Sign up to save your podcasts
Or

သတင်းထုတ်လွှင့်ချက် - ( EP - 191 )
အောက်တိုဘာလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- ၁၀၂၇ လို့ နာမည်ပေး ထားတဲ့ စစ်ဆင်ရေး ကို စတင်လိုက်ပြီလို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောဆိုလိုက်ပါတယ်။
အင်းတော်မြို့နယ်က CDM ကျောင်းဆရာတစ်ယောက် အပါအဝင် ပြည်သူ ၂ ယောက်ကို စစ်ကောင်စီက ထောင်ဒဏ် တစ်သက် တစ်ကျွန်းနှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ပါတယ်။
ထားဝယ်မှာတော့ စစ်ကောင်စီတပ်က ဒေသခံတစ်ယောက်ကို ဖမ်းဆီးသတ်ဖြတ်သွားပါတယ်။ တအာင်းဒေသမှာ ပထမဦးဆုံးအကြိမ် တအာင်းဥ ပဒေ အကယ်ဒမီကျောင်းဆင်းပွဲကို ကျင်းပပြုလုပ်နိုင်ခဲ့တယ် ဆိုတဲ့ သတင်းနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲ အခြေအနေ အသေးစိတ် သတင်း ပေးပို့ ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 190 )
အောက်တိုဘာလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- KIO ဌာနချုပ်ကို ဝိုင်းပတ်ပိတ်ဆို့ဖို့ စစ် ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတွေနဲ့ တိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ KIA စစ်ဦးစီးချုပ်က ပြောပါတယ်။
လွတ်လပ်ရေး ကြိုးပမ်းမှုကနေ နွေဦးတော်လှန်ရေးအထိ ကချင်အမျိုးသားခေါင်းဆောင်တွေနဲ့ ကချင်လူမျိုးတွေရဲ့ အမြော်အမြင် ကြီးမားမှု၊ ရင်းနှီးပေးဆပ်မှုတွေနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေဟာ ပြည်သူတရပ်လုံး လွတ် မြောက် ရေးအတွက် ကြီးမားလှတဲ့ ခွန်အားတရပ်ဖြစ်တယ်လို့ အမျိုသားညီညွတ်ရေးအစိုးရ NUG ကာကွယ် ရေး ဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်တွေမှာ စစ် ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု ကြောင့် အရပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU က ပြောပါတယ်။
ဖျာပုံထောင်တွင်း တရားရုံး က သေဒဏ် ၂ ကြိမ် နဲ့ နှစ်ရှည် ထောင်ဒဏ် အမိန့် ချခံရတဲ့ နိုင်ငံရေး ကျဉ်းသား ၇ ဦးကို အောက်တိုဘာလ ၂၃ ရက်နေ့က ပုသိမ်ထောင်ကို ပြောင်းရွေ့လိုက်တယ်လို့ အကျဉ်းဦးစီးဌာန အသိုင်းအဝန်းက ပြောပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 189 )
အောက်တိုဘာလ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- ဖျာပုံအကျဥ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ PDF လူငယ် ၇ ဦးကို ထောင်တွင်း အထူးတရားရုံးက သေဒဏ် နှစ် ကြိမ်နဲ့ ထောင်ဒဏ် နှစ်ပေါင်း ၆၀ စီ ချမှတ်လိုက်ပါတယ်။
ထားဝယ်မြို့က အောင်တံခွန် ငါးစျေးအသစ် ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခံရပြီး ပန်းရန်လုပ်ကိုင်နေတဲ့ လူငယ် ၂ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
မြိတ် - တနင်္သာရီသွား ပြည်ထောင်စု ကားလမ်းမကြီးပေါ်မှာရှိတဲ့ တုံးဗျောကြီးကျေးရွာက စစ်ကောင်စီကင်း စခန်း တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ရွာသားတွေကပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူ ၁ ထောင်ကျော် အတွက် အခြေခံစားသောက်ကုန်တွေ ပြတ်လပ်နေပြီး အဝတ်အထည်တွေလည်း လိုအပ်နေတယ် ဆိုတဲ့အကြောင်း သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 188 )
အောက်တိုဘာလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- တနင်္သာရီတိုင်းမှာတော့ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ လူမှုကူညီ ရေးအသင်းက လူနာတင် ယာဥ်မောင်းတစ်ဦးဟာ စစ်ကြောရေးမှာ သေဆုံးသွားပါတယ်။
