Sign up to save your podcasts
Or

သတင်းထုတ်လွှင့်ချက် - ( EP - 261)
မတ်လ ၃၁ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ကရင်နီပြည်ကတစ်လေးလုံး စစ်ဆင်ရေးနောက် ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ တပ်ရင်းထဲမှာပဲ ခံစစ်အနေအထားနဲ့အခိုင်အမာပြင်ဆင်ထားတယ်လို့ ကရင်နီစစ်ရေးသတင်းအရင်းမြစ်ကပြောပါတယ်။
ဆီဆီဆိုင်မြို့ထဲမှာ စစ်ကောင်စီတပ်က လူထုတွေကို လူသားဒိုင်းကာ လုပ်ထားတဲ့အ တွက် တိုက်ခိုက်တာတွေကို မပြုလုပ်ကြဖို့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLAထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
မွန်လူမျိုးတွေနဲ့ မွန်ဒေသထဲမှာ နေထိုင်နေကြတဲ့ ပြည်သူတွေကို အကာအကွယ်ပေးဖို့နဲ့ မွန်လူမျိုးတွေရဲ့ကြမ္မာကို ဖန်တီးနိုင်ရေးအတွက် အဆုံးတိုင် တိုက်ပွဲဝင်သွားမယ်လို့ မွန်ပြည်သစ်ပါတီ ( အာဏာရှင် တိုက် ဖျက်ရေး ) အဖွဲ့ က ပြောပါတယ်။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံ အမျိုးသမီး ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ကချင်ပြည်နယ်က စခန်းသိမ်းတိုက်ပွဲ အကြောင်းကိုနားဆင်ရဖို့ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 260)
မတ်လ ၃၁ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- မိုးကောင်းမှာလူငယ်နှစ်ယောက်စကားများရာ ကနေ ဦးလေးတော်စပ်သူ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ယောက် ကသေနတ်နဲ့ပစ်ခတ်လို့ လူငယ်တစ်ယောက် သေဆုံးခဲ့ပါတယ်။
မူဆယ်မြိုနယ်ထဲက အွန်လိုင်းကျားဖြန့်လုပ်ကိုင်တဲ့ နေရာတွေကို စစ်ကောင်စီတပ်ကဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား ၄၀၀ ဝန်းကျင်နဲ့ တရုတ်နိုင်ငံသား ၂၇၀ ကျော်ထိန်းသိမ်းခံထားရတယ်လို မူဆယ်ဒေသခံ တွေ ကပြောပါတယ်။
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြားတစ်ရက်တည်း တိုက်ပွဲ သုံးနေရာ ဖြစ်ပွားခဲ့ပြီး ပျူစောထီး ၄ ယောက် သေဆုံးခဲ့ပါတယ်။
တနင်္သာရီမြို့နယ်၊ လယ်တောင်ယာကျေးရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ယောက် သေဆုံးသွားပါတယ်။ KIA နဲ့ ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ် စခန်းတွေ ဘယ်လောက်သိမ်းထားနိုင်ပြီလဲ။ ဘယ်စခန်းတွေကို သိမ်းယူ ထားနိုင်ပြီလဲ စတဲ့အကြောင်းတွေကို သတင်းပေးပို့ချက်ထဲမှာတော့ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 259)
KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူနဲ့ ဆက်သွယ်မေးမြန်းချက်
ကချင်ပြည်၊ မြစ်ကြီးနား-ဗန်းမော်-လွယ်ဂျယ် လမ်းတလျှောက်က စစ်ကောင်စီရဲ့ အရေးကြီးတဲ့ တပ် စခန်းတွေကို ကချင် လွတ်လပ်ရေးတပ် KIA နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းယူထားနိုင်ပြီဖြစ်ပါတယ်။ မတ်လ ၇ ရက်နေ့ကနေ ဒီနေ့အချိန်ထိ စခန်းပေါင်း ၅၀ ကျော်ကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းယူထားပြီး ဖြစ်ပါ တယ်။ ဒါ့အပြင် လွယ်ဂျယ်မှာလည်း စစ်ရေးအခြေအနေတွေက တင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါ တယ်။ သိမ်းယူထားတဲ့ စခန်းတွေက ဘယ်လောက်ထိ အရေးပါလဲ၊ မြေပြင်က စစ်ရေးအခြေအနေတွေက ဘယ်လိုရှိနေလဲ သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနက ကိုစောဘွေးက KIO ရဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 258)
“တဖူဒီးကူ” စစ်ရှောင်စခန်းမှ အတွင်းရေးမှုး မော်ထရေးဇာ နဲ့ ဆက်သွယ်မေးမြန်းချက်
