Sign up to save your podcasts
Or

သတင်းထုတ်လွှင့်ချက် - (EP - 291)
ဇွန်လ ၆ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်မှုကြောင့် ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ အသက် ၉ နှစ်ကျော် အရွယ် ကလေးငယ်တစ်ယောက် သေဆုံးပြီး ပြည်သူ ၁၇ ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
ထွက်ပြေးတိမ်းရှောင်နေတဲ့ ဆီဆိုင် ဒေသခံတွေအနေနဲ့ ရွာကို ပြန်မလာရင် နေအိမ်တွေကို မီးရှို့မယ်လို့ စစ်ကောင်စီ တပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNO က ပြောပါတယ်။
ဝိုင်းမော်မြို့နယ်ထဲက စစ်ဘေးရှောင်အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုး အကာတွေလည်း အရေးပေါ် အကူညီလို အပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် နေအိမ်က ပစ္စည်းတွေ ခိုးယူခံနေရတယ်လို့ ဝိုင်းမော် စစ်ဘေးရှောင်တွေက ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ လွိုင်ကော် အကျဉ်းထောင်က ထောင်တွင်း ကျန်းမာရေ စောင့်ရှောက်မှု အခြေ အနေ အကြောင်းကို သတင်းပေးပို့ချက်ထဲမှာ ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 290)
ဇွန်လ ၅ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- KNU တပ်မဟာ ၅ နယ်မြေထဲမှာ မေလအတွင်း တိုက်ပွဲ ၁၀၇ ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖက်က ၆၀ ခန့်သေဆုံးခဲ့တယ်လို့ KNU မူတြော်(ဖာပွန်) ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ကံမြင့်ကုန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၁၂ နှစ်အောက် ကလေးတစ်ယောက်အပါအဝင် ဒေသခံ ၆ ယောက်သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
ကယားပြည်နယ် လွိုင်ကော် အကျဉ်းထောင်ကနေ အကျဉ်းသား ၆ ယောက် လွတ်လာတယ်လို့ နိုင်ငံရေး အကျဉ်းသားများ အစည်းအရုံး KPPA က မနေ့က ထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါမှာတော့ မနေ့က မြေရှားသတ္တုတူး ဖော်တဲ့ လုပ်ကွက်တစ်ခု မြေပြိုကျခဲ့ပြီး တရုတ်နိုင်ငံသား ၄ ယောက် အပါအဝင် လူ ၂၀ ကျော် ပျောက်ဆုံးနေတယ်လို့ ပန်ဝါဒေသခံတွေက ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှမ်းဘာသာနဲ့ ရေးထိုးထားတဲ့ ကျေးရွာအဝင် ဆိုင်းဘုတ်တွေကို တအာင်းဘာသာနဲ့ အစားထိုးတာဟာ ဒေသခံတွေရဲ့ သဘောထား မပါဝင်တဲ့ အကြောင်း သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 289)
ဇွန်လ ၄ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- လားရှိုးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူစစ်အဖွဲ့တွေ ပူးပေါင်းပြီး ဒေသခံ ခရီးသွားတွေဆီကနေ အကြောင်းအမျိုး မျိုးပြပြီး ငွေကြေးတောင်းခံမှုတွေကို ပြုလုပ်နေတယ်လို့ ခရီးသွားတွေက ပြောပါတယ်။
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ထဲက ကျေးရွာတွေမှာ တပ်စွဲ နေထိုင် ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့က ရွာသား ၁၀ ယောက်ထက် မနည်းကို သတ်ဖြတ်ခဲ့ပြီး နေအိမ်အလုံးရေ ၅၀ ကျော်ကို မီးရှို့ ဖျက်ဆီး သွားခဲ့ပါတယ်။
ထားဝယ်မြို့နယ်ထဲက စစ်ကောင်စီတပ်ရင်းတစ်ခုကနေ ထွက်လာတဲ့ အိမ်စီးကားတစ်စီး ပစ်ခတ်ခံရပြီး ဗိုလ်ကြီး တစ်ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်က ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး ပြည်နယ်ရဲ့ လူဦးရေ ထက်ဝက်နီးပါးခန့် စစ်ဘေးရှောင်နေရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ထုတ်ပြန်ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ လူငယ်ပြုပြင်ရေး စခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းခံ ထားရ တဲ့ အသက်မပြည့်သေးတဲ့ အမျိုးသမီးတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့အကြောင်းကို ကြားကြ ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 288)
ဇွန်လ ၃ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- စစ်အာဏာသိမ်း ၃ နှစ်ကျော် ကာလအတွင်း စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် ကရင်နီပြည်နဲ့ ဖယ်ခုံမြို့နယ်ထဲက အရပ်သားပြည်သူ ၅၀၀ ကျော်သေ ဆုံးခဲ့ရပါတယ်။
