Sign up to save your podcasts
Or

သတင်းထုတ်လွှင့်ချက် - ( EP - 281)
မေလ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- အာရက္ခတပ်တော် AA က ရခိုင်ပြည်နယ်မှာ ပထမ ဆုံးအကြိမ် အရာရှိ လေ့ကျင့်ရေး သင်တန်းကို ပြုလုပ်ခဲ့ပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် အနည်းဆုံးအရပ် သား ၈ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်ကြီးမြို့နယ်၊ နောင်ကားကျေးရွာမှာ ပအိုဝ်းပြည်သူ့စစ် (PNA) က စစ်မှုထမ်း လူစား ထိုးစရိတ်အတွက် အိမ်ထောင်စု တစ်စုကို ငွေကျပ် ၁၂၀,၀၀၀ နှုန်း ကောက်ခံနေတယ်လို့ ရွာသားတွေက ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်မှာ အသက် ၂၅ နှစ် ဝန်းကျင်အရွယ် မူးယစ်ဆေးသုံးစွဲနေတဲ့ အိမ်ယာမဲ့ သူခိုး ၄ ယောက်ကို စစ်ကောင်စီက စစ်မှုထမ်း ခေါ်ယူခဲ့ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ထိုင်း-ကရင်နီ နယ်စပ်မှာ ရှိနေတဲ့ ဒေါနိုးကူး ကရင်နီစစ်ဘေး ရှောင်တွေအတွက် နေရာအတည်အကျ စီစဉ်ပေးဖို့ စစ်ရှောင်တွေက ထပ်မံ တောင်းဆိုလိုက်တယ်ဆိုတဲ့ အကြောင်းကို ကြားကြရ မှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 280)
မေလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။
KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူနှင့် ဆက်သွယ်မေးမြန်းချက်
ကချင်လွတ်လပ်ရေး တပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေဟာ မေလ ၂၁ ရက်နေ့ က စစ်ရေးဗျူ ဟာအရ အရေးပါတဲ့ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာ အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခလရ ၃၂၁ တပ်စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ ခလရ ၃၂၁ တပ်စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA အနေနဲ့ ဝိုင်းမော်၊ လိုင်ဇာ၊ ဗန်းမော် လမ်းကြောတစ်လျှောက်ကို ထိန်းချုပ်ထားပြီလို့ KIO/KIA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။
လမ်းကြောတစ်လျှောက် သိမ်းပိုက်ရရှိထားတဲ့ စခန်းအရေအတွက် နယ်မြေထိန်းချုပ်မှု အခြေအနေနဲ့ ကချင် ပြည်နယ်ထဲက တိုက်ပွဲ အခြေအနေတွေကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနဲ့ ပြန်ကြားရေး တာ ဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ကို စောဘွေးက ဆက်သွယ်မေးမြန်းထားပါတယ်
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 279)
မေလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။
ကရင်နီပြည် အရပ်ဖက်အဖွဲ့အစည်းများ ကိုယ်စား တာဝန်ရှိသူ မော်ဖရေးမြာနဲ့ ဆက်သွယ်မေးမြန်းချက်
လက်ရှိ ကရင်နီပြည်မှာ နယ်မြေစိုးမိုးမှု အများအပြား ပိုရလာနေတဲ့ ကရင်နီတော်လှန်ရေးအင်အားစုတွေနဲ့ ကရင် နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကို ပိုပြီးအားကောင်းလာစေဖို့အတွက် ကရင်နီပြည်ထဲက လူမှု အသင်းအဖွဲ့ပေါင်း၂၀ က စုပေါင်းပြီး သက်ဆိုင်ရာ အခန်းကဏ္ဍတွေမှာ ကူညီဆောင်ရွက် ပေးသွားမယ်လို့ မေလ ၂၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဘာကြောင့် အခုလို ထုတ်ပြန်လိုက်တာလဲ ၊ဒီလူမှုအသင်းအဖွဲ့တွေက ဘယ်လိုအဖွဲ့အစည်းတွေလဲ၊ လက်ရှိဘာ တွေလုပ်ဆောင်နေတာလဲ ၊ဘယ်လို အခန်းကဏ္ဍတွေမှာ ကူညီဆောင်ရွက်ပေးသွားမလဲဆိုတာကို လူမှုအသင်း အဖွဲ့ တွေရဲ့ကိုယ်စား တာဝန်ရှိသူ မော်ဖရေးမြာကို ကိုပီတာက ဆက်သွယ်မေးမြန်းထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 278)
မေလ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- လွိုင်ကော် အကျဉ်းထောင်မှာ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီး ကျန်းမာရေး ချို့ယွင်းမှုကြောင့် အကျဉ်းသားတွေ အချိန်မရွေး သေဆုံးနိုင်တယ်လို့ မြန်မာနိုင်ငံ လုံးဆိုင်ရာ နိုင်ငံ ရေး အကျဉ်းသားများ ကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်က ဘူးသီးတောင်၊ မောင်တောနဲ့ သံတွဲမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန် လာနိုင် တယ်လို့ ULA/AA က ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
