Network Media Group (NMG)

Network Media Group (NMG)

Download on the App Store

Network Media Group (NMG) episodes

  • သတင်းထုတ်လွှင့်ချက် - ( EP - 221 )

    သတင်းထုတ်လွှင့်ချက် - ( EP - 221 )

    ဒီဇင်ဘာလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။

    ရှမ်းမြောက်က ၁၀.၂၇ စစ်ဆင်ရေးဟာ အခုဆိုရင် ၂ လကျော်သွားပါပြီ။ မြေပြင်မှာ စစ်ကောင်စီတပ်က ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထိုးစစ်ဆင်မှုတွေ၊ တိုက်ခိုက်မှုတွေကြောင့် စခန်းတခုပြီးတစ်ကို စွန့်လွှတ်နေရပါတယ်။

    စစ်ဆင်ရေးနှစ်လအတွင်း စစ်ကောင်စီတပ်စခန်း ၇၃ ခုနဲ့ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူနဲ့ မိုင်းလုံမြို့ ငါးမြို့ကိုသိမ်းပိုက်ထားပြီလို့ တအာင်းတပ် (PSLF/TNLA) က ထုတ်ပြန်ထားပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ တပ်စခန်း၊ နယ်မြေစိုးမိုးမှုရရှိပြီးဖြစ်တဲ့ မြို့တွေ၊ ရှေ့တန်းစစ်မြေပြင်က စစ်ဒေသ တွေကို PSLF/ TNLA စစ်ဦးစီးချုပ် ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးခဲ့တယ်လို့ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

    တိုက်ပွဲတွေထဲ အရပ်သားနေအိမ်တွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ ခန်းမတွေအပြင် လမ်းတံတားတွေလည်း ပျက်စီးခဲ့တဲ့အပြင် ကလေး (၂၈) ယောက် သေဆုံးပြီး (၄၇) ယောက် ဒဏ်ရာရခဲ့ကြောင်း၊ အမျိုးသမီး (၃၆) ယောက် သေဆုံးပြီး (၇၇) ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ အမျိုးသား (၄၅) သေဆုံးပြီး (၇၃) ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က ထုတ်ပြန်ထားပါတယ်။

    TWO ရဲ့ ထုတ်ပြန်ချက်အရ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးရခြင်းရဲ့ အကြောင်းရင်းက လက်နက်ကြီး အသုံးပြုပြီး ပစ်ခတ်ခြင်း၊ လေကြောင်းအသုံးပြုပြီး ဗုံးကြဲခြင်း၊ မြေမြှုပ်မိုင်းတွေ စတာတွေနဲ့ တိုက်ခိုက်မှုတွေ ကြောင့် လို့ဆိုပါတယ်။ မြေပြင်က အခြေအနေနဲ့ပတ်သက်ပြီး TWO က တာဝန်ရှိသူတစ်ယောက်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    20 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 220 )

    သတင်းထုတ်လွှင့်ချက် - ( EP - 220 )

    ဒီဇင်ဘာလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။

    ကရင်နီ နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး (KPPA) ပြန်ကြားရေး တာဝန်ရှိသူ တစ်ယောက်နှင့် ဆက်သွယ်မေးမြန်းချက်

    လွိုင်ကော်အကျဉ်းထောင်တွင်း အခြေအနေ ပိုမိုတင်းကြပ်လာပြီး ရိက္ခာပြတ်မှာကို စိုးရိမ်နေရတဲ့အပြင် အကျဉ်း သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုခံရမှာကိုပါ စိုးရိမ်ရတဲ့ အခြေအနေမျိုးဖြစ်လာနေတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ပြောပါတယ်။

    နိုဝင်ဘာလ ၁၁ ရက်နေ့ ၁၁.၁၁ စစ်ဆင်ရေး စတင်လိုက်တဲ့ အချိန်က စပြီး ထောင်ဝင်စာပိတ်ခံထားရတဲ့အပြင် ဒီဇင်ဘာလ ၁၆ ရက်နေ့ကလည်း အကျဉ်းထောင်အနီး ကရင်နီတော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီ တပ် တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အကျဉ်းသားတွေအတွက်စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

