Sign up to save your podcasts
Or

သတင်းထုတ်လွှင့်ချက် - ( EP - 231 )
ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ကျောက်တော်အခြေစိုက် ခမရ ၃၇၄ တပ်ရင်းတခု လုံးကို AA က အပြီးသတ်သိမ်းပိုက်လိုက်ပါတယ်။
ရှမ်းမြောက်က နမ့်ဖက်ကာစခန်းသိမ်းတိုက်ပွဲထဲ လက်နက်ကြီးငယ် အလက်ပေါင်း ၃၀၀ လောက် KIA သိမ်း ပိုက်ရရှိခဲ့ပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ လွိုင်ကော်မြို့ထဲ တိုက်ပွဲတွေကလည်း ဆက်လက်ဖြစ်ပွားနေဆဲမို့ ပစ္စည်းပြန် လာယူတဲ့ စစ်ရှောင်တွေအနေနဲ့ လုံခြုံရေးအရ ဒေသတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့တွေကို အကြောင်းကြားပြီးမှ လာယူဖို့ KNDF ဒု-စစ်ဦးစီးချုပ် မာဝီက အသိပေးပြောဆိုလိုက်တဲ့အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်း တွေကို နားဆင်ရဖို့ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 230 )
ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။
"ကရင်နီ အမျိုးသမီး အစည်းအရုံး KNWO အထွေထွေ အတွင်းရေးမှူး - ၂ မော်ဖရေးမြာနဲ့ ဆက်သွယ် မေးမြန်းချက်"
ကရင်နီပြည်နယ်ထဲက တိုက်ပွဲတွေအတွင်း အရပ်သားပြည်သူ သေဆုံးမှုတွေထဲ အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကရင်နီ အမျိုးသမီး အစည်းအရုံး KNWO အထွေထွေ အတွင်းရေးမှူး - ၂ မော်ဖရေးမြာကို ဆက်သွယ်မေးမြန်းထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 229 )
ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ထားဝယ်က စစ်ကောင်စီတပ်စခန်းတခုကို ကရင် အမျိုးသားအစည်းအရုံးက သိမ်းယူနိုင်ခဲ့ပါတယ်။
KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင် ရွှေကျင်နဲ့ မုန်းမြို့နယ်တို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက် ကြီး ပစ်ခတ်မှုကြောင့် ၁၈ နှစ်အောက် ကလေးငယ် ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ ဆီဆိုင်မြို့ကိုရောက်နေတဲ့ ကရင်နီစစ်ရှောင်တွေ တိုက်ပွဲတွေကြောင့် ထပ်မံ စစ်ရှောင်နေတဲ့အကြောင်းနဲ့ ရွှေဘိုမြို့မှာ မိုင်းဆွဲ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီ စစ်ကြောင်းက အရပ်သား ၂ ယောက်ကို ပစ်သတ်သွားတဲ့ အကြောင်းတွေကို နားဆင်ရဖို့ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 228 )
ဇန်နဝါရီလ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။
မိုခါ မုန်တိုင်းပြီးနောက် ၈ လအကြာ နောက်ဆက်တွဲ အခြေအနေ (သတင်းဆောင်းပါး)
“မိုခါ” မုန်တိုင်းကြောင့် ပျက်စီးမှုတွေနဲ့ ပတ်သက် ပြီး အချိန် ၈ လကြာလာပြီဖြစ်ပေမယ့် မပြင်ဆင်နိုင်ကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည် နယ်အတွင်းရှိ ကျေးလက်ဒေသတွေက ကျန်းမာရေးဆိုင်ရာ အဆောက်အအုံတွေ၊ ကျေးလက်ဆေးခန်းတွေ ဒီနေ့အချိန်ထိ မပြင်ဆင်နိုင်သေးတဲ့အကြောင်း သတင်းဆောင်းပါး တပုဒ်ကို နားဆင်ရဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 227 )
ဇန်နဝါရီလ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- မော်ချီးဒေသ တစ်ခုလုံးကို ကရင်နီ တော်လှန်ရေး တပ်ဖွဲ့တွေက ထိန်းချုပ် စိုးမိုးနိုင်ပြီလို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ပြောပါတယ်။
ကချင်ပြည်နယ် နန်းမာမြို့မှာ စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံ တစ်ယောက် ထိမှန်သေဆုံးခဲ့ပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ တိုင်းရင်းသား မဟာမိတ်တွေ အကြား ဘုံသဘောတူညီချက်တွေအတိုင်း ဆက်သွားဖို့ လိုအပ်တယ်လို့ NUG ယာယီသမ္မတ က ပြောဆိုလိုက် တဲ့အကြောင်းနဲ့ တခြား စိတ်ဝင်စားစရာ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 226 )
ဇန်နဝါရီလ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။
"ရခိုင်ပြည်နယ်မှာ ဘာဖြစ်လို့လဲ စပါးအထွက်နှုန်းကျသွားတာလဲ"(သတင်းဆောင်းပါး)
