Sign up to save your podcasts
Or

သတင်းထုတ်လွှင့်ချက် - ( EP - 241)
ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမှာကတော့ ---- ဆင်ဘိုက ခလရ ၁၄၁ တပ်စခန်းကြီးကို ကချင်လွတ်လပ် ရေးတပ်မတော် KIA နဲ့ ပူးပေါင်းအဖွဲ့တွေက သွားရောက်တိုက်ခိုက်နေတဲ့သတင်း၊ နမ့်ဖတ်ကာခြေစိုက် ခလရ ၁၂၃ တပ်စခန်းသိမ်း တိုက်ပွဲထဲ နေအိမ်အဆောက်အအုံ အလုံးရေ ၃၀၀ ကျော် ထိမှန် ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း ဆင်ခေါ်ရေး ဗဟိုရဲ့ လုပ်ဆောင်မှုတွေမှာ ပူးပေါင်းပါဝင်တာတွေ မလုပ်ကြဖို့ NUG အစိုးရက ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ကရင်နီပြည်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်တွေ ရေအခက်အခဲကို ဘယ်လိုဖြေရှင်းနေကြသလဲဆိုတဲ့ အကြောင်းတွေကို နားဆင်ရဖို့ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 240)
ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။
CDM ဗိုလ်ကြီး ဖြိုးပြည့်နဲ့ ဆက်သွယ်မေးမြန်းချက်
ရှမ်း - ကရင်နီနယ်စပ်နဲ့၊ ကရင်နီပြည်နယ်ထဲက တိုက်ပွဲတွေမှာ စစ်ကောင်စီက အရပ်သားပစ်မှတ်၊ ရပ်ရွာ၊ စာ သင်ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေက လက်နက်ကြီးအပြင်၊ လေကြောင်းကနေပါ ပစ်ခတ် ဗုံးကြဲမှု တွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ဒေါဆီးအီကျေးရွာနှင့် လွိုင်နန်းဖကျေးရွာရှိ စာသင်ကျောင်း တွေကို စစ်ကောင်စီမှ ဖေဖော်ဝါရီလ ၅ ရက်နေ့က လေကြောင်းကနေ လာရောက်ဗုံးကြဲခဲ့ပါတယ်။ ဒီ လေ ကြောင်း ဗုံးကြဲမှုထဲ ကျောင်းသား ၄ ယောက် အပါအဝင် ၅ ယောက် သေဆုံးခဲ့ပြီး ၂၁ ယောက် ထိခိုက်ဒဏ်ရာရ ရှိခဲ့ပါတယ်။
အရပ်သားပစ်မှတ်၊ ရပ်ရွာ၊ စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး CDM ဗိုလ်ကြီး ဖြိုးပြည့်ကို သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနက ကိုပီတာက ဆက်သွယ်မေးမြန်းထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 239)
ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမှာကတော့ ---- လွိုင်ကော်မြို့ထဲမှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလာ နိုင်တဲ့ အနေအထား ရှိနေတဲ့အတွက် ပြည်သူတွေ အနေနဲ့ အိမ်ပြန်တာ၊ ပစ္စည်းတွေ
သွားရောက်သယ်တာတွေကို တတ်နိုင်သမျှ မပြု လုပ်ကြဖို့ KNDF က သတိပေး ပြောဆိုလိုက်ပါတယ်။
ဒေသတစ်ခုတည်း လွတ်လပ်တာနဲ့ မပြီးပဲ တစ်နိုင်ငံလုံး လွတ်လပ်မှသာ နောက်ကျောလုံလုံနဲ့ ဖက်ဒရယ် နိုင်ငံ တည်ဆောက်ရေးခရီးကို ဆက်လက်ပြီး လျှောက်လှမ်းနိုင်မှာ ဖြစ်တယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်း ခိုင်သန်းက ပြောဆို လိုက်ပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်း တပ်ဖွဲ့က ၄ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ (PNLA) က သတင်း ထုတ်ပြန်ထားပါတယ်။
ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ၊ မုန်းမြို့နယ်ထဲက စစ်ဘေးရှောင်တွေရဲ့ အိမ် ၇ လုံး တောမီးကြောင့် မီးလောင်ပျက်စီးသွားတယ်လို့ KNU က ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ပင်းတယမြို့နယ် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် လည်းဖြစ်၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးထွန်းထွန်းနိုင်က လက်နက်ကိုင် တော်လှန်ရေးသမား အဖြစ် လျှောက်လှမ်းနေ သူဖြစ်တဲ့အတွက် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ရာထူးကနေ နှုတ်ထွက်လိုက်တယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 238 )
ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမှာကတော့ ---- ထားဝယ် - ထီးခီးလမ်းပိုင်းတစ်နေရာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး တပ်တို့အကြား ၃ ရက်ဆက် တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာတော့ စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးမှုတွေကို တင်းကြပ်စွာ လုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်တိုင်းမှာ ဧည့်စာရင်းစစ်တာတွေကို ပိုပြီး လုပ်ဆောင်လာနေတယ်လို့ တောင်ကြီးမြို့ခံတွေက ပြောပါတယ်။
ပဲခူးတိုင်း ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်နဲ့ ကျောက်ကြီး မြို့နယ်မှာတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့တဲ့အပြင် နေအိမ် ၈ လုံး၊ စာသင်ကျောင်းနဲ့ ဘာသာရေး အဆောက်အဦးတွေ ထိမှန်ပျက်စီးခဲ့တယ်လို့ KNU က ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ စစ်ကောင်စီက ကြေညာထားတဲ့ ပြည်သူ့ စစ်မှုထမ်း ဥပဒေဟာ ကရင်နီ ပြည်နယ်မှာ သက်ရောက်မှုတွေ ရှိလာနိုင်သလားဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 237 )
ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမှာကတော့ ---- တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေကြောင့် တောင်ကြီးရောက် ကရင်နီ စစ်ရှောင်တွေ စစ်မှု ထမ်းရမှာကို စိုးရိမ်နေကြပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ထဲမှာ ပအိုဝ်းပြည်သူ့ စစ်အဖွဲ့ (PNA) က တပ်သားသစ် အဓမ္မစုဆောင်းနေတယ်လို့ အုပ်ချုပ်ရေးမှူးရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဧရာဝတီတိုင်းထဲမှာတော့ စပါးရိတ်ခြွေစက် ငှားရမ်းခ ဈေးနှုန်းတွေက အရင်နှစ်ထက် ၃ ဆ နီးပါး
မြင့်တက်လာ တယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။
ပုသိမ်တက္ကသိုလ်၊ ကောလိပ် နဲ့ နည်းပညာ တက္ကသိုလ် ဆရာ ဆရာမတွေ၊ ကျောင်းသူ/ကျောင်းသားတွေလိုအပ်ပါက စစ်မှုထမ်းရမယ်ဆိုပြီး ဧရာဝတီတိုင်း ဝန်ကြီးချုပ် ပြောဆိုသွားတယ်လို့ ပုသိမ် ပညာရေးကောလိပ်က ဆရာ/မတွေက ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ လက်ရှိ နွေဦးတော်လှန်ရေးမှာ လူမျိုးရေး ခွဲခြားမှုနဲ့ လူမျိုးရေး ဖိနှိပ်မှုကိုထောက်ပံ့ပေးတဲ့ အရာတွေကို မသုတ်သင် မရှင်းလင်းနိုင်ရင် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို
တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ယာယီ သမ္မတက ပြောဆိုလိုက်တယ်ဆိုတဲ့ အကြောင်းကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 236 )
ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမှာကတော့ ---- ခင်ဦးမြို့နယ်ထဲ စစ်ကောင်စီ စစ်ကြောင်းထိုးလာလို့ ရွာပေါင်း ၁၀ ရွာကျော်က ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
စစ်ကောင်စီက အာဏာသိမ်း ၃ နှစ်ပြည့်ချိန်မှာ သက်တမ်း ၆ လထပ်တိုးလိုက်တဲ့သတင်းနဲ့အတူ ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ကို ဟုမ္မလင်းကာကွယ်ရေးတပ်ဘက်က ထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ထားတဲ့အကြောင်းတွေကို နားဆင်ရမှာပါ။
