Sign up to save your podcasts
Or

သတင်းထုတ်လွှင့်ချက် - ( EP - 171 )
စက်တင်ဘာလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ .......... နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့မှာ ကျောင်းသုံး ဖတ်စာအုပ်တွေ မရသေးတာကြောင့် ကျောင်းသူ/သားတွေ သင်ကြားရေးပိုင်းမှာ အခက်အခဲတွေ ဖြစ်နေကြပါတယ်။
နာဂလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN-K အဖွဲ့ နဲ့ ခွဲထွက်ရေးအဖွဲ့ NSCN - အန်းမိုင်အဖွဲ့တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ခွဲထွက်အဖွဲ့ဘက်က ၃ ယောက် သေဆုံးခဲ့ပါတယ်။
ကချင်ပြည်နယ် ပူတာအိုမှာ ဘေချီ ဆေးဥရှာဖွေရင်း ဩဂုတ်လအတွင်း သေဆုံးသူ ၉ ဦးအထိ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့မှာ ဆိုင်ကယ်တစ်စီးကို အမျိုးသားနှစ်ယောက်စီးပါက ဖမ်းဆီးကာ ထောင်ဒဏ်ပါ ချမှတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ကချင်ပြည်နယ် ဗန်းမော်ခရိုင်ထဲမှာ စစ်ကောင်စီတပ်သား ၃ ယောက် CDM လုပ်လာတယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 170 )
ဩဂုတ်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။
KNPP အတွင်းရေးမှူး - ၂ ဦးအောင်ဆန်းမြင့်နဲ့ ဆက်သွယ်မေးမြန်းချက်
၁၉၉၄ ခုနှစ်က အရင် စစ်အစိုးရနဲ့ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (ကလလတ - KNPLF) ဟာ စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာဇွန်လအတွင်းမှာ ကရင်နီ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေနဲ့အတူ စစ်ကောင်စီတပ်ကို ပြန်ပြီးတိုက်ခိုက်လာခဲ့ပါတယ်။
ဇူလိုင်လ ၁ ရက်နေ့မှာတော့ စစ်ကောင်စီတပ်ကို ပြန်ပြီး တိုက်ခိုက်နေပြီလို့လည်း ( ကလလတ - KNPLF ) က တရားဝင် ထုတ်ပြန်ကြေညာလိုက်တဲ့အတွက် နှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် စာချုပ်ဟာလည်း ၂၉ နှစ်အကြာမှာ ပျက်ပြယ်သွားခဲ့ပါတယ်။
(ကလလတ - KNPLF) အနေနဲ့ ကရင်နီ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို အခုလို ပြန်ပြီးတိုက်ခိုက်လာတာဟာ ဘာကြောင့်လဲ၊ နိုင်ငံရေးအရ ဘယ်လိုသက်ဆိုင်မှုတွေရှိနေသလဲ၊ အရင်နဲ့ အခု စစ်တပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှု အခြေအနေ စတဲ့ သုံးသပ်ချက်တွေကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး - ၂ ဦးအောင်ဆန်းမြင့်ကို အားမီက ဆက်သွယ်မေးမြန်းထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 169 )
ဩဂုတ်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ………. စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ဒေသခံ ၈၀၀၀ ခန့်ဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ PSLF/TNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေပါတယ်။
နယ်စပ်က မြန်မာဒုက္ခသည်တွေကို လုံခြုံမှု မရှိပဲ နေရပ်ကို ပြန်မပို့ဖို့ ထိုင်းလူ့အခွင့် အရေး ကော်မရှင်က တောင်းဆိုလိုက်ပါတယ်။
KNU တပ်မဟာ ၃ ခလယ်လွီထူ ( ညောင်လေးပင် ) ခရိုင်မှာတော့ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု ကြောင့် ဒေသခံ ၂ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်း နှစ်ကြောင်း တပြိုင်းတည်း ဝင်ရောက်လို့ ဒေသခံပြည်သူတွေ စိုးရိမ်ပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ အဲ့ဒီဒေသဘက်က နောက် ဆက်တွဲ အခြေအနေကို သတင်းပေးပို့ချက်မှာ ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 168 )
ဩဂုတ်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဒု - စစ်ဦးစီးချုပ် မာဝီ နဲ့ ဆက်သွယ်မေးမြန်းချက် အပိုင်း (၂ )
စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ပေါ်ပေါက်လာခဲ့သလို တက်ကြွလှုပ်ရှားသူ ကရင်နီ လူငယ်တွေ ဦးဆောင်တဲ့ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF လည်း နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာခဲ့ပါတယ်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဟာ နွေဦးတော်လှန်ရေးကနေ သီးခြားပေါ်ပေါက်လာတဲ့ ကရင်နီတော်လှန်ရေး တပ်ဖြစ်ပေမယ့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ၊ ကရင်နီတပ်မတော် KA စစ်ဦးစီးချုပ်ရဲ့ အမိန့်ကွပ်ကဲမှုအောက်ကနေသာ လှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ကရင်နီပြည်နယ်ထဲကို စစ်ကောင်စီတပ်က တပ်အင်အားတိုးချဲ့မှုတွေကို အရင်ကထက် ပိုပြီး လုပ်ဆောင်နေတဲ့အပြင် ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေကလည်း နေ့တိုင်းဖြစ်ပွားနေပါတယ်။
လက်ရှိ ကရင်နီပြည်နယ်ထဲက စစ်ကောင်စီတပ်ရဲ့ ထိုးစစ်အခြေအနေ၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေစိုးမှုထားနိုင်မှု အခြေအနေ၊ ကရင်နီပြည်ကို စစ်ကောင်စီတပ်က ဘာကြောင့် သာလွန်အင်အားတွေနဲ့ ထိုးစစ်ဆင်နေတာလဲ စတာတွေကို သတင်းနှင့်မီဒီယာ ကွန်ရက် NMG မှ အားမီ က KNDF ဒု-စစ်ဦးစီးချုပ် မာဝီကို ဆက်သွယ်မေးမြန်းထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 167 )
ဩဂုတ်လ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဒု - စစ်ဦးစီးချုပ် မာဝီ နဲ့ ဆက်သွယ်မေးမြန်းချက် အပိုင်း (၁ )
စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ပေါ်ပေါက်လာခဲ့သလို တက်ကြွလှုပ်ရှားသူ ကရင်နီ လူငယ်တွေ ဦးဆောင်တဲ့ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF လည်း နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာခဲ့ပါတယ်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဟာ နွေဦးတော်လှန်ရေးကနေ သီးခြားပေါ်ပေါက်လာတဲ့ ကရင်နီတော်လှန်ရေး တပ်ဖြစ်ပေမယ့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကရင်နီတပ်မတော် KA စစ်ဦးစီးချုပ်ရဲ့ အမိန့်ကွပ်ကဲမှုအောက်ကနေသာ လှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ကရင်နီပြည်နယ်ထဲကို စစ်ကောင်စီတပ်က တပ်အင်အားတိုးချဲ့မှုတွေကို အရင်ကထက် ပိုပြီး လုပ်ဆောင်နေတဲ့အပြင် ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေကလည်း နေ့တိုင်းဖြစ်ပွားနေပါတယ်။
လက်ရှိ ကရင်နီပြည်နယ်ထဲက စစ်ကောင်စီတပ်ရဲ့ ထိုးစစ်အခြေအနေ၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေစိုးမှုထားနိုင်မှု အခြေအနေ၊ ကရင်နီပြည်ကို စစ်ကောင်စီတပ်က ဘာကြောင့် သာလွန်အင်အားတွေနဲ့ ထိုးစစ်ဆင်နေတာလဲ စတာတွေကို သတင်းနှင့်မီဒီယာ ကွန်ရက် NMG မှ အားမီ က KNDF ဒု-စစ်ဦးစီးချုပ် မာဝီကို ဆက်သွယ်မေးမြန်းထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 166 )
ဩဂုတ်လ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။
ကရင်နီစစ်ရှောင်တစ်ဦးရဲ့ ခံစားချက်၊ ရင်ဖွင့်သံ တောင်းဆိုချက်။
စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်ထဲတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလာတဲ့အတွက်ဒေသခံတွေဟာ စစ်ဘေးလွတ်ရာ နေရာအသီးသီးကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။ တချို့က တောတောင်ထဲမှာ ထွက်ပြေးခိုလှုံနေကြသလို တချို့က ထိုင်း-နယ်စပ်ရှိ စစ်ဘေးရှောင်စခန်းနဲ့ တချို့ကတော့ နီးစပ်ရာဆွေမျိုးတွေရဲ့ နေအိမ်တွေမှာ သွားရောက် ခိုလူံနေကြပါတယ်။
နေရပ်ဒေသကိုစွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ကရင်နီ စစ်ဘေးရှောင်တွေဟာ လက်ရှိမှာ နေထိုင်၊ စားသောက်ရေးက အစ အဖက်ဖက်က အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရသလို အကူအညီတွေလည်း လိုအပ်နေပါတယ်ဆိုကြပါတယ်။
စစ်ဘေးရှောင်တွေက ဘယ်လို အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါသလဲ။ သူတို့တွေရဲ့ စိတ်ထဲမှာ ဘာတွေ ခံစားနေရသလဲ၊ ဘာတွေကို တောင်းဆိုထားသလဲဆိုတာကို ထိုင်း-ကရင်နီနယ်စပ်ရောက် စစ်ဘေးရှောင်တစ်ဦးရဲ့ ပြောပြချက်တွေကို ကြားကြရမှာပါ။
သတင်းထုတ်လွှင့်ချက် - ( EP - 165 )