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့က ရွာသားတစ်ဦးကို ဖမ်းဆီး ပစ်သတ်ခဲ့တဲ့အပြင် အိမ် ၁၇ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က စစ်ဘေးရှောင် ၁ ထောင်ကျော် အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အဝတ်အထည်တွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာ ဒုခရိုင် ရဲမှူးလိုက်ပါလာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံလိုက်ရတယ်ဆိုတာနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် - ကျင်စန်းကျော့ သွားလမ်းပေါ်က အမှိုက်ပုံမှာ ဆာလာအိတ်နဲ့ ထုတ်ထားတဲ့ အလောင်း ၃ လောင်း တွေ့ရှိခဲ့တယ် ဆိုတဲ့အကြောင်း သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 187 )
အောက်တိုဘာလ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ စစ်ကောင် စီတပ်က အရပ်သား ၁၀ ယောက်ကျော်ကို ဖမ်းဆီးထားပါတယ်။
ကချင်ပြည်နယ်ထဲမှာတော့ စစ်ကောင်စီရဲ့ အောင်ဂျာစခန်း ၂ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA နဲ့ နီးစပ်သူတွေက ပြောပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ထဲကို စစ်ကြောင်းထိုးဝင် ရောက်လာတဲ့ စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ဒေသခံအမျိုးသားနှစ်ယောက်ကိုလည်း သတ်သွားခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။
ရှမ်းမြောက် ကိုးကန့်နဲ့ ‘ဝ’ ဒေသမှာ ရှိနေတဲ့ တရုတ် ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းပေးဖို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် (SHRF)က အစီရင်ခံစာထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ အကြမ်းဖက်မှုကို လုပ်ဆောင်နေတဲ့ စစ်ကောင်စီဟာ ငြိမ်းချမ်းရေးကို ဖော် ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ပအိုဝ်း အမျိုးသား ဖက်ဒရယ်ကောင်စီ - PNFC ဥက္ကဋ္ဌ က ပြောဆိုလိုက်တယ် ဆိုတဲ့အကြောင်း သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 186 )
အောက်တိုဘာလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်က ရွာတွေထဲကို ဝင်ရောက်စီးနင်းပြီး ထောင်ထား ခဲ့တဲ့ မိုင်းတွေ နဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၅ ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တစ်ယောက်သေဆုံးခဲ့ပါတယ်။
တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ် လိုက်တဲ့ လက်နက်ကြီး ထိမှန်ပြီး ဒေသခံတစ်ဦး သေဆုံးခဲ့ ပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာတော့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ဒေသခံ သုံးထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ … မိုးဗြဲရေကာတာ ဖောက်ချမှု ကြောင့် စစ်ဘေးရှောင်တွေရဲ့ လယ်ဧက ၅၀၀ နီးပါး ရေနစ်မြုပ် သွားတဲ့အပြင် အရေးပေါ် နေရာပြောင်းရွှေ့ နေရတယ်ဆိုတဲ့ အကြောင်း သတင်းပေးပို့ ချက်ကို ကြားကြရ မှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 185 )
အောက်တိုဘာလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- မြိတ်မြို့မှာ ဘုရားဖူးလာ သူတွေဆီကနေ စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြီး ငွေကြေးတောင်းယူမှုတွေ ရှိနေပါတယ်။
ထားဝယ်တက္ကသိုလ် ဒုတိယနှစ်ကျောင်းသားတစ်ဦးကို စစ်ကောင်စီရဲ့ ထားဝယ်အကျဥ်းထောင်တွင်း တရားရုံး ကနေ နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့် တပ်မတော် MNDAA တပ်တို့ အကြား တိုက်ပွဲ ဖြစ်ပွားတာ မရှိပဲ ရပ်တန့်ရာကနေ တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။