ဒါ့အပြင် သတင်းပေးပို့ချက်တွေထဲမှာတော့ပင်လောင်းမြို့နယ်မှာ ပအိုဝ်းပြည်သူ့စစ်က တပ်သားသစ် စုဆောင်း ပြီး နယ်မြေကာကွယ်ကြဖို့ သတိပေးစာ ထုတ်ပြန်လိုက်တဲ့ကိစ္စအပေါ် ဒေသခံတွေက ဘယ်လို ပြောဆိုနေကြပါ သလဲ စတာတွေကို နားဆင်ရဖို့ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 235 )
ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂၄ ခုနှစ်။
"မိုးမိတ်တိုက်ပွဲ နောက်ဆုံးအခြေအနေ ဆက်သွယ်မေးမြန်းချက်"
မိုးမိတ်မြို့နယ်ဘက်က တိုက်ပွဲတွေရဲ့ နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆက်သွယ် မေးမြန်းချက်တစ်ခုကို တင်ဆက်ပေးမှာပါ။ မိုးမိတ်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေက တပ်ပြန်ဆုတ်သွားပြီဖြစ်လို့ စစ်ကောင်စီတပ်က မြို့တွင်းကို ပြန်လည်ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အသေးစိတ် အခြေအနေနဲ့ ပတ်သက်ပြီး စစ်ရှောင်တစ်ယောက်ကို အားမီကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 234 )
ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂၄ ခုနှစ်။
အခုတင်ဆက်ပေးမှာကတော့ ---- ကရင်ပြည်နယ်နဲ့ ကရင်နီပြည်နယ်စပ်က ရွာတွေမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသခံတွေဟာ နီးစပ်ရာဒေသတွေမှာ သွားရောက်ခိုလှုံနေကြရပါတယ်။
ရှမ်းမြောက်၊ လားရှိုးမြို့ထဲ ဗုံးပေါက်ကွဲမှုကြောင့် ကလေးတစ်ယောက် အပါအဝင် အရပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ ကိုယ်ချင်းစာစိတ် ကင်းမဲ့တဲ့ စစ်ကောင်စီ လက်အောက်ကနေ အမြန်ဆုံး ထွက်ပြီး ပြည်သူလူထုနဲ့ လာရောက် ပူးပေါင်းကြဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဆီကို လက်နက်ချ အလင်းဝင်ခဲ့တဲ့ ဗိုလ်ကြီးကောင်းမြတ်ကိုက တပ်မတော်သားတွေကို တိုက်တွန်းလိုက်တဲ့အကြောင်း နားဆင်ရဖို့ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 233 )
ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂၄ ခုနှစ်။
ညောင်ရွှေကို စစ်ရှောင်လာတဲ့ ကရင်နီ ပြည်သူတွေ ဘယ်လို အခက်အခဲတွေ ရှိနေသလဲ။ ( စစ်ဘေးရှောင်တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်)
အခုတင်ဆက်ပေးမှာကတော့ ၁၁၁၁ စစ်ဆင်ရေးအတွင်း ကရင်နီပြည် မြို့တော်လွိုင်ကော်ကနေ ရှမ်း ပြည် တောင်ပိုင်း၊ ညောင်ရွှေမြို့ဘက်ကို စစ်ဘေးရှောင်နေရတဲ့ စစ်ရှောင်အမျိုးသမီးတစ်ယောက်နဲ့ ဆက်သွယ် မေးမြန်းချက်ကို တင်ဆက်ပေးမှာပါ။ လွိုင်ကော်ကနေ ညောင်ရွှေကိုရောက်အောင် ဘယ်လိုစွန့်စားခဲ့ရလဲ။ နှစ်လတာ စစ်ရှောင်ကာလအတွင်း အခက်အခဲဘာတွေရှိနေသလဲ၊ လွိုင်ကော်ကို ပြန်ရေး ဘယ်လို မျှော်မှန်းထားပါသလဲ။ အသေးစိတ်ကိုတော့ အားမီကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 232 )
ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂၄ ခုနှစ်။
"ကရင်နီပြည်နယ်မှာ စစ်အုပ်ချုပ်ရေး တကယ်ရပ်သွားပြီလား"
ကရင်နီပြည်ရဲ့ မြို့တော် လွိုင်ကော်မြို့မှာ သာမက တစ်ပြည်နယ်လုံးမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုယန္တရား လည်ပတ်မှု ရပ်ဆိုင်းသွားပြီလို့ ဆိုပါတယ်။ ကရင်နီပြည်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍကို ဘယ်လိုသွားနေသလဲ။ တရားစီရင်ရေး အခြေအနေက ရော ဘယ်လိုရှိနေပါသလဲ။ ကရင်နီပြည်မှာ အုပ်ချုပ်ရေးပိုင်းကို အခိုင်အမာ တည်ဆောက်ထားပြီလို့ ပြောတဲ့ KSCC အနေနဲ့ရော ဘာတွေလုပ်ဆောင်နေပါသလဲ စတာတွေကို တင်ဆက်ထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
From the publisher's feed
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.