ထားဝယ်မှာတော့ CDM ကျောင်းဆရာမနှစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၄ နှစ်စီ အမိန့်ချမှတ် လိုက် တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
မြိတ်မြို့နယ်မှာတော့ စစ်မှုထမ်းအတွက် လူစားထိုးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့က တစ်အိမ်ကို ငွေသုံးသောင်းကျပ် ကောက်ခံနေတယ်လို့ ရွာသားတွေက ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ က ဖမ်းဆီးထားတဲ့ ဆီဆိုင်မြို့နယ်ထဲက ကန်တော် လေးရွာသူကြီးနဲ့ မိသားစုဝင်တွေ ၂ ပတ် ကျော်ကြာလာတဲ့အထိ အဆက်အသွယ် မရသေးတဲ့အကြောင်း ကို ကြားကြရမှာပါ။
သတင်းထုတ်လွှင့်ချက် - ( EP - 277)
မေလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။
KIC ရဲ့ ဒါရိုက်တာနဲ့ အယ်ဒီတာချုပ်ဖြစ်သူ နန်းဖော့ဂေ နဲ့ ဆက်သွယ်မေးမြန်းချက်
ကမ္ဘာ့သတင်းစာများနဲ့ သတင်းထုတ်ဝေသူများအဖွဲ့ (WAN-IFRA) က ၂၀၂၄ ခုနှစ်အတွက် ချီးမြှင့်တဲ့ အမျိုးသမီးသတင်း အယ်ဒီတိုရီယယ် ဦးဆောင်မှု ဆု Women in News Editorial Leadership Award ဆုကို ကရင်သ တင်းဌာန-KIC ရဲ့ ဒါရိုက်တာနဲ့ အယ်ဒီတာချုပ်ဖြစ်သူ နန်းဖော့ဂေက ရရှိခဲ့ပါတယ်။
ဒီဆုက ဘာဆုလဲ၊ ဘာကြောင့် ခုလို ချီးမြှင့်ခဲ့တာလဲ ဆိုတာနဲ့ပတ်သက်ပြီး KIC ရဲ့ ဒါရိုက်တာနဲ့ အယ်ဒီတာချုပ်ဖြစ်သူ နန်းဖော့ဂေကို စောဘွေးက ဆက်သွယ်မေးမြန်းထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 276)
မေလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။
KIA စစ်ဦးစီးချုပ်လည်းဖြစ်၊ NUG ရဲ့ အမှတ် (၁) စစ်ဒေသ၊ စစ်ဒေသမှူးလည်း ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်းဟာ မနေ့က ကွယ်လွန်သွားတယ်လို့ NUG ကာကွယ်ရေး ဝန်ကြီး ဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ကရင်အမျိုးသား အစည်းအရုံး KNU ၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ တောင်ငူ ခရိုင် ၊ သံတောင်ကြီး မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတစ်ယောက် သေဆုံးပြီး အရပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU က ပြောပါတယ်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ် မြို့သစ်ရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင် ခဲ့တဲ့အတွက် ဒေသခံ ၁ ယောက် သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၇ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းမိုင်မြို့ လူဝင် မှုကြီး ကြပ်ရေးဌာနက သတင်း ထုတ်ပြန်ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ စစ်မှုထမ်း ဥပဒေကြောင့် အင်းလေး ကာကွယ်ရေး တပ်မှာ တပ်ဖွဲ့ဝင်သစ်တွေ တိုးလာတဲ့အကြောင်းကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 275)
မေလ ၈ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ကားလမ်းပေါ်က ပဲဒက် စစ်ကောင်စီ စခန်းကုန်းကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူး ပေါင်းတပ်ဖွဲ့တွေက သိမ်းယူလိုက်ပါတယ်။
- ရှမ်းပြည်နယ်မြောက်ပိုင်း က ရွာတစ်ရွာမှာ မြေမြှုပ်မိုင်းပေါက်ကွဲပြီး ကိုရင်လေးတစ်ပါးအပါအဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO ထုတ်ပြန်ပါတယ်။
- စစ်ကောင်စီတပ်ဟာ ဆီဆိုင်မြို့နယ်ထဲက ဒေသခံတွေကို လူသားဒိုင်းကာအဖြစ် ပြုလုပ်နေတယ်လို့ မြေပြင်က သတင်းရင်းမြစ်တွေက ပြောပါတယ်။
- မြစ်ကြီးနား - ဗန်းမော်လမ်းပေါ်က ဆေးရုံတစ်ရုံကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။
- သတင်းပေးပို့ချက်ထဲမှာတော့ စစ်ကောင်စီရဲ့အတင်းအကျပ် ဖိအားပေးမှုကြောင့် နေရပ်ပြန်ကြတဲ့ ဆီဆိုင်ဒေသခံတချို့ရှိသလို တစ်ဖက်မှာလည်း ထပ်ပြီးစစ်ဘေးရှောင်နေကြရတဲ့သူတွေလည်းရှိတယ်လို့ နေတဲ့ အကြောင်းကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 274)