    ကရင်နီပြည်၊ လွိုင်ကော်မြို့ရှိ လွိုင်ကော် အကျဉ်းထောင်ထဲက အကျဉ်းသားတွေကို လူသားဒိုင်းအဖြစ်လုပ်ခံရ မှာကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ကရင်နီ နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး (KPPA) ပြန်ကြားရေး တာဝန်ရှိသူ တစ်ယောက်ကို သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနက ကိုပီတာက ဆက်သွယ်မေးမြန်းထားပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    12 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 219 )

    သတင်းထုတ်လွှင့်ချက် - ( EP - 219 )

    ဒီဇင်ဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။

    အခုတင်ဆက်ပေးမယ့် သတင်းတွေကတော့ ….. ရှမ်းမြောက်က ၁၀.၂၇ စစ်ဆင်ရေးထဲ စစ်ကောင်စီရဲ့ စခန်းပေါင်း ၇၃ ခုနဲ့ မြို့ငါးမြို့ကို တအာင်းတပ် TNLA တပ်ဖွဲ့တွေက သိမ်းယူးထားနိုင်ပါတယ်။

    ရခိုင်ပြည်နယ်ထဲက ကျောက်တော်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်ဘက်က စစ်တပ်နဲ့ ရက္ခိုင့်တပ်တို့ အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို နားဆင်ရဖို့ရှိပါတယ်။

    သတင်းပေးပို့ချက်ထဲမှာတော့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့ အဝင်မှာ ဖမ်းဆီးခံရတဲ့ ချိုးဖြူမြို့ပြ ပြောက်ကျား တပ်ဖွဲ့ (JPRF)က တပ်သား တစ်ယောက် ၃ ပတ်ကျော် ကြာလတဲ့အထိ ဆက်သွယ်လို့ မရသေးတဲ့ အကြောင်းတွေကို တင်ဆက်ပေးထားပါတယ်။

    10 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 218 )

    သတင်းထုတ်လွှင့်ချက် - ( EP - 218 )

    ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။

    အခုတင်ဆက်ပေးမယ့် သတင်းတွေကတော့ ….. နမ္မတူမြို့ မန်လီရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ် တပ်က ဂျက်လေယာဥ်နဲ့ ဗုံးလာကြဲမှုကြောင့် TNEC ကျောင်းဆရာမ ၁ ယောက် သေဆုံးသွားပါတယ်။

    နမ္မတူနဲ့ သီပေါကြားက အဓိကဆက်သွယ်ထားတဲ့ မိုးတေတံတား ဖျက်ဆီးခံလိုက်ရတဲ့သတင်းတွေနဲ့အတူ သတင်းပေးပို့ချက်ထဲမှာတော့ ကရင်နီပြည်နေရာအများစုမှာ ဆက်သွယ်ရေးပြတ်တောက်မှုကြောင့် စာပို့တဲ့ စနစ်ကို ပြန်သုံးနေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောလိုက်တဲ့အကြောင်းတွေကို နားဆင်ရဖို့ရှိပါတယ်။

    8 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 217 )

    သတင်းထုတ်လွှင့်ချက် - ( EP - 217 )

    ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။

    သတင်းဆောင်းပါး

    ၁၀၂၇ စစ်ဆင်ရေးထဲ အရပ်သားထိခိုက်သေဆုံးမှု၊ အရပ်သားနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေက တရက်ထက်တရက်ပိုများလာပါတယ်။ စစ်တပ်ဘက်က အရေးနိမ့်လာတာနဲ့ တပြိုင်နက် လေကြောင်းပစ်ကူတွေကို ခပ်စိပ်စိပ်သုံးလာပါတယ်။

