Sign up to save your podcasts
Or

သတင်းထုတ်လွှင့်ချက် - ( EP - 271)
ဧပြီလ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ညောင်လေးပင်ခရိုင် ၊ ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးဝင်ရောက်လာတဲ့အတွက် ရွာ ၅ ရွာက ဒေသခံ ငါးထောင်ရှစ်ရာကျော် ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့ နယ် ဝိန်းကောင်ကျေးရွာမှာရှိတဲ့ သဘက်ချောင်းတံတား မိုင်းခွဲဖျက်ဆီး ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ပို့ဆောင်မယ့် ငွေကျပ်သိန်း ၅၀၀ ကျော်ကို သိမ်းဆည်းခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
မွန်ပြည်နယ် သထုံမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ တစ်ယောက် ထိမှန် သေဆုံးခဲ့ပြီး ရာဘာခြံ ၁၅ ဧက မီးလောင်ပျက်စီးခဲ့တယ်လို့ KNU က ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီ ပြည်မှာ ၉ ရက်အတွင်း ပြည်သူ ၉ ယောက် သေဆုံးခဲ့ ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (Karenni Human Rights Group) က ပြောဆိုလိုက်တဲ့အကြောင်းကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 270)
ဧပြီလ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ဘူးသီးတောင်နဲ့ မောင်တောမြို့နယ် နှစ်ခုမှာ ညမထွက်ရအမိန့်ကို ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA) က ထုတ်ပြန်လိုက်ပါတယ်။
ကချင်ပြည်နယ် မိုးမောက်မြို့ကို ကချင်လွတ်လပ်ရေး တပ်မတော် KIA က တိုက်ခိုက်လာရင် မြို့ကို မီးရှို့ဖျက် ဆီးပစ်မယ်လို့ စစ်တပ်ဘက်က ခြိမ်းခြောက် ပြောဆိုထားပါတယ်။
ကျောက်နီမော်မှာရှိတဲ့ ပျူစောထီးစခန်းကို ရိက္ခာလာပို့တဲ့ ငါးဖမ်းစက် လှေတစ်စီး တိုက်ခိုက်ခံခဲ့ရပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ်ထဲက အမျိုးသားတစ်ယောက် မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ် သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA ဒု ဥက္ကဋ္ဌ နေအိမ် အပါအဝင် အရပ်သား နေအိမ် ၈ လုံး မီးရှို့ခံရလိုက်ရတဲ့ အကြောင်းကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 269)
ဧပြီလ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညားနဲ့ ဆက်သွယ်မေးမြန်းချက်
စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့ပါတယ်။ တိုက်ပွဲကြောင့် ဒေသခံတွေဟာ နေအိမ်တွေစွန့်ပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့အတွက် နေထိုင်စားသောက်ရေးကအစ အဖက်ဖက်မှာ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်လာတဲ့အချိန်မှာတော့ ကရင်နီပြည်နယ်ထဲက နေရာတော်တော်များများကို ကရင်နီတော်လှန်ရေး အင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်လာနိုင်ခဲ့တဲ့အပြင် အုပ်ချုပ်ရေးလုပ်ငန်းတွေကိုလည်း စတင်လာနိုင်တယ်လို့ ဆိုပါတယ်။
အုပ်ချုပ်ရေး လုပ်ငန်းတွေ စတင်လာနိုင်ပေမယ့်လည်း ကရင်နီပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေ ရှိနေတဲ့အပြင် မြေမြုပ်မိုင်း အန္တရာယ်ကလည်း ရှိနေတဲ့အတွက် ဒေသခံတွေဟာ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။
စစ်ဘေးရှောင်တွေ ဘာကြောင့် နေရပ်ပြန်လို့ မရသေးတာလဲ၊ လက်ရှိ ကရင်နီပြည်နယ်ရဲ့ မြေပြင် အခြေအနေက ဘယ်လိုရှိနေပါသလဲ၊ မြေမြုပ်မိုင်း အခြေအနေ စတာတွေကို ကိုပီတာက ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး - ၂ ဦးဗညားကို ဆက်သွယ်မေးမြန်းထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 268)
ဧပြီလ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့က ပြစ်မှုကျူးလွန်တဲ့ တပ်ဖွဲ့ဝင် ၁၀ ယောက်ကို လူထုရှေ့မှာ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ၃ ယောက်ကိုတော့ သေဒဏ် ပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေက တနင်္သာရီတိုင်း ထားဝယ်မြို့ နယ်ထဲက မောထ စစ်ကောင်စီ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
