Sign up to save your podcasts
Or

သတင်းထုတ်လွှင့်ချက် - ( EP - 211 )
ဒီဇင်ဘာလ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ …… လပွတ္တာမြို့မှာ စစ်ကောင်စီ လက်အောက်ခံ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အင်အား နည်းပါးနေတဲ့အတွက် လူငှားပြီး ကင်းလှည့်နေရပါတယ်။
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာတော့ စျေးရောင်းနေတဲ့ အမျိုးသမီးတစ်ယောက်ကို မောရဝတီရေ တပ်က ဖမ်းဆီးသွားပါတယ်။
ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်ထဲမှာ စစ်ကောင်စီက သေဒဏ်ချမှတ်ထားတဲ့ နိုင်ငံရေး အကျဉ်းသား ၁၈ ဦး ရှိနေတယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရေဖြူမြို့နယ်၊ ညင်းထွေးကျေးရွာအုပ်စု က လူငယ် ၁၀ ယောက်ခန့်ကို စစ်ကောင် စီတပ်က ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် ၉ ယောက်ကို ပြန်လွတ်ပေးခဲ့ပေမယ့်လည်း တစ်ယောက် ကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ လက်ရှိ ဆင်နွဲနေတဲ့ တော်လှန်ရေးဟာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေး၊ အနာဂတ် အကျိုး စီးပွားနဲ့ အာမခံချက်ဖြစ်တဲ့အတွက် စစ်ပွဲတွေ များလာ ရင် နားလည်ကြဖို့ လိုတယ်လို့ ကရင်အမျိုးသား အစည်း အရုံး KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆို လိုက်တယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 210 )
ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- သတင်းတွေကတော့ လွိုင်ကော်မြို့တွင်းက တိုက်ပွဲများကြောင့် အကျဉ်းထောင် အတွင်းရှိ အကျဉ်းသား ၅၀၀ ကျော် ပိတ်မိနေတယ်လို့ ကရင်နီနိုင်ငံရေး အကျဉ်းသားများ အစည်း အရုံး KPPA ကပြောပါတယ်။
၁၁.၁၁ စစ်ဆင်ရေး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု နဲ့ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှုတို့ကြောင့် အရပ်သား ပြည်သူ ၈၂ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီအရပ်ဖက် အဖွဲ့အစည်းတွေက ပြောပါတယ်။
ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ အုန်းပင်ကွင်းကျေးရွာမှာ အခြေစိုက်ထားတဲ့ မောရဝတီ ရေတပ်ဌာနချုပ် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေနဲ့ ရွာသားတွေက ပြောပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ မင်းချောင်းအနောက် ကျေးရွာက ပျူစောထီး ၂ ယောက် ပစ်ခတ် ရှင်းလင်းခံလိုက်ရတယ်လို့ ရွာသားတွေက ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ကော်သူးလေပြည်နယ် တည်ထောင်ဖို့အတွက် ဘယ်အဖွဲ့အစည်း ဘယ်အာဏာ ရှင်မှ ဝင်ရောက်စွတ် ဖက်လို့မရတဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးစနစ်ကို စတင်လုပ် ဆောင်တော့မယ်လို့ ကရင်အမျိုး သား အစည်းအရုံး KNU က ပြောဆို လိုက်တယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 209 )
နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ထဲက တုံဆင်လေးရွာမှာ လက်နက်ကြီးကျည် ကျ ရောက်ပေါက်ကွဲ ခဲ့လို့ ကလေးငယ် တစ်ယောက် အပါအဝင် မိသားစုဝင် သုံးယောက် သေဆုံးခဲ့တယ်လို့ ကွတ်ခိုင် ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်မှာ တိုက်ပွဲတွေ တကျော့ပြန်ဖြစ်ပြီးနောက် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ထားတဲ့ အတွက် ကုန်စည်စီးဆင်းမှု ရပ်တန့်သွားပြီး ဆန်တွေ ရှားပါးသွားတဲ့အတွက် တချို့မြို့နယ်တွေမှာ ထမင်းမစားရ တဲ့ သူတွေတောင် ရှိနေကြပါတယ်။ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် သိမ်ကုန်းကျေးရွာ ရေတံခွန်အနီး ခရီးတစ်ထောက် နားနေတဲ့ စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ပင်းပက်သံမဏိစက်ရုံကို ပြန်လည်လည် ပတ်နိုင်ရေး စစ်ကောင်စီက ကြိုးပမ်း နေပြီး စမ်းသပ်လည်ပတ်မှု တွေလည်း စတင်နေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြတယ်ဆိုတာတွေကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 208 )
နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၆ လုံးပျက်စီးခဲ့ပါတယ်။
ချင်း ကာကွယ်ရေးတပ်ရေးတပ်တွေက ချင်းပြည်နယ်နယ်မှာ မြို့ ၇ မြို့ကို ထိန်းချုပ်နိုင်ပြီလို့ ပြောပါတယ်။
လွိုင်ကော်တက္ကသိုလ်ကနေ ကယ်ထုတ်လာတဲ့ Non-CDM ဝန်ထမ်းနဲ့ သူတို့ရဲ့မိသားစုဝင်တွေ ကိုNon- CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးဆောင်ရွက်ခဲ့ပြီး ကရင်နီပြည် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ကနေ ထုတ်ပြန်ထား ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် တချို့နေရာတွေမှာ စားနပ်ရိက္ခာတစ်ချို့ ပြတ်လက်မှုတွေ ရှိနေသလို
ကုန်စျေးနှုန်းမြင့်တက်မှုတွေရှိနေတယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 207 )
နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ပန်ဆိုင်းမြို့မှာ အုပ်ချုပ်မှု ယန္တရားတွေကို ပြန်ထူထောင်နိုင်ပြီလို့ MNDAA က ပြောပါတယ်။
ကိုးကန့်ဒေသက ကုန်းကြမ်းမြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA က ပြောပါတယ်။
တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီပြည်နယ်၊လွိုင်ကော်မြို့ထဲက ကက်သလစ် ခရစ်ယာန်ဘုရား ကျောင်းဝင်းထဲ ကို စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲထားပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ် ချုပ်ဇော်မင်းထွန်းက မြေပြင်မှာ ဖြစ်နေတာတွေနဲ့ ကွဲလွဲပြီး သတင်းအမှားတွေ ထုတ်ပြန်နေတယ်လို့ ကရင်နီ ပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC က ပြောဆိုလိုက်တဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 206 )
နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- စစ်ကိုင်းတိုင်း ဒေသကြီး နန်းယွန်းမြို့နယ်မှာ ဖုန်းလိုင်းတွေ ထပ်မံဖြတ်တောက်ခံထားရပါတယ်။
စစ်ရေးပဋိပက္ခတွေကြောင့် ကရင်နီပြည်နယ်မှာ လူဦးရေ သုံးသိန်းနီးပါး စစ်ဘေးရှောင် နေကြရတယ်။
တောင်ပိုင်းညီနောင်တပ်ပေါင်းစု- Southern Brothers Army(SBA) စစ်ကြောင်းကို ဖွဲ့စည်းလိုက်တယ်လို့ စစ်ကြောင်းမှာ ပါဝင်တဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်ပြောဆိုလိုက်တယ်ဆိုတဲ့ သတင်းတွေနဲ့အတူ ကရင်နီပြည်နယ် မှာ တရားစီရင်ရေးကဏ္ဍတွေကို ဘယ်လို အကောင်အထည် ဖော်နေသလဲ တရားစီရင်ရေး ကဏ္ဍကို အကောင် အထည်ဖော်တဲ့အခါမှာ ဘယ်လိုအခက်အခဲနဲ့ ကြုံတွေ့နေရသလဲ၊ ဒေသန္တရ တရားစီရင်ရေး ကျင့်သုံးတဲ့ ကရင်နီပြည်ရဲ့ တရားစီရင်ရေးကဏ္ဍ၊ တရားရုံးအခြေအနေ အသေးစိတ် သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 205 )
နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ ကို တိုက် ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ် ပြန် ပြော ဆိုလိုက်ပါတယ်။
KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင်ထဲရှိ ကျေးရွာတစ်ခုထဲကို စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရခိုပြည်နယ် ပေါက်တောမြို့မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတဲ့ ပြည်သူတွေကို ဆက်လက် ကယ်ထုတ်နေတယ်လို့ AA က ပြောပါတယ်။
၁၁.၁၁ စစ်ဆင်ရေး ကာလအတွင်း ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာ သေဆုံးသူ အရပ်သား ၇၆ ဦး အထိရှိ လာတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ စစ်ကောင်စီဟာ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး အပေးအယူ လုပ်ကာ တွေ့ဆုံဆွေး နွေးမှုမျိုးတွေကို လုပ်ဆောင် လာနိုင်တယ်လို့ KNU က တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူတွေကို သတိပေးပြောဆို လိုက်တယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 204 )
နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။
"ကရင်နီပြည်နယ်မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုယန္တရား လည်ပတ်မှု ရပ်ဆိုင်းသွားပြီ"