    တရုတ်-နယ်စပ်က ကုန်သွယ်ရေး၊ ၁၀၂၇ စစ်ဆင်ရေးရဲ့ နောက်ဆုံးအခြေအနေတွေကို တင်ဆက်ပေးပါ့မယ်ရှင်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    18 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 216 )

    သတင်းထုတ်လွှင့်ချက် - ( EP - 216 )

    ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။

    သတင်းဆောင်းပါး

    ညီနောင်မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို စတင်ပြီလို့ ကြေညာလိုက်တာနဲ့ တပြိုင်နက်တည်း ရှမ်းမြောက် မှာ စစ်တပ်နဲ့ ညီနောင်မဟာမိတ်တို့အကြား တိုက်ပွဲ ပြင်းထန်လာခဲ့ပါတယ်။

    ညီနောင်မဟာမိတ်တွေဘက်က စခန်းသိမ်းတိုက်ပွဲတွေလည်း ဆက်တိုက်ဆင်နွှဲနေပါတယ်။

    ဒီစစ်ဆင်ရေးကနေ ဖက်ဒရယ် ဒီမိုကရေစီ ပြည် ထောင်စုတည် ဆောက်ရေးကို တစ်ပြိုက်နက်တည်းပါဝင် အကောင်အထည်ဖော်ဖို့ NUG က တိုက်တွန်းထားတာ ရှိနေပါတယ်။ ဒီအကြောင်း Podcast အစီအစဉ်ကနေ တင်ဆက်ပေးပါ့မယ်ရှင်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    19 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 215 )

    သတင်းထုတ်လွှင့်ချက် - ( EP - 215 )

    ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။

    တင်ဆက်ပေးမယ့် သတင်းတွေကတော့ …… စစ်တောင်းမြစ်ဝှမ်းဒေသ တစ်ခုလုံးကို စစ်ဆင်ရေး တိုးမြှင့် ဆောင်ရွက်သွားမယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

    ကရင်နီပြည်၊ လွိုင်ကော်မြို့၊ လောပိတရွာဘက်မှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ယာခင်းထဲ သွားတဲ့ အရပ်သားတွေထဲက ၂ ယောက်သေပြီး ၉ ယောက်လောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်က အခုရက် တိုက်ပွဲအတွင်း နေအိမ် ၅၀ ဝန်းကျင် မီးလောင်ပျက်စီး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ပဲခူးတိုင်း နတ်သံကွင်းမြို့ စခန်းသိမ်းတိုက်ပွဲအတွင်း မြိတ် နည်းပညာတက္ကသိုလ်က ကျောင်း သားတစ်ဦး ကျဆုံးခဲ့ပါတယ်။

    သတင်းပေးပို့ချက်ထဲမှာတော့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်/ တပ်မတော် (PNLO/ PNLA)က သူတို့ ထိန်းချုပ်နယ်မြေထဲ တန်းတူ ညီမျှရေးစနစ်နဲ့ အခွန်ကောက်ခံတယ်လို့ အဖွဲ့တာဝန် ရှိသူတွေက ပြောဆိုလိုက်တယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။ ။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    9 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 214 )

    သတင်းထုတ်လွှင့်ချက် - ( EP - 214 )

    ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။

    တင်ဆက်ပေးမယ့် သတင်းတွေကတော့ ……  နမ္မတူမြို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က တိုက်ခိုက် သိမ်းပိုက်ပြီး မြို့ တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

    KNU တပ်မဟာ ၃ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက နတ်သံကွင်းရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ KNU က ပြောပါတယ်။

    စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သထုံမြို့နယ်ထဲက ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

    ဒီဇင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖက်က စစ်ကြောင်းမှူး အပါအဝင် ရဲဘော် ၄ ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ CDF မင်းတပ်က ပြောပါတယ်။

    သတင်ပေးပို့ချက်ထဲမှာတော့ လွတ်လပ်သော သတင်းမီဒီယာတွေရဲ့ စုရပ်ဖြစ်လာမယ့် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM ကို ဖွဲ့စည်းလိုက်ကြတယ်ဆိုတဲ့အကြောင်း သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 213 )