KNU တပ်မဟာ ၃ အုပ်ချုပ်နယ်မြေ ခလယ်လွီထူခရိုင် လယ်ဒို မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်မှုတွေကြောင့် အရပ်သား ပြည်သူ ၂ ယောက်သေဆုံးပြီး ၉ ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
မွန်ပြည်သစ်ပါတီ (အာဏာရှင် တိုက်ဖျက်ရေး - NMSP-AD) နဲ့ မွန်ပြည် ဖက်ဒရယ်ကောင်စီ ( MSFC) တို့ စစ်ရေး၊ နိုင်ငံရေး အပါအဝင် ကဏ္ဍအသီးသီးမှာ ပူးပေါင်းသွားမယ်လို့ ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမှာ အဓမ္မစုဆောင်းခံရတဲ့ ပြည်သူ့စစ် တစ်ယောက် ရှေ့တန်းမှာ သေဆုံးခဲ့ပြီး အလောင်းပြန်မရတဲ့ အကြောင်းကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 267)
ဧပြီလ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေး မြို့ကို သိမ်းပိုက်နိုင်ဖို့ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ချင်းအ မျိုးသား အဖွဲ့ချုပ် - CNO က ထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို (KIA) နဲ့ ပူးပေါင်းတပ်တွေက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်လိုက်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ယောက်ချိုကွင်း ကျေးရွာထဲကို စစ်တပ်က ဝင်ရောက်တပ်စွဲပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ လာရောက် တိုက်ခိုက်တဲ့ အတွက် ဒေသခံ ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်။
သတင်းပေးပို့ချက်ထဲမှာတော့ အချိန်ခါမဟုတ် မိုးရွာသွန်းမှုကြောင့် ကရင်နီပြည်ရှိ စစ်ရှောင်စခန်းတွေမှာ နေအိမ်အမိုးအကာတွေ ပျက်စီးခဲ့ပြီး အကူအညီတွေ လိုအပ်နေတဲ့အကြောင်းကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 266)
ဧပြီလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတဲ့ ခါမ်းပါတ်မြို့နဲ့ စော်ဘွားရေရှည်ရွာ ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ပြည်သူ ၅ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ကင်းထောက်လေယဉ်တွေ ညတိုင်းနီးပါး ပျံဝဲနေတဲ့အတွက် မော်ချီးဒေသခံနဲ့ လုပ်ငန်းရှင် တွေက စိုးရိမ်နေကြပါတယ်။
ဦးဟင်နရီဗန်ထီးယူကို ဒု သမ္မတ အဖြစ်ကနေ အနားပေးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ သုံးလကျော်ကြာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ခုနစ်သောင်းကျော် ဆက်ပြီးစစ်ဘေးရှောင်နေကြရတယ်လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်း(Pa-O Youth Organization)က ထုတ်ပြန်ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ စစ်ကောင်စီဟာ ကရင်နီလူမျိုးစုတွေအပေါ်မှာ လူမျိုးတုန်း သတ်ဖြတ်မှုတွေ ကိုဆက်ပြီး ကျူးလွန်နေတယ်လို့ ကရင်နီလူ့အခွင့်အရးအဖွဲ့ (KnHRG) ကပြောဆိိုလိုက်တဲ့အကြောင်းကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 265)
ဧပြီလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ရခိုင်ပြည်နယ်မှာ လူမျိုးရေး ပဋိပက္ခ ဖြစ်အောင် စစ်ကောင် စီက လုပ်ဆောင်လာနေတယ်လို့ NUG က ပြောပါတယ်။
ချင်းပြည်နယ်၊ ဟားခါးမြို့က ဘုရားကျောင်းတွေထဲမှာ လူ ငါး ယောက်ထက် ပိုပြီး မစုကြဖို့ စစ်ကောင်စီက အမိန့်ထုတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ မေတ္တာမြို့နဲ့ အနီးဝန်းကျင်က ကျေးရွာတချို့က ရွာသားတွေဟာ နှစ်လ ကျော်ကြာတဲ့အထိ နေရပ်ပြန်လို့ မရသေးဘဲ စစ်ဘေးရှောင်နေကြရပါတယ်။
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီက ကြည်းတပ်အပြင် ရေတပ် သင်္ဘောပေါ်ကနေလည်း လက်နက်ကြီးတွေနဲ့ ပူးပေါင်း ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ဆီဆိုင်မြို့နယ်ထဲက တောတွင်းတစ်နေရာမှာ စစ်ဘေးရှောင် အမျိုးသမီး တစ် ယောက်ကို စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့ပေမယ့် ထွက်ပြေးလွတ် မြောက် လာခဲ့တဲ့ အကြောင်းကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 264)