ဗျိုင်းဖြူကျေးရွာက ပြည်သူတွေ အစုလိုက် သတ်ဖြတ်ခဲ့တဲ့အပေါ် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွား မယ်လို့ အာရက္ခတပ်တော် (AA) ကထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲက ဒေသခံ ၃၀ နီးပါး သေဆုံးခဲ့ပါတယ်။
ပင်လောင်းမြို့နယ်ထဲက စစ်ဘေးရှောင် တစ်သောင်းခန့်ဟာ စားနပ်ရိက္ခာ ပြတ်လပ်နေပြီး လက်ရှိမှာ အကူအ ညီတွေလို အပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ သူတွေက ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နောင်ကားရွာမှာ ပအိုဝ်းပြည်သူ့စစ် (PNA) က စစ်မှုထမ်း လူစား ထိုးစရိတ်အတွက် ငွေကြေး ကောက်ခံနေတဲ့အကြောင်း သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 287)
မေလ ၃၁ ရက်၊ ၂၀၂၄ ခုနှစ်။
"Lose and Hope" ရုပ်ရှင် ဒါရိုက်တာ ဂျွန်မီယာ နဲ့ ဆက်သွယ်မေးမြန်းချက်။
ကရင်နီပြည်နယ်ရဲ့ ပထမဆုံး တော်လှန်ရေး ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ "Lose and Hope" ကို Karenni's Arts Creation - KAC က ကမကထပြုပြီး ရိုက်ကူးခဲ့ပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားကို KAC တာဝန်ခံ ဂျွန်မီယာ က ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးခဲ့ပါတယ်။
ဒါရိုက်တာ ဂျွန်မီယာဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ဗဟို မိုင်းဌာနမှာ ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ပြီး အဲဒီနောက်မှာတော့ သူတတ်စွမ်းတဲ့ အနုပညာနဲ့ ဆက်ပြီး တော်လှန်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားဟာ ကရင်နီပြည်အတွက်ရော သူ့အတွက်ရော ပထမဆုံး ဇာတ်ကား ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီ Lose and Hope ရုပ်ရှင်ဇာတ်ကားက တစ်ခြား တော်လှန်ရေးဇာတ်ကားတွေထက် ဘာတွေပိုပြီး ထူးခြားနေတာလဲ။ ဘာကြောင့် ဒီရုပ်ရှင်ကို ရိုက်ဖြစ်ခဲ့တာလဲ။ရိုက်ကွင်းအတွေ့အကြုံတွေ၊ ဘယ်လိုစိန်ခေါ်မှုတွေကြားက စွန့်စားပြီးရိုက်ကူးခဲ့ရတာလဲ ၊ဘယ်နေရာတွေမှာပြသနေပြီလဲ ၊ဘယ်နေရာတွေမှာဆက်ပြီးပြသဖို့ရှိနေသလဲ စတာတွေကို ဒီဇာတ်ကားရဲ့ ဒါရိုက်တာ ဂျွန်မီယာကို ကိုပီတာ က ဆက်သွယ်မေးမြန်းထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 286)
မေလ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- ဗမာတိုင်းရင်းသားတွေနဲ့အတူ လက်တွဲပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်သွားဖို့ အသင့်ရှိတယ်လို့ KNU က ပြောဆိုလိုက်ပါတယ်။
မြဝတီ-ဘားအံ သွားလာနေတဲ့ တောလမ်းတွေကို ကရင်ငြိမ်းချမ်းရေး ကောင်စီ KNU/KNLA-PC က ပိတ်လိုက် တယ်လို့ ကားသမားတွေက ပြောပါတယ်။
ဝိုင်းမော်မြို့နယ် အင်ဂန်းကျေးရွာမှာ စစ်ဘေးရှောင်နေရတဲ့ စစ်ဘေးရှောင် ၇၀၀ အတွက် သောက်သုံးရေ လိုအပ်မှု ရှိနေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ တပ်စွဲထာတဲ့ ချင်းပြည်နယ် မတူပီမြို့က ခရိုင်ရုံးကို CDF မတူပီ တပ်ရင်း ၂ က သိမ်းပိုက်လိုက်ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ အကျဥ်းထောင်တွေက အမျိုးသမီးနိုင်ငံရေး အကျဥ်းသားတွေ အပေါ် လူ့အခွင့်ရေး ချိုးဖောက်ခံနေမှု အခြေအနေအကြောင်းကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 285)
မေလ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- လွိုင်ကော်မြို့ အနီးရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ကရင်နီတော်လှန်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေပါတယ်။
-မြန်မာအပေါ်နိုင်ငံတကာရဲ့အရေးယူ ပိတ်ဆို့မှုတွေကို ပြန်ရုတ်သိမ်းပေးဖို့ စစ်ကောင်စီကို ထောက်ခံတဲ့ နိုင်ငံ ရေးပါတီတွေက တောင်းဆိုလိုက်ပါတယ်၊
-ကချင်လွတ်လပ်ရေး တပ်မတော် KIA က စစ်ဦးစီးချုပ်အသစ် ခန့်အပ်လိုက်ပါတယ်။
-ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ယာဉ်တန်းကို ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA က မနေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ SSPP က ထုတ်ပြန်ပါတယ်။