    သတင်းထုတ်လွှင့်ချက် - ( EP - 213 )

    ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။

    တင်ဆက်ပေးမယ့် သတင်းတွေကတော့ ……  လွိုင်ကော် အကျဉ်းထောင်က အကျဉ်းသားတွေကို စစ်ကောင်စီတပ်က လူသားဒိုင်အဖြစ် အသုံးပြုမှာ စိုးရိမ်နေကြပါတယ်။

    ဧရာဝတီတိုင်း၊ ပုသိမ်မြို့က အထည်ချုပ် စက်ရုံ ၃ ရုံ ပိတ်လိုက်တာကြောင့် စက်ရုံလုပ်သား ၃၀၀၀ နီးပါး အလုပ် လက်မဲ့ ဖြစ်သွားပါတယ်။

    တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်ထဲက ဆီအုန်းခြံတစ်ခုမှာ အမျိုးသားတစ်ယောက် ဆင်နင်းခံရပြီး ခန္ဓာကိုယ် အောက်ပိုင်း ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
    ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာတော့ အလှပြင်ဆိုင်ဖွင့်ထားတဲ့ ညီ အစ်မနှစ်ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    သတင်းပေးပို့ချက်ထဲမှာတော့ လွိုင်ကော်ထောင်ထဲက အကျဥ်းသားတွေ အသက်ဆုံးရှုံး သွားတဲ့ အခြေအနေမျိုးထိ မဖြစ်စေဖို့ အကူအညီပေးနေတဲ့ အဖွဲ့တွေအနေနဲ့ အမြန်ဆုံး လုပ်ဆောင်သင့်ပြီလို့ ကရင်နီ နိုင်ငံရေး အကျဥ်းသားများ အစည်းအရုံး KPPA က တိုက်တွန်း ပြောဆိုလိုက်တယ်ဆိုတဲ့ သတင်ပေးပို့ချက်ကို ကြားကြရမှာ။။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    10 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 212 )

    သတင်းထုတ်လွှင့်ချက် - ( EP - 212 )

    ဒီဇင်ဘာလ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။

    တင်ဆက်ပေးမယ့် သတင်းတွေကတော့ ……  စစ်ကောင်စီတပ်က ဗိုလ်ကြီး ၁ ယောက်နဲ့ တပ်သား ၄ ယောက်ဟာ လက်နက်ခဲ့ယမ်းတွေနဲ့အတူ KNU နဲ့ လာရောက်ပူးပေါင်းခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ် မှုတို့ကြောင့် ဒေသခံ ၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လူနေအိမ်တွေလည်း ထိမှန်ပျက်စီးခဲ့ပါတယ်။

    စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ လေသူရဲတွေ အနေနဲ့ ပြည်သူတွေဖက်ကနေ ပြန်ပြီး ရပ်တည်ဖို့ ကရင်နီ ပူးပေါင်းတပ်တွေက ဖမ်းဆီးထားတဲ့ လေယာဉ်မှူး ဗိုလ်မှူး ခိုင်သန့်မိုးက တိုက်တွန်း လိုက်ပါတယ်။ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာ စိုက်ပျိုးရေးလုပ်ငန်းအတွက် အသုံးပြုဖို့ လိုအပ်တဲ့
    စက်သုံးဆီကို ရပ်/ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာနဲ့ ဝယ်ယူနေရတယ်လို့ လယ်သမားတွေက ပြောပါတယ်။

    သတင်းပေးပို့ချက်ထဲမှာတော့ တိုက်ပွဲဖော်ဆောင်နေတဲ့တစ်ဖက်မှာ အရပ်သား ပြည်သူတွေကို ကာကွယ်ဖို့ တော်လှန်ရေး အဖွဲ့အစည်းတွေကို NUG ယာယီ သမ္မတ က သတိပေးပြောဆိုလိုက်တယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    10 min

About Network Media Group (NMG)

From the publisher's feed

Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.