ကရင်နီပြည် မြို့တော် လွိုင်ကော်မြို့မှာ သာမက တစ်ပြည်နယ်လုံးမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုယန္တရား လည်ပတ်မှု ရပ်ဆိုင်းသွားပြီလို့ ကရင်နီပြည် ကြားကာလအတိုင်ပင်ခံ ကောင်စီနဲ့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC တာဝန်ရှိသူတွေက ပြောပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်လိုက်တဲ့ ၁၁.၁၁ စစ်ဆင်ရေးမှာ နိုဝင်ဘာလ ၂၉ ရက်နေ့ အချိန်ထိ မြေပြင်မှာ တိုက်ပွဲတွေ ပြင်းထန်နေသလို အခုစစ်ဆင်ရေး မတိုင်ခင်က လည်ပတ်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ အားလုံး ရပ်တန့်သွားပြီလို့ ဆိုပါတယ်။
မြို့တော် လွိုင်ကော်မှာ သာမကဘဲ တပြည်နယ်လုံး အတိုင်းအတာနဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုယန္တရား လည် ပတ်မှု ရပ်ဆိုင်းသွားတာ ဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလအတိုင်ပင်ခံကောင်စီ KSCC ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။ ဦးအောင်ဆန်းမြင့်ကို ဆက်သွယ်မေးမြန်းထားတာကို နားဆင်ကြည့်ရအောင်ပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 203 )
နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲက ကျန်းမာရေး အခြေ အနေနဲ့ပတ်သက်တဲ့ ဆက်သွယ်မေးမြန်းချက်
တက်ဆက်ပေးမယ့် သတင်းတွေကတော့ --- ကရင်နီပြည်နယ်ထဲ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပြီး ရိက္ခာသယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေလည်း ပိတ်ကုန်လို့ စစ်ရှောင်တွေ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ပြတ်ကုန်ပါတယ်။
မြို့တော်လွိုင်ကော်မှာ နှစ်ဖက်ကြား တိုက်ပွဲတွေ ဖြစ်ပွားရာကနေ တပြည်နယ်လုံးကို ရိက္ခာပို့တဲ့လမ်းတွေ ပိတ် ကုန်တာလို့ ဆိုပါတယ်။ အခု နိုဝင်ဘာလထဲမှာဆိုရင် ဖရူဆိုမြို့နယ်ထဲက စစ်ရှောင်တွေ၊ ပြည်သူတွေဟာ အစု အပြုံလိုက် တုတ်ကွေး ဖြစ်ပွားနေကြပြီး အခြေခံဆေးဝါးတွေ ပြတ်လပ်နေလို့ အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းရှိ ကျန်းမာရေး တာဝန်ခံတွေက ပြောပါတယ်။
ဖရူဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာလည်း ကလေးရော လူကြီးများပါ ဖျားနာနေကြတယ်လို့ ဆိုပါတယ်။ တုတ်ကွေး ဖျားနာသူတွေ အပြင် ငှက်ဖျားဖြစ်တဲ့လူတွေလည်း များလာတယ်လို့ ဆိုပါတယ်။ အဲ့ဒီဘက်က အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒေသတွင်းရှိ ကျန်းမာရေး တာဝန်ခံ တစ်ယောက်ကို ကိုပီတာက ဆက်သွယ်မေးမြန်းထားပါတယ်။
တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲက ကျန်းမာရေး အခြေ အနေနဲ့ပတ်သက်တဲ့ ဆက်သွယ်မေးမြန်းချက် ကို နားဆင်ခဲ့ရတာပါ။ သတင်းနှင့် မီဒီယာကွန်ယက် သတင်း ဌာနရဲ့ Podcast ထုတ်လွှင့်ချက်တွေကို နားဆင်နေကြ တဲ့ မိဘပြည်သူ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေရှင်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 202 )
နိုဝင်ဘာလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။
တက်ဆက်ပေးမယ့် သတင်းတွေကတော့ --- ကရင်နီပြည်ထဲမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား နေပြီး ကုန်စည်လမ်းကြောင်းတွေ ပိတ်ဆို့သွားတာကြောင့် စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးတကြီးလိုအပ်နေပါတယ်။
ကရင်နီပြည်ရှိ ဒေသတချို့မှာ အရင်နှစ်တွေကထက် စပါးအထွက်နှုန်း ကျဆင်းသွားတဲ့အတွက် လာမယ့်နှစ်မှာ စားဝတ်နေရေး အခက်အခဲ ရှိလာနိုင်တယ်လို့ ဒေသခံတောင်သူတွေက ပြောဆိုလိုက်ပါတယ်။
ဖမ်းဆီးရမိထားတဲ့ လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုး ကို ကရင်နီပြည် ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်နိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က ထုတ်ပြန်ပြော ဆိုလိုက်တဲ့ သတင်းတွေ နဲ့အတူ ဧရာဝတီတိုင်းထဲမှာ ၂၀၂၃ ခုနှစ် မိုးရာသီ စပါးထွက်နှုန်းက ပုံမှန်ထွက်နှုန်းရဲ့ ၃၀ ရာခိုင်နှုန်းနီးပါး အထိ လျော့ ကျခဲ့တယ်ဆိုတဲ့ သတင်းပေး ပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
From the publisher's feed
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.