ကရင်နီပြည် ဖရူဆိုမြို့အနောက်ဘက်၊ ဒိုးပရယ်ကျေးရွာအုပ်စုရှိ စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေသော စစ်ဘေးရှောင်ဦးရေ ၁၁၀၀ ကျော်ဟာ ရေရှားပါးမှုအခက်ခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး “တဖူဒီးကူ” စစ်ရှောင်စခန်းက အတွင်းရေးမှူး မော်ထရေးဇာကို သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနက ကိုပီတာက ဆက်သွယ်မေးမြန်းထားတာကို နားဆင်ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 257)
မတ်လ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ရှမ်းပြည်နယ် မြောက်ပိုင်း သိန္ဒီမြို့နယ်မှာ မြောက်ပိုင်း မဟာမိတ်တွေဖြစ်တဲ့ ရှမ်းပြည်တိုးတက် ရေးပါတီ SSPP နဲ့ ကိုးကန့်တပ်မတော် MNDAA တို့ တိုက်ပွဲဖြစ်ပွားခဲ့ ပါတယ်။
ကချင်ပြည်နယ် လွယ်ဂျယ်မြို့နားက ယော်ယုံဗျူဟာ တပ်စခန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ပူးပေါင်းအဖွဲ့တွေ က အပြီးသတ်သိမ်းယူနိုင်ခဲ့ပါတယ်။
ဖားပွန်မြို့ကိုတော့ ကရင်အမျိုးသား အစည်းအရုံး KNU က ထိန်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။
ကျိုက်မရောမြို့နယ်မှာတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ရေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် သုံးရာကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ကရင်နီစစ်ဘေးရှောင်တွေဟာ အသက် အန္တရာယ်တွေကြားကနေ စိုက်ပျိုးရေး လုပ်ငန်းတွေကို လုပ်ကိုင်နေရတဲ့အကြောင်း ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 256)
မတ်လ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်မှာစစ်မှုထမ်းဖို့အတွက် လူစာရင်းလိုက်ကောက်နေတဲ့ စစ်ကောင်စီဝန်ထမ်း ၅ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ PDF Zoland က ထုတ်ပြန်ပါတယ်။
ထိုင်း ကရင်နီနယ်စပ်မှာရှိတဲ့ ဒေါနိုးကူးစစ်ရှောင်စခန်းက စစ်ဘေးရှောင် ၃ ပုံ နှစ်ပုံလောက်ဟာ လုံခြုံ ရေးစိုးရိမ်မှုကြောင့် စစ်ရှောင်စခန်းမှာ ပြန်မနေရဲကြတော့ဘူး လို့ စစ်ရှောင်ကူညီပေးနေသူ တွေကပြောပါတယ်။
စစ်ကောင်စီဟာ လူထုကို အာရုံလွဲဖို့ ရည်ရွယ်ချက်နဲ့ လူမျိုးရေးနဲ့၊ ဘာသာရေး ပဋိပက္ခတွေကို ပိုပြီးဖန်တီး လာနေတယ်လို့ ရက္ခိုင်အမျိုး သားအဖွဲ့ချုပ် ULA က ပြောပါတယ်။
မွန်-ကရင်နယ်စပ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာ ရဲစခန်းကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေက သိမ်းယူနိုင်ခဲ့ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ မြန်မာနိုင်ငံရဲ့ စစ်ရေး၊ နိုင်ငံရေးဖြစ်စဉ်တွေဟာ သမိုင်းကြောင်းအရကမ္ဘာ့အခြေအနေနဲ့ ဆက်စပ်နေတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေရဲ့ မူဝါဒ သဘောထားတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားလုပ်ဆောင်ဖို့ NUG ယာယီ သမ္မတ ပြောလိုက်တဲ့အကြောင်းကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 255)
မတ်လ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ကမ်းနီရွာထဲကို စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲတဲ့အတွက် ကလေး ၃ ယောက် အပါအဝင် ဒေသခံ ၅ ယောက် ထိမှန်သေဆုံးခဲ့ပါတယ်။
၂၀၂၄ ခုနှစ် အစောပိုင်း ၂ လကျော်ကာလအတွင်း စစ်ကောင်စီ လက်အောက်ခံ တရားရုံးတွေကနေ မတရား ပုဒ်မ တွေနဲ့ ထောင်ဒဏ်ချမှတ်ခံရသူ ၆၅ ဦးရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း AAPP က ပြောပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့ထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တဲ့အတွက် လူနေအိမ်တွေ အများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် PNLA က ပြောပါတယ်။