-သတင်းပေးပို့ချက်ထဲမှာတော့ ကရင်နီပြည်၊ လွိုင်ကော်မြို့ အကျဉ်းထောင်မှာ စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီးဌာနက ရိက္ခာ လျှော့ ချလိုက်ပြီးနောက် ရောဂါဖြစ်ပွားသူ အရေအတွက် အယောက် ၂၀ ကျော်ရှိလာ တယ်လို့ ထောင်နဲ့နီးစပ်သူတွေ က ပြောတဲ့ အကြောင်း သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 284)
မေလ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အထွက်မှာ ပိတ်မိနေတဲ့ အလုပ်သမားတွေနဲ့ ဒေသခံပြည်သူတွေထဲက ၂၅ ယောက်ထက်မနည်း ထိမှန်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ချင်းပြည်နယ်ထဲမှာတော့ ဘာသာရေး အဆောက် အအုံ အလုံးရေပေါင်း တစ်ရာကျော် ထိမှန်ပျက်စီးခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ထုတ် ပြန်ပါ တယ်။
ထားဝယ်ခရိုင် သရက်ချောင်းမြို့ မြို့မရပ်ကွက်ရှိ သံတံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့ဝင် လေးယောက်ထက် မနည်းသေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီရဲ့ ဖု့ချီးမူ တပ်စခန်း ကို KNLA၊ PDF နဲ့ ဒရုန်းပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက်နိုင်ပြီလို့ အထူးစစ်ဆင် ရေးတပ်ဖွဲ့ - SOF က ထုတ်ပြန်ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ စစ်ကောင် စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) ပူးပေါင်းတပ်တွေက လူမရှိတော့တဲ့ နေအိမ်တွေထဲက အဖိုးတန် ပစ္စည်းတွေကို ခိုးယူပြီး ပြန်လည်ရောင်း ချနေတဲ့ အကြောင်း သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 283)
မေလ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ယောက်သေဆုံးပြီး တစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက နောင်တာလောကျေးရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့ အတွက် ကလေးငယ်တွေ အပါအဝင် ဒေသခံ လေးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA က ဆီဆိုင်မြို့နယ်ထဲမှာ လူနေအိမ် အလုံး ၄၀ ကျော်ကို ဖျက်ဆီးခဲ့ပြီး ပြည်သူ တစ်သောင်းခွဲကျော်လည်း စစ်ဘေးရှောင်နေကြရပါတယ်။
တအာင်းတပ် PSLF/TNLA က ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ တအာင်းပြည် ပညာရေးကောင်စီ - TLEC က ဆရာ/ဆရာမ တစ်ထောင်ကျော် သင်တန်းဆင်းခဲ့ကြပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ် ဘော်ဆိုင်းမှာ သတ္တု တူးဖော်နေတဲ့ တရုတ်နိုင်ငံသား နှစ်ယောက်ကို ဟဲဟိုးမြို့ နယ်မြေရဲစခန်းက ဝင်ရောက် ဖမ်းဆီးသွားခဲ့တယ်ဆိုတဲ့ အကြောင်းကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 282)
မေလ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။
ကရင်နီလူမှု အသင်းအဖွဲ့များကွန်ရက် (KCSN) ညှိနှိုုင်းရေးမှူး ခူးကိုရယ် နဲ့ ဆက်သွယ်မေးမြန်းချက်
ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက် KCSN က ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က ကရင်နီပြည်နယ်နဲ့ ရှမ်း-ကရင်နီ နယ်စပ်က အရပ်သားပြည်သူတွေအပေါ် စစ်ကောင်စီတပ်က အကြောင်းမဲ့ သတ်ဖြတ်တာတွေ အပါအဝင် တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ ထုတ်ပြန်ချက်ထဲမှာ ဧပြီလ ၈ ရက်နေ့ကနေ မေလ ၅ ရက်နေ့အထိ ကရင်နီနဲ့ ရှမ်း-ကရင်နီနယ်စပ်က အရပ် သားပြည်သူ ၁၆ ယောက်ကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေကို ဘယ်လိုသတ်ဖြတ်ခဲ့တာလဲ၊ ဘာကြောင့် သတ်ဖြတ်ခဲ့တာလဲ၊ ဒေသခံ ပြည်သူတွေအပေါ် စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ဘာကြောင့် ဆက်လက် ဖြစ်ပွားနေ တာလဲ စတာတွေ အပါအဝင် စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကရင်နီလူမှု အသင်းအဖွဲ့များကွန်ရက် (KCSN) ညှိနှိုုင်းရေးမှူး ခူးကိုရယ်ကို ကိုပီတာက ဆက်သွယ်မေးမြန်းထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
From the publisher's feed
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.