တင်ဆက်ပေးမယ့် သတင်းဆောင်းပါးကတော့ ---- “မိုခါ” မုန်တိုင်းပြီးနောက် ရခိုင်ပြည်နယ်မှာ ဘာကြောင့် စပါးအထွက်နှုန်းကျသွားတာလဲ၊ စပါးအထွက်နှုန်းကျသွားတဲ့အတွက် တောင်သူတွေ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံနေရသလဲ။ အခက်အခဲတွေကို ဘယ်လိုကျော်လွှားနေရသလဲ စတာတွေကို တင်ဆက်ထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 225 )
ဇန်နဝါရီလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ကျောက်ကြီးမြို့နယ်ထဲက ပြည်သူ ၁၇ ယောက်ကို စစ်တပ်ကဖမ်းဆီးသွားပါတယ်။
စစ်ကောင်စီတပ်က နှစ်ပေါင်း ၃၀ နီးပါးအကြာ တပ်စွဲနေထိုင်ခဲ့တဲ့ တောင်ငူခရိုင်ထဲက တပ်စခန်း ၃ ခုကနေ ထွက်ပြေးသွားကြပါတယ်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် အင်းတော်ကြီးဒေသ၊ နန့်မွန်းရွာက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေရ ပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ တရားလက်လွတ် သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူပေါင်း ၁,၄၀၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောဆိုလိုက်တဲ့ အကြောင်းတွေကို နားဆင်ရဖို့ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 224 )
ဇန်နဝါရီလ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်မှာ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ပါတီ PNO လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA က တပ်သားသားသစ် စုဆောင်းနေပါတယ်။
ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်က ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စား လှယ် တစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားပြီးနောက် တပတ်ခန့်ကြာလာ တဲ့အထိ အဆက် အသွယ်မရ သေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပြောင်း ဈေးနှုန်း ဆက်တိုက် ကျဆင်းနေတာကြောင့် ရှမ်းပြည်နယ် တောင်ပိုင်းက ပြောင်း တောင်သူတွေ အရှုံးပေါ်နေတယ်လို့ ပွဲရုံပိုင်ရှင်တွေနဲ့ ပြောင်းစိုက်တောင်သူတွေပြောဆိုလိုက်ပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားတာ မရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားနဲ့ စစ်ရှောင်တွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ထိုင်း-မြန်မာနယ်စပ်တလျှောက်က မြန်မာစစ်ဘေး ရှောင် ဒုက္ခသည်တွေကို လက်ခံသွားမယ်ဆိုတဲ့ ထိုင်းနိုင်ငံ ခြားရေး ဝန်ကြီးရဲ့ ပြောကြားချက်ဟာ ဒီနေ့အချိန်ထိ အကောင်အထည် မဖော်သေးတဲ့အပြင် ထိုင်း-ကရင်နီနယ်စပ် စစ်ရှောင်တွေကိုတော့ ထိုင်းအာဏာပိုင် တွေက နဂိုနေခဲ့တဲ့နေရာကို ပြန်ကြဖို့ ထပ်မံဖိအားပေး နေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 223 )
ဇန်နဝါရီလ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- အခုတင်ဆက်ပေးမယ့် သတင်းတွေကတော့ ….. စစ်သင်တန်းတက်ဖို့ စေခိုင်းတာကြောင့် အုပ်ချုပ် ရေးမှူးတွေ အစုအပြုံလိုက် နှုတ်ထွက်စာတင်တဲ့သတင်း ၊ ဆိုင်းတောင် တိုက်ပွဲအတွင်း အရပ်သားပြည်သူ ၂ ယောက် ကျည်ထိမှန်သေဆုံးခဲ့တဲ့သတင်း၊ သတင်းပေးပို့ချက်တွေထဲမှာတော့ ကရင်နီပြည်က စစ်ဘေးရှောင်တွေဟာ အခြေခံ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ သောက်သုံးရေအပြင် နေထိုင်စရာအတွက်ပါ အမိုးအကာ၊ အခင်း၊ တဲတွေ လိုအပ်နေတဲ့အကြောင်းတွေကို နားဆင်ရဖို့ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 222 )
ဒီဇင်ဘာလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။
အခုတင်ဆက်ပေးမယ့် သတင်းတွေကတော့ ….. စစ်ကောင်စီက အမျိုးသားတစ်ဦးကို ဖမ်းသွားပြီးနောက် အဲ့ဒီအမျိုးသားကိုအလောင်းကို ခေါင်းဖြတ်သတ်သွားပြီး ရေကန်ထဲစွန့်ပစ်ခဲ့ပါတယ်။
မြိတ်မြို့အဝင် တိုးဂိတ် မီးရှို့ဖျက်ဆီးခံရတဲ့သတင်း၊
နိုင်ငံကူးလက်မှတ်အတွက် တောင်ကြီးက ဝန်ထမ်းဆိုသူတွေဟာ လက်မှတ်လာလုပ်တဲ့ ပြည်သူတွေဆီကနေ ပိုက်ဆံတွေ မတရားတောင်းနေတဲ့အကြောင်း၊
သတင်းပေးပို့ချက်တွေထဲမှာတော့ ရှမ်းပြည်နယ် အခြေစိုက် မီဒီယာတိုက်တခုကို စစ်ကောင်စီက လုပ်ငန်းလိုင်စင်ပိတ်သိမ်းလိုက်တဲ့အကြောင်းကို နားဆင်ရဖို့ရှိပါတယ်။
From the publisher's feed
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.