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်က မောင်မယ်ရှောင်ကျေးရွာထဲကို လက်နက်ကြီးကျရောက် ပေါက်ကွဲ တဲ့အ တွက် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး သာသနိက အဆောက်အအုံတွေလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ စစ်ကောင်စီရဲ့ နိုင်ငံရေးဝှက်ဖဲတွေ နောက်မှာ မျှောပါမသွားပဲ လုပ်စရာရှိတာကို ပြတ်ပြတ်သားသား လုပ်ဆောင် ကြဖို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ယာယီ သမ္မတ ဒူဝါလရှီးလ က တိုက်တွန်းပြောဆို လိုက်တဲ့အကြောင်းကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 254)
မတ်လ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ရမ်းဗြဲမြို့ ကို ရက္ခိုင့်တပ်တော် AA က အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ AA က ပြောပါတယ်။
ကချင်ပြည်၊ ဖားကန့်မြို့နယ် နမ့်မှော်နဲ့ တာမခံကြားက ကသိုဏ်းတောင်စစ်ကောင်စီ တပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ပြီလို့ မြေပြင် သတင်းအရင်းအမြစ်က ပြောပါတယ်။
စစ်အာဏာသိမ်းတဲ့ အချိန်ကစပြီး ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့ အထိ စစ်ကောင်စီရဲ့ လက်ချက်ကြောင့် သေဆုံးသူ ၄၆၇၄ ဦး ရှိပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေး အသင်း AAPP က မတ်လ ၁၁ ရက်နေ့ က ထုတ်ပြန်ပါတယ်။
ထားဝယ်မြို့ မှာတော့ အိမ်တွေကို ၅ ရက်အတွင်း ဖျက်ပေးဖို့ စစ်ကောင်စီက ပြောဆိုလာတဲ့အတွက် အိမ်တွေ ဖျက်ပြီး ပြောင်းရွှေ့နေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်ထဲ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တပ်ဖွဲတွေက ပအိုဝ်း အမျိုးသား ဝတ်စုံတွေ ဝတ်ပြီး ရှေ့တန်းထွက်နေတဲ့အကြောင်း သတင်းပေး ပို့ချက်ကို ကြားကြရမှာပါ။
သတင်းထုတ်လွှင့်ချက် - ( EP - 253)
မတ်လ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ၁၀၂၇ စစ်ဆင်ရေးဟာ သမိုးဝင် စစ်ဆင်ရေး ဖြစ်တယ်လို့ NUG ယာယီ သမ္မတ က ပြောဆိုလိုက်ပါတယ်။
ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ် အောင်မြေ - ၂ ကျေးရွာက ဒေသခံတွေကို စစ်ကောင်စီတပ်က ထွက်ခွင့် မပေးတဲ့အတွက် ပြည်သူ တစ်ထောင်ခန့် ပိတ်မိနေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ်နဲ့ ဟိုးပုံးမြို့နယ်တွေမှာတော့ တိုက်ပွဲ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေ တယ်လို့ (PNLA) က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ကရင်နီပြည်နယ် နယ်မြေထက်ဝက်ကျော်မှာ ရေရှားပါးတဲ့ဒဏ်ကို ခံစားနေရ တဲ့အကြောင်းကို ကြားကြရမှာပါ။ အခုတော့ သတင်းတွေကို ကျနော်နဲ့အတူ အားမီက တင်ဆက် သွားမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 252)
မတ်လ ၈ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ကချင်ပြည်၊ ဗန်းမော်မြို့နယ်၊ဒေါ့ဖုန်းယန်အနီး ခန်းကိုင် တောင်ရှိ စစ်ကောင်စီတပ် လက်အောက်ခံ ခလရ (၁၄၂) တပ်စခန်းကအလံဖြူထောင် လက်နက်ချခဲ့ပါတယ်။
၂၀၂၄ ခုနှစ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူ အရပ်သား ပြည်သူ ၁၁
ဦးရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ထဲမှာ စစ်ဘေး
ရှောင်နေရတဲ့ ပြည်သူတွေကို ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA)က စစ်မှုထမ်းဖို့ အဓမ္မခေါ်ယူမှုတွေ
ရှိနေပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မှာတော့ တိုက်ပွဲအတွင်း အရပ်သားတွေရဲ့ နေအိမ် အများအပြား
ထိမှန်ပျက် စီးခဲ့တဲ့အတွက် ဒေသခံ စစ်ရှောင်အများစုဟာ နေရပ် ပြန်ရေး အခက်အခဲ ဖြစ်နေကြပါတယ်။
နောက်ပိုင်းမှာတော့ ကချင်တိုက်ပွဲ နောက်ဆုံး အခြေအနေ ဗိုလ်မှူးကြီး နော်ဘူနဲ့ ဆက်သွယ်မေးမြန်းချက်ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
From the publisher's feed
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.