ဩဂုတ်လ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ------- ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီတပ်က Drop Bomb နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ကလေး ၃ ယောက် ထိခိက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ပဲခူးတိုင်း ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ်က နေအိမ် တစ်ရာ့နှစ်ဆယ်ကျော်ကို မီးရှို့ဖျက်စီးခဲ့ပါတယ်။
ကရင်ပြည်နယ်မှာတော့ B.G.F တပ်သား တစ်ယောက် လက်နက်ခဲယမ်းနဲ့အတူ ကရင် အမျိုးသားလွတ်မြောက် ရေး တပ်မတော် (K.N.L.A) - ပူးပေါင်းတပ်ဖွဲ့ဆီကို လာရောက် အလင်းဝင်ခဲ့ပါတယ်။
စစ်ကောင်စီက ထုတ်ဝေလိုက်တဲ့ နှစ်သောင်းတန် ငွေစက္ကူတွေကို ပုဂ္ဂလိက ဘဏ်တွေနဲ့ ငွေကြေးဝန် ဆောင်မှု လုပ်ငန်းတွေမှာ သုံးစွဲတာတွေ မလုပ်ကြဖို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က တားမြစ်လိုက်ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်တာ ကာလအတင်း ကရင်နီပြည်မှာစစ်ကောင်စီ တပ်က အရပ်သား ပြည်သူ ၃၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းပေးပို့ချက်ကိုကြားကြရ မှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 164 )
ဩဂုတ်လ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ------- ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့ ထိုင်း တက္ကသိုလ်ကျောင်းသားတွေ အပါအဝင် လူငယ် ၇ ယောက် ထောင်ဒဏ်နဲ့ ငွေဒဏ် ချမှတ်ခံလိုက်ရပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ အကြောင်းမဲ့သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီး (၂)ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
တိုင်းနဲ့ ပြည်နယ် အသီးသီးကို Drone အစင်းရေ ၄၀၀ ကျော် ဖြန့်ကျက်ပို့ဆောင်ထားတယ်လို့ NUG ကာ ကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး အပြစ်မဲ့ ပြည်သူ (၁)ယောက် အသက်ဆုံးရှုံးခဲ့ရသလို နေအိမ် (၂) လုံးနဲ့ ဆိုင်ခန်း (၁)ခန်း ပျက်စီးခဲ့ရတယ်လို့ KNU က ပြောပါ တယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ခုခံတော်လှန်စစ်အောင်ပွဲဟာ စစ်ရေးအရ မဟာမိတ်စု ဖွဲ့နိုင်မူအပေါ်မှာ ဘာ ကြောင့် မူတည်နေတာလဲ ဆိုတဲ့ သတင်းပေးပို့ချက်ကိုကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 163 )
ဩဂုတ်လ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ------- ခုခံတော်လှန်စစ်အောင်ပွဲဟာ စစ်ရေးအရ မဟာမိတ်စု ဖွဲ့နိုင်မူအပေါ်မှာ မူတည်တယ်လို့ NUG က ပြောပါတယ်။
ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲက ဒေသခံ ၅ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ဒေသခံ ၈၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ စစ်ကောင်စီက NUG ၊ CRPH ၊ PDF တွေကို တွေ့ဆုံဆွေးနွေးမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်တယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 162 )
ဩဂုတ်လ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ------- NCA စာချုပ်ကို ဆက်လက်စွဲကိုင်သွားမယ်လို့
RCSS ပြောပါတယ်။
မကွေးတိုင်းမှာ ရှစ်လအတွင်း အရပ်သား ၅၁ ယောက် အသတ်ခံခဲ့ရတယ်လို့ AAPP က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
ဒီးမော့ဆို - ဖရူဆို ပြည်ထောင်စု လမ်းကြီးမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၅ ယောက်နီးပါး သေဆုံးပြီး ၂၆ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ PSLF/TNLA နဲ့ စစ်ကောင်စီတပ်တို့ တစ်ရက်အတွင်း တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဖြစ်ဖို့အတွက် လက်ရှိ ကြားကာလ အခြေအနေကနေ စတင် တည်ဆောက်ရမှာဖြစ်သလို လုံခြုံရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍတွေကိုလည်း ဖက်ဒ ရယ်ဖွဲ့ စည်းပုံအသစ်နဲ့အညီ အစားထိုးဖို့ လိုတယ်ဆိုတဲ့ ပြောဆိုချက်တွေကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
From the publisher's feed
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.