အုပ်ချုပ်မှု စနစ်မျိုးကို ကျင့်သုံးလာနေပြီလို့ KNPP၊ KNDF တာဝန်ရှိသူ တွေ က ပြောပါတယ်။ ဒါ့အပြင် ဘယ်အဖွဲ့အစည်း၊ ဘယ်အာဏာရှင်မှ ဝင်ရောက် စွက်ဖက်မှုမျိုး မရှိတဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေး စနစ်ကို စတင်ကျင့်သုံးနေတဲ့အကြောင်း စုစည်းတင်ဆက်ပေးထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 194 )
အောက်တိုဘာလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။
“လူသတ်ဘီလူး” သို့မဟုတ် “တပ်မ လက်ရွေးစဉ် ဘီလူးစစ်ကြောင်းရဲ့ လူမဆန်အောင် လူသတ် မုဒိမ်းပြုကျင့်မှုများ”
စစ်ကိုင်းတိုင်းထဲမှာတော့ တိုက်ပွဲတွေ၊ စစ်ရေး ပဋိပက္ခတွေက နေ့စဉ်ဖြစ်ပွားနေပြီး စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးရွားလာနေပါတယ်။ ဒီချိုးဖောက်ခံရတွေထဲ့ နောက်ထပ်ထူးခြားတာ တစ်ခုကတော့ “လူသတ်ဘီလူး” ခေါ် တပ်မ လက်ရွေးစဉ် ဘီလူးစစ်ကြောင်းရဲ့ လူမဆန်အောင် လူသတ် မုဒိမ်းပြုကျင့်မှုတွေပဲ ဖြစ်ပါတယ်။ သူတို့တွေက ဘယ်လို လူ့အခွင့်အရေးချိုး ဖောက်မှုတွေကို လုပ်နေလဲ။ ဘီလူးစစ်ကြောင်းကို ဖွဲ့စည်းထားတဲ့ စစ်ကောင်စီရဲ့ ရည်ရွယ်ချက်က ဘာလဲ စတာတွေကို စုစည်းတင်ဆက်ထားပါတယ်
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 193 )
အောက်တိုဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- ရှမ်းပြည်နယ် မြောက်ပိုင်းက တိုက်ပွဲတွေမှာ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့ကနေ ဖရူဆိုအနောက်ဘက်ခြမ်းကိုသွားတဲ့ လမ်းပိုင်းတွေ ပျက်စီးသွား တဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာပြီး ကုန်စျေးနှုန်းတွေ မြင့်တက်လာတယ်လို့ ဒေသံတွေက ပြောပါတယ်။
တနင်္သာရီကမ်းရိုးတန်း မြိတ်ကျွန်းစုအနီး ပင်လယ်ပြင်မှာ ရေကြောင်းလုံခြုံရေး ပင်လယ်ပြင် လေ့ကျင့်ခန်း ပြုလုပ်သွားမှာ ဖြစ်တယ်လို့စစ်ကောင်စီ ထုတ်ပြန်ထားတယ် ဆိုတဲ့ သတင်းတွေနဲ့အတူ ၁၀၂၇ စစ်ဆင်ရေးနဲ့ အတူ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည် ဆောက်ရေးကို တစ်ပြိုက်နက်တည်း ပါဝင် အကောင်အထည် ဖော်ရမယ့် အချိန်ဖြစ်ပြီး ဒီအခွင့်အရေးကို လက်လွှတ်မခံဖို့ လိုတယ်လို့ NUG ကပြောဆိုလိုက်တယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 192 )
အောက်တိုဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- ရှမ်းပြည်နယ် မြောက်ပိုင်း၊ တာမိုးညဲမြို့နယ်ထဲက တိုက်ပွဲတွေကြောင့် မုံးစီးဒေသခံ ၅၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး စားဝတ်နေရေးအတွက် အကူအညီ တွေ လိုအပ်နေပါတယ်။
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့မှာ ၃ နှစ်ကြာရပ်ထားတဲ့ တန်ဆောင်တိုင် ပွဲတော်ကို အခုနှစ်မှာ စစ် ကောင်စီက ဦးစီးကျင်းပမယ်လို့ ဌာနဆိုင်ရာ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ထားဝယ်အကျဥ်းထောင်ထဲက နိုင်ငံရေး အကျဥ်းသားတစ်ဦး အမောဖောက်ပြီး သေဆုံးသွားခဲ့တယ် ဆိုတဲ့ သတင်းနဲ့အတူ မိုးဗြဲရေကာတာ ဖောက်ချမှုလိုက်တဲအတွက် စစ်ဘေးရှောင်တွေရဲ့ လယ်ဧကတွေ ရေနစ်မြုပ် သွားတဲ့အပြင် အရေးပေါ် နေရာပြောင်းရွှေ့နေရတယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြ
ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
From the publisher's feed
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.