ဧပြီလ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- မြစ်ကြီးနား အကျဉ်းထောင် ဆူပူမှုပစ်ခတ်နှိမ်နင်း ခံရတဲ့အတွက် အကျဉ်းသား ၄ ယောက် သေဆုံးပြီး ၁၀ ယောက်ထက် မနည်းထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
ဆီဆိုင်မြို့နယ် ပုံလောင်းရွာနားမှာ ပအိုဝ်းဒေသခံ နှစ်ယောက်ကို စစ်ကောင်စီတပ်က စစ်ဆေး မေးမြန်းမှုမလုပ်ဘဲ ပစ်ခတ်ခဲ့ရာ တစ်ယောက်သေပြီး တစ်ယောက်ကတော့ လွတ်မြောက်ခဲ့ ပါတယ်။
ထားဝယ်အကျဉ်းထောင်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူ ၁၁ ယောက်ထဲ နိုင်ငံရေးအကျဉ်းသူတစ်ယောက်ပဲ ပါတယ်လို့ အကျဉ်းဦးစီးဌာန အရာရှိတစ်ယောက်က ပြောပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးအလွန် အပစ်ခတ်ရပ်စဲရေး ဟိုင်ဂင်သဘောတူစာချုပ်လက် မှတ်ထိုးပြီးနောက်ပိုင်း အရပ်သား ၃၃ ယောက် သေဆုံးပြီး ၈၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသမီး အဖွဲ့အစည်း TWO က ထုတ်ပြန်ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ လက်ရှိ ခုခံတော်လှန်စစ်ဟာ ကောင်းမွန်တဲ့ ရလဒ်တွေကိုမြင်ရပေမယ့်လည်း တစ်ဖက်မှာတော့ ပြည်သူလူထု တွေရဲ့ စားဝတ်နေရေး အခက်အခဲဟာ ပိုပြီးကြီးမားလာတဲ့အတွက် ပြည်သူ လူထုတွေရဲ့ ဒုက္ခတွေကို အမြန်ဆုံး ပပျောက်အောင် ကြိုးစားကြဖို့လိုတယ်လို့ NUG ယာယီသမ္မတ ပြောလိုက် တဲ့အကြောင်းကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 263)
ဧပြီလ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- မြဝတီမြို့ကို ပြန်လည်ရရှိဖို့အတွက် ထိုးစစ် ဆင်လာတဲ့ စစ်ကောင်စီတပ်ဟာ လမ်းမှာ တိုက်ခိုက်ခံရပြီး ၁၀၀ ကျော်သေဆုံးသွားတယ်လို့ KNU က ပြောပါတယ်။
ရှမ်းပြည်နယ် ၊ ပင်လောင်းမြို့ ကို ရောက်ရှိနေတဲ့ ကရင်နီစစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ အကူအညီ အရေးပေါ်လိုအပ်နေပါတယ်။
စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီးသွားပါတယ်။
NUG အနေနဲ့ အာဏာရှင်စနစ် အမြစ်ပြတ် ဖြုတ်ချရေး၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး တို့အတွက် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့ လက်တွဲဆောင်ရွက် သွားမယ်လို့ NUG ယာယီ သမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ တောင်ကြီးမြို့က လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန (လဝက) ရုံး မှာ စမတ်ကတ် လုပ်နေသူတွေဆီကနေ ဝန်ထမ်းတွေက ငွေကြေးအမြောက်အများ တောင်းခံနေတဲ့ အကြောင်းကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 262)
ဧပြီလ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
အကျဉ်းထောင် အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ/အကျဉ်းသား ၃၃၀၃ ယောက် ကို မြန်မာ့နှစ်ဆန်း ၁ ရက်နေ့ ဒီနေ့မှာ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင် စီတပ်က အရပ်သား ၅ ယောက်ကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်မှုထမ်း ဥပဒေကို အသုံးချပြီး က ပြည်သူတွေကို ခြိမ်းခြောက် ငွေညှစ်တဲ့ ကျုံပျော်မြို့နယ်က အုပ်ချုပ်ရေးမှူး တစ်ယောက် ပစ်သတ်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စစ်ရေး အခြေ အနေကြောင့် နွေဦးတော် လှန်ရေးနဲ့ တိုင်းရင်းသား လွတ် မြောက်မှု တော်လှန်ရေးတို့က တစ်သားတည်း ပေါင်း စည်းနိုင်ခဲ့ပြီလို့ အမျိုးသား ညီညွတ် ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောဆိုလိုက်တဲ့အကြောင်းကို ကြားကြရမှာပါ။
From the publisher's feed
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.