ထားဝယ်မှာတော့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရွာသား တွေက ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ စစ်ကောင် စီတပ်က အရပ်သားပြည်သူတွေကို ဘာကြောင့် ပိုပြီး ပစ်မှတ်ထား တိုက်ခိုက်လာတာလဲ ဆိုတဲ့ သုံးသပ်ချက် သတင်းပေးပို့ ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 184 )
အောက်တိုဘာလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- ကယား(ကရင်နီ) ပြည် မော်ချီးမှာ ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေမှာ စစ်အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါး ပြဿနာဟာ အခြေအနေ ဆိုးရွားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက စစ်ဘေးရှောင်း ၅ သောင်းကျော်အတွက် ကျန်းမာရေး စောင့်ရှောင်မှုတွေနဲ့ ဆေးဝါးအကူအညီလိုအပ်နေပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ဘီလူးစစ်ကြောင်းကို စစ်ကောင်စီက ဘာကြောင့် ဖွဲ့စည်းထားတာလဲ ဆိုတဲ့ သုံးသပ်ချက် သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 183 )
စက်တင်ဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ခြေရာတော်ကျေးရွာအနီး စက်တင်ဘာလ ၂၂ ရက်နေ့ ည ၈ နာရီဝန်းကျင် အချိန်တွင် စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင် ၂၆ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ သည်။
ယခုဖြစ်စဉ်မှာ မြင်းမူမြို့နယ်ထဲ PDF အများဆုံး သတ်ဖြတ်ခံရသော ဖြစ်စဉ်ဖြစ်ပြီး မြင်းမူမြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (ပလဖ) က ၂ ဦး၊ မြင်းမူ Black Eagle အဖွဲ့က ၁၈ ဦး နှင့် မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA) က ၆ ဦး အသတ်ခံခဲ့ရခြင်း ဖြစ်သည်။
၎င်းတို့ အသတ်ခံရပြီးနောက် ဒေသအတွင်း အခြေအနေက ဘာလိုရှိနေလဲ၊ သတ်ခံရပုံ အသေးစိတ် အခြေအနေက ဘယ်လိုလဲ၊ အဆိုပါ PDF တပ်ဖွဲ့ဝင်များကို သတ်သွားသည့် စစ်ကောင်စီ စစ်ကြောင်းကနေရာ ဘယ်ကို ရောက်နေလဲ စသည့် အကြောင်းအရာများကို မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးအား ဆက်သွယ်မေးမြန်းထားသည်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 182 )
စက်တင်ဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။
KNU ထိန်းချုပ်နယ်မြေထဲက စစ်ကောင်စီတပ်ရဲ့ အခြေအနေ ဘယ်လိုရှိနေသလဲ (သတင်းဆောင်းပါး)
ကရင်ပြည်နယ်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ၊ စစ်ရေးလှုပ်ရှားမှု နယ်မြေတွေထဲ စစ်ကောင်စီတပ်က မြေပြင်မှာ အဖက်ဖက်က ရှုံးနိမ့်လာနေပြီး ထိုးစစ်မထိုးနိုင်တော့တဲ့အပြင် ပုံမှန် လုပ်နေကြ တပ်အချိန်းအပြောင်းကိုတောင် မလုပ်နိုင်တော့ဘူးလို့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA က ပြောပါတယ်။
ဒီအခြေအနေအောက်က KNLA ပူးပေါင်းတပ်တွေက စခန်းသိမ်းတိုက်ပွဲတွေကိုလည်း ဆက်တိုက် ဆင်နွှဲနိုင်နေပါတယ်။ လက်ရှိ စစ်ရေးအခြေအနေပေါ် မူတည်ပြီး KNU အနေနဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ ထူထောင်နိုင်ဖို့အတွက် မြန်မာ့နိုင်ငံရေးမှာ စစ်တပ်မပါတဲ့ တပ်မတော်တစ်ခုကို တည်ဆောက်ဖို့ကို ရည် မှန်းချက် ချထားတဲ့အပြင် လုံခြုံရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍတွေကိုလည်း ဖက်ဒရယ်ဖွဲ့စည်းပုံအသစ်နဲ့အညီ အစားထိုးသွားရမှာ ဖြစ်တယ်လို့ ပြောဆိုလာပါတယ်။ ဒီအကြောင်းကိုစုစည်းတင်ဆက်ပေးထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
From the publisher's feed
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.