မတ်လ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- ရှမ်းပြည်နယ် တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း အသက် ၁၀ နှစ်အောက် ကလေးငယ် ၁၀ ယောက် သေဆုံးခဲ့ရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO က ပြောပါတယ်။
၂၀၂၄ ခုနှစ် ပထမ ၃ လအတွင်း ကရင်နီပြည်မှာ မြေမြုပ်မိုင်းကြောင့် သေဆုံးသူ ၁၀ ယောက်ထက် မနည်းရှိတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ယာယီပိတ်ထားတဲ့ မြဝတီမြို့က ထိုင်း-မြန်မာ ကုန်စည်ပို့ဆောင်ရေး အမှတ် ၂ တံတား ဒီနေ့မှာ ပြန်ဖွင့်လိုက်ပြီလို့ မြဝတီဒေသခံတွေက ပြောပါတယ်။
တနိုင်ငံလုံးရဲ့ ၆၀ ရာခိုင်နှုန်းကျော်နဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ ၅ မြို့ကို ထိန်းချုပ် စိုးမိုးထားပြီလို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ကရင်နီပြည်မှာရှိတဲ့တော်လှန်ရေးတပ်ပေါင်းစုတွေ သိမ်းပိုက်ထားတဲ့ မြို့အများစုမှာ မြေမြုပ်မိုင်း ရှင်းလင်းရေး တွေလုပ်ဆောင်နေပြီဖြစ်ပေမယ့် နေရာအများစုမှာ လုပ်ဆောင်နိုင်ခြင်းမရှိသေးဘူးလို့ မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ဆောင်နေသူတွေက ပြောတဲ့အကြောင်းကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 273)
ဧပြီလ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ဆီဆိုင်မြို့နယ်ထဲက ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက် တဲ့အတွက် ကလေး ၂ ယောက် အပါအဝင် ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့၊ မိုင်းယော်တိုက်နယ်ထဲက အမျိုးသားတစ်ယောက်ကို ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့ဝင်တွေက သတိလစ်သွားတဲ့အထိ ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တနင်္သာရီတိုင်း မှာတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အဖွားအိုတစ်ယောက် ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
တနင်္သာရီတိုင်း ပလမြို့ ရဲစခန်းကို ဒရုန်းနဲ့ သုံးရက် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က ဗိုလ် ၁ ယောက် ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းက တာဝန်ရှိသူက ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA ကို ကန့်ကွက်စာ အတုတွေကို စစ်ကောင်စီ ဝါဒဖြန့်သူ တွေက ဖြန့်ဝေနေတဲ့ အကြောင်းကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 272)
ဧပြီလ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ -ကချင်ပြည်နယ် ဆင်ဘိုမြို့နားက စစ်ကောင်စီရဲ့ ခလရ ၁၄၁ တပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းယူလိုက်ပြီ လို့စစ်ရေး သတင်းအရင်းမြစ်တွေက ပြောပါတယ်။
ကရင်နီပြည်နယ်ထဲက လူဦးရေ ၁၀၀၀ ကျော် နေထိုင်တဲ့ စစ်ရှောင်စခန်း တစ်ခုမှာ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကြုံနေရတယ်လို့ စစ်ဘေးရှောင်ကူညီသူတစ်ယောက်ကပြောပါတယ်။
ချင်းပြည်နယ်က လွန်ဒုံကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူတစ် ယောက်ထိ မှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်၊
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ကို မြို့ခံတချို့ ပြန်ဝင်လာနေပြီလို့ ဒေသခံတွက ပြောပါတယ် ။
သတင်းပေးပို့ချက်ထဲမှာတော့ ကရင်နီပြည်နယ် လွိုင်ကော်အကျဉ်းထောင်ကနေ စစ်ကောင်စီရဲ့လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာသူ ရှိ/မရှိကိုတော့ အခုအချိန် အထိမသိရသေးဘူးလို့ ကရင်နီနိုင်ငံရေးအကျဉ်းသား များအစည်း အရုံး (KPPA)က ပြောဆို လိုက်တဲ့အကြောင်းကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
From the